"ဒေါ်နုရေ ပျိုရော"
"ဟော စုစုတို့ပါလား လာကြ လာကြ ဒီမှာ သားလည်းရောက်နေပြီး"
"အော် ဟုတ်"
စုစုအပါအဝင် ပိုပိုနှင့် နွာ်တို့ပါ အိမ်ထဲဝင်လာရင်း ဧည့်ခန်းထဲ၌ထိုင်နေသော ကိုလူချောကိုတွေ့လိုက်ရ၍ အို့တို့အန်းတန်း ဖြစ်သွားရသည်။
"သာစရေ ဒါက သမီးငယ်သူငယ်ချင်းတွေလေ ဒီဘက်ကစုစု အလယ်ကပိုပို နောက်တစ်ယောက်ကနွယ်တဲ့"
"အော် တွေ့ရတာဝမ်းသာပါတယ်"
"ဒီကသားနာမည်က သုခမင်းမြတ် သမီးတို့ကိုဒီနေ့လိုက်ပို့မှာလေ"
"ဟုတ်ကဲ့ ကျေးဇူးပါနော် "
သုခဘက်မှအေးဆေးစွာပြုံးပြ၍ နှုတ်ဆက်လာသည်မို့ ပိုပိုတို့သည်လည်း လိုက်လျောညီထွေဖြစ်စေရန် သွား၃၂ချောင်းလုံးပေါ်သည်ထိပြုံးပြမိကြသည်။
"အော် ဒါနဲ့ပျိုရော ဒေါ်နု"
"ညည်းတို့သူငယ်ချင်းကတော့ အခန်းထဲမှာ ရှိနေလေရဲ့ သမီးတို့ကိုစောင့်နေတာဖြစ်မယ် ကဲ သွားခေါ်လိုက်ကြအုံး"
"ဟုတ်ကဲ့ ဒေါ်နု သွားလိုက်အုံးမယ်နော်အကို"
"အင်"
သုခ သုံးယောက်လုံးကိုရယ်ပြလိုက်ပြီး လက်နှစ်ဖက်ကိုပွတ်ရင်း သူ့မဟေသီလေးပါအလာကိုစောင့်မျှောလို့နေမိသည်။
ဒေါက် ဒေါက်...
"ပျိုရေ ငါတို့ဝင်ခဲ့မယ်နော်"
"အေ"
စုစုတို့အခန်းထဲရောက်သွားစဉ် အိပ်ယာပေါ် အရုပ်ပိုက်၍ ဖုန်းထိုင်နှိပ်နေသော ပျို့အားတွေ့လိုက်ရသည်။
"ဟယ် ပျို ဘာမှလည်းမပြင်ဆင်ထားဘူး ၁၀နာရီသွားပါမယ်ဆို နင်ကလဲ"
"ငါမှမသွားချင်တာ မလိုက်ဘူး နသ်တို့နဲ့ သူနဲ့ပဲသွား"
မျက်နှာတစ်ခုလုံး ဆူပုတ်ကာ သူမတို့ဆီအာရုံမရဘဲ ဖူန်းကိုသာအာရုံစိုက်နေသော ပျိုကြောင့် စုစုမှ ပျို့အနားသွားထိုင်ကာ ဖုန်းကို ဆွဲလုလိုက်သည်။
"စုစု အစုတ်အပဲ့မ ဖုန်းပြန်ပေးနော်"
"မပေးဘူး သွား ပြင်တော့ အရှေ့မှာ ဟိုအကိုစောင့်နေတာ အားနာစရာကြီး"
YOU ARE READING
ရွှေဖူးစာ ဆုံရာဝယ်
Romanceနယ်မြို့လေးမှ အိမ်မှာအငယ်ဆုံးသမီးလေး သံလွင်ပျို ရန်ကုန်မြို့ကြီးမှ မြို့သားကိုလူချော သုခမင်းမြတ် မထင်မှတ်ပဲ တွေ့ဆုံမှုတစ်ခု....