အခန်း (၁)

1.1K 35 1
                                    

   Unicode
              
    မိန်းကလေးတစ်ယောက်လမ်းလျှောက်လာနေသည်။အချိန်က ည ၉ နာရီကျော်လောက်။ခဲရောင်ကွင်းထိုးဖိနပ်ကိုစီးထား၏။sweatshirt အပြာနုရောင်နဲ့ jean ပွတစ်ထည် တွဲဝတ်ထားတဲ့ပုံစံက ကြည့်ရတာပေါ့ပါးနေသလို။။။။။
    ထိုမိန်းကလေးသည် အသက် နှစ်ဆယ်ကျော် ဝန်းကျင်လောက်ဖြစ်မည်။ကျောလယ်ခန့်ရှိတဲ့ ဆံပင် အညိုရောင် ၊ ခပ်လတ်လတ် အသားအရေနဲ့ ပုံမှန်ထပ် အနည်းငယ်မြင့်သည်ပြောရမလောက် အရပ်အမောင်း ၊ နှာတံစင်းစင်း မျက်နှာသွယ်သွယ် ၊ မနည်းလွန်းမများလွန်း မျက်ခုံးမွှေးအောက်က မျက်လုံးလှလှလေး ၊ ပုံစံမကျတကျ နှုတ်ခမ်းပုံစံနဲ့ ကောင်မလေးတစ်ယောက် ဖြစ်၏။ အိတ်တစ်လုံးကိုလည်းလွယ်ထားသည်။သူမ နာမည် လိပ်ပြာ ။
    "ဝါး ...ဒီည ကြယ်တွေစုံသားပဲ " ကောင်းကင်ကြီးကို မော့ကြည့်ရင်းပြော၏ ။မိုးပေါ်မော့ကြည့်လိုက် ရှေ့ကြည့်လိုက်နဲ့ လမ်းလျှောက်လာရင်း တစ်နေရာရောက်တော့ ..
    "ဟင် ... အဘိုးတစ်ယောက်ပါလား"
    လမ်းဘေးတစ်ဖက်က ပလက်ဖောင်းပေါ်မှာ အဘိုးကြီးတစ်ယောက် ငုတ်တုတ်ထိုင်နေသည်။လက်နှစ်ဖက်ကို ‌အနောက်ဖက်မှာထောက်ထားရင်း ကြယ်များကိုမော့ကြည့်နေခြင်း။
    "ဘယ်ကအဖိုးလဲမသိဘူး။ငါတစ်ခါမှဒီနားမှာမမြင်ဖူးပါဘူး"
   ပါးစပ်က တိုးတိုးရွတ်ရင်းနဲ့ ထိုအဖိုးကြီးကို ဖြတ်ပြီးလျှောက်သွား၏ ။သူမ အနည်းငယ်စွေကြည့်လိုက်တော့ ထိုလူကြီးမှာ ဖိနပ်မစီးထား။ခြေဘလာနဲ့ ထိုင်နေတာ။ကြယ်တွေကိုပဲကြည့်နေပြီးသူမကိုလည်းမကြည့်။လိပ်ပြာ လည်း ဒီအတိုင်းဆက်လျှောက်လာလိုက်သည်။ ညအချိန်ဆိုတော့ ဘယ်သူ့ကိုမဆိုသတိထားရမည်မလား။
    "ကျွစ်" လမ်းလျှောက်နေရင်းမှ ကျွစ်တစ်ချက်သတ်ပြီး ခြေလှမ်းများကိုရပ်လိုက်သည်။ အဖိုးရဲ့ခြေဗလာကို ပြန်ကြည့်လိုက်ပြီးနောက် ကိုယ့်ဖိနပ်ကို ကိုယ်ငုံ့ကြည့်လိုက်ရင်း ..
    "နည်းနည်းတော့သေးနေမယ်ထင်တယ်"
ရေရွတ်လိုက်ပြီး ထိုအဖိုးကြိးဆီကို ဖြည်းဖြည်းချင်း ပြန်လျှောက်သွားလိုက်၏။
    "အဖိုး ဒီဖိနပ်ကိုစီးသွားလိုက်ပါလား"
ခပ်လှမ်းလှမ်းကနေ ဖိနပ်ချွတ်ပေးလိုက်သည်။ ထိုအဖိုးကြီးသူ့ကို ကြည့်လာပြီးနောက် ..
    "ညည်းကရော"
    "သမီးအိမ်က ရှေ့ဆိုရောက်ပြီ "
    အဖိုးက ခေါင်းညိတ်သည်။
    "အဲ့ဒါဆို လှူခဲ့ပါဦး။ အဖိုး ဖိနပ်မပါဘူး"
    "ဟုတ်ဟုတ် ။ နည်းနည်းတော့သေးမလားမသိဘူး"
    "ရတယ်။"
    လိပ်ပြာ လည်း ဖိနပ်ကို လက်နဲ့ကိုင် ၊ အဖိုးရှေ့မှာ ချပြီး အမြန်ပြန်လှည့်ထွက်လာလိုက်၏။
    "ကျေးဇူးတင်တယ်နော် ငါ့မြေး ။"
    "ဟုတ်ကဲ့ ရတယ်ရှင့်"
    သူမ ကိုကြည့်ရင်း ထိုအဖိုးကြီး ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ထို့နောက် ဖိနပ်ကိုထိုးစီးရင်း ကြယ်များကို ပြန်‌မော့ကြည့်နေတော့ သူမလည်း ဖိနပ်မပါ ခြေဗလာ နဲ့ ခပ်သွက်သွက် လျှောက်ပြန်သွားတော့လေ၏ ။။။  
         🔹🔹🔹🔹🔹
               
     ခြံတံခါးကို ပြန်ပိတ် အိမ်ထဲဝင်လိုက်တော့ ရနံ့ ကဧည့်ခန်းစားပွဲမှာ laptop တစ်လုံးနဲ့ ထိုင်နေသည် ။ လိပ်ပြာ ကိုမြင်တော့ တစ်ချက်ပြုံးပြပြီး သူမ ခြေထောက်ကို ကြည့်၏။ ဘားမှတော့မပြော ။
   ရနံ့သာ နဲ့ လိပ်ပြာ နဲ့က အခန်းဖော်များဖြစ်ကြသည်။လိပ်ပြာ  က နယ်ကနေတက်လာတာဖြစ်ပြီး ရနံ့ က အိမ်ကနေဆင်းလာတာ။အိမ်ပိုင်ရှင်က လိပ်ပြာရဲ့ အဒေါ် ။ဒေါ်အိခိုင် ။ အိမ်က သာမန်နှစ်ထပ်တိုက်လေး ။အရင်ကတော့ ဒီအိမ်မှာ အိမ်ငှားထားတာဖြစ်ပြီး အိမ်ငှားမရှိတော့တာ တစ်လလောက်ပဲရှိသေးသည်ပေါ့။အရင်အိမ်ငှားနဲ့ ဗြုတ်စဗြင်းတောင်းတွေဖြစ်ထားတော့ စိတ်ရှုပ်သည်ဆိုပြီး အိမ်ငှားခဏ မရှာသေးတာ။ သူမ ကျောင်းပြီးပြီးတော့ ဟိုလိုလို ဒီလိုလို ဖြစ်နေတဲ့အချိန် ဒီအိမ်နားက mini mart မှာအလုပ်ခေါ်တာကြောင့် သူ့အဒေါ်က လောလောဆယ် ဒါကိုပဲ လျှောက်ကြည့်ပါလား ရခဲ့ရင်ဒီအိမ်မှာ နေပြီးလုပ် ။ပြီးမှအဆောင်ရှာ ဆိုပြီး ခေါ်ထားခဲ့ခြင်း ကြောင့် ရောက်လာခဲ့ခြင်း။
    ရနံ့ ကတော့ ဒီအိမ်က အခန်းဖော်ရှာနေတာ ဆိုပြီးရောက်လာခဲ့တာ။ ဒေါ်အိခိုင် ကလည်း အိမ်ငှား မထားခင်လေး ဘယ်လောက်ရလည်းဘယ်လောက်ပေါ့ သူ့တူမလည်း အဖော်ရတယ်ဆိုပြီး ရနံ့ ကို တမင် အခန်း‌ဖော်ရှာ‌နေတယ်ဆိုပြီးလက်ခံခဲ့ခြင်း။
    အိမ်ပြန်ရောက်ပြီးခဏနေတော့ ခြေလက်ဆေး ၊မိုင်လို တစ်ခွက်ဖျော် ပြီးတော့ လိပ်ပြာ အခန်းထဲဝင်သွားလိုက်တော့သည်။
    "ငါ ဒီလ ဘာဝယ်ရင်ကောင်းမလဲ ။ ဘားမှမဝယ်ပဲ ဒီတိုင်းစုထားလိုက်ရမလား "
    မရသေးတဲ့ လစာကို ဝေခွဲမရဖြစ်နေသည်။
    "တော်ပါပြီ ။ အဆောင်ရရင် ပိုက်ဆံက ကုန်ဦးမှာ ။ သုံးဖို့မတွေးနဲ့စမ်း.....ဟူး ။ စကွင်းတွေကဲမယ် ။ပြီးရင်အိပ်မယ် ။ Good "
    လိပ်ပြာ  Milo ခွက်ကို အကုန်မော့ချ ၊ skincare အဆင့်တစ်ချို့လုပ်ပြီးတော့ အိပ်ယာထဲ ဝင်တိုးလိုက်တော့သည် ။ နာရီက ဆယ်ခွဲ ။။။
    "ဒေါက် ဒေါက် ဒေါက်"
    တံခါးခေါက်သံကြောင့် သူမ မျက်လုံးပွင့်လာ၏။အသံက ပြတင်းပေါက်ကနေလာနေတာ ။
    "ဒေါက် ဒေါက် "
    "ဘယ်သူလဲ "
    "ဝင်လာမယ်နော်" ယောကျာ်းလေးတစ်ယောက်အသံ။
    "ဘယ်သူလဲ ။ မဝင်လာနဲ့နော်"
    ပါးစပ်ကလည်းပြောရင်း အိပ်ယာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ မိုင်လို ခွက်ကို ကောက်ကိုင်လိုက်သည် ။
    "ဝှီးးးးးး"
    ဂျက်သေချာ ချထားတဲ့ ပြတင်းပေါက်က ရုတ်တရတ် ပွင့်သွား၏။အလွန်ကိုမွှေးပျံ့ တဲ့ အနံ့တစ်ခုဝင်လာသည်။ မွှေးလွန်းတာကြောင့် မင်သက်မိသွားသည်အထိ။။။
    "ဖိနပ် ပြန်လာပေးတာပါ။"
    "အာ းးး"
    လူဝင်လာတာ မတွေ့ရဘဲ အသံက သူမဘေး စားပွဲခုံပေါ်ကနေ ထွက်လာတာကြောင့် လန့်ဖျတ် ထအော်ပြီး လှည့်ကြည့်လိုက်တော့ .....
    ယောကျာ်းလေး တစ်ယောက် ။လက်ပိုက်ပြီး စားပွဲပေါ်မှာထိုင်နေသည်။ အပြစ်ပြောစရာမရှိအောင်ချောလွန်းလှ၏ ။ထိုလူနားမှာ အလင်းတစ်ခုခုကလဲ ရှိနေသလိုမျိုး။။။
    "ဘ ....ရှင် ဘယ်သူလဲ"
    "ညကတွေ့ခဲ့တဲ့အဖိုးကြီးလေ"
    "မဟုတ်တာတွေမပြောနဲ့။ရှင် အခုမထွက်သွားရင် .... ခွက် .... ခွက်နဲ့ ထုမှာနော်"
    "အဟက်" ထိုယောကျာ်းက ရယ်သည်။
    သူမလည်း လက်ထဲက ခွက်နဲ့ အလစ်ကောက်ရိုက်လိုက်တော့ ....
    "ဝှစ် ...." မျက်စိရှေ့ကပျောက်သွား၏ ။
     စားပွဲပေါ်ကနေ ပြတင်းပေါက်နားကိုတန်းရောက်သွားတဲ့ ထိုလူကို မြင်လိုက်ရတော့ လိပ်ပြာလွှင့်မတတ်ဖြစ်သွားရတော့သည်။။။။။။။

KYOE  ( ကြိုး )Where stories live. Discover now