အခန်း (၂၇)

94 13 0
                                    

Unicode
         
    နှစ်ရက် ......
    ပြောရရင် မနက်ဖြန် တစ်ရက်ပဲကျန်တော့တာ။မနက်ကလည်း သူ့ဘေးမှာပဲ လိုက်ကပ်နေဖြစ်ခဲ့ပြီး အခုအလုပ်ကပြန်တော့လည်း သူ့ဘေးမှာပဲ လိုက်ကပ်နေဖြစ်ခဲ့သည်။မနက်ဖြန်တော့ အလုပ်နားမည်။တတိယမြောက်အနမ်းဟာ ရကိုရလာရမည်။။။။
    "ပူတူး ... ဒီနေ့ဘာဖြစ်နေတာလဲ ။ ကိုယ့်နားအရမ်းကပ်နေသလိုပဲ " အကြောင်းရင်းကိုမသိတဲ့သူ့အတွက်ကတော့ ထူးဆန်းနေမှာပဲပေါ့ ။
    "ချစ်လို့လေ"
    သူမ အဖြေကို သူ အူယားသွားသည်။နဖူးကို ငုံ့နမ်းလိုက်၏။မတော်တဆ သာဖြစ်ရင် ‌ဘယ်လောက်ကောင်းမလဲ ။။
    "တအားတွေ ဖား။မပူပါနဲ့ အခုမဖားလည်း ရက်ပြည့်ပြီးသွားလို့ ကိုယ့်ဆီရောက်လာပြီး ရင် ချက်ချင်းအဖြေပြန်ပေးမှာပါ ။ မနေ့ညက ကိုယ်ထပ်ရေးထားတဲ့ ထဲမှာ ထိုကောင်မလေး propose လုပ်လာရင် ချစ်တယ်လို့ ချက်ချင်းအဖြေပြန်ပေး။ကျန်တာနောက်မှစဉ်းစား ။ တဖြည်းဖြည်း နားလည်လာလိမ့်မယ် ဆိုပြီးရေးထားတယ် "
    အဲဒီ့စာတွေသာ မပျောက်သွားရင် ဘယ်လောက်ကောင်းမလဲ ။
    "အဟက် ... နဲနဲပါးပါးတောင် မမူတော့ဘူးပေါ့"
    "မမူပါဘူး ။ မတော်လို့များ ကိုယ်က မူနေခဲ့ရင်တောင် နရင်းအုပ်လိုက်နော်"
    "အဟားဟား ..."
   သူမ ရီပစ်လိုက်မိသည်။
   သူလည်း လိုက်ရီ၏။
    "သီချင်းဆိုပြလေ"
    "အခုလား"
    "အင်း"
    "အိုခေလေ ဂစ်တာသွားယူဦးမယ်"
    သူက အခန်းရှေ့အထိ လိုက်လာ၏။ဂစ်တာဝင်ယူတော့မည်လုပ်နေတဲ့သူမကို ..
    "ဪ ပူတူး .. ခဏ"
    ခေါ်သံကြောင့် အနောက်ပြန်လှည့်လိုက်တဲ့ သူမ ...
    ခဏတာ ငြိမ်သက်သွားရသည်။
   သူမအနောက်မှာ နီးကပ်လွန်းစွာရပ်နေတဲ့ သူနဲ့  နဖူးပေါ် ဆတ်ခနဲ့ ကျလာတဲ့ အထိအတွေ့ ။ သူမအတွက် အများကြီး ရင်းနှီးနေပြီးသားအထိအတွေ့ .....
    ပြီး သွားပြီ ။ တတိယမြောက်အနမ်း ။
တကယ်ကြီး နမ်းမိသွားပြီ ။ အခုလေးတင် ။အခု လေးတင်ပဲ ။။။
    ထခုန်ပစ်ချင်နေသည်။ခန္ဓာကိုယ်တစ်ခုလုံးက အားအပြည့်ဖြစ်သွားသလိုမျိုး ။။။။
    "ပူတူး။ဘာဖြစ်လို့လဲ "
    "ဟင် ။ ဘာ .. ဘားမှမဟုတ်ပါဘူး"
    "အင်း။ရုတ်တရတ်ကြီး ငြိမ်သွားလို့ "
    "ဟင် ... ဒီ .. ဒီတိုင်းပါပဲ ။ ဒါနဲ့ .... ခုနကခေါ်တာဘာပြောမလို့လဲ ဟင် "
    "ဪ ... ခေါက်ဆွဲပြုတ်အရင်စားကြမလားမေးမလို့ ။ ပူတူးက ခုနက ခေါက်ဆွဲပြုတ်စားချင်တယ်ပြောထားလို့လေ "
    "ဪ ... ဟုတ် ။ ရတယ်လေ ။ စားမယ် ။ ပူတူးပြုတ်မယ်။အကိုက ငြိမ်ငြိမ်လေးထိုင်စောင့် "
    သူမ ချက်ချင်းကြီး သွက်လက် တက်ကြွသွားသည်။ခုနကနဲ့တခြားဆီ ။
    "ဒါဆို ကိုယ်က coffee ဖျော်လိုက်မယ်"
    "အာ ... နေ ... နေ ။ပူတူးပဲ လုပ်လိုက်မယ် ။ကိုက ငြိမ်ငြိမ်လေး ထိုင်ပါ အော် ...."
    "အဟက် .. "
    သူ့ကို အတင်းငြိမ်ငြိမ်ထိုင်ခိုင်းပြီး သူလုပ်မယ် တကဲကဲလုပ်နေတဲ့ သူမကို ကြည့်ပြီး ထူးဆန်းသွားရသည်။အမယ် ... သီချင်းလေးတောင် ညီးနေသေးတာပဲ ။ မနက်ဖြန်တစ်ရက်ပဲ ကျန်တော့တာမို့ သူ့ကို မပျော်ပျော်အောင် တမင်လုပ်ပြနေတာလား ??
    "ပူတူး"
    "ဟင် .."
    "ကိုယ့်ရှေ့မှာ ဟန်ဆောင်စရာမလိုဘူးနော် ကလေး ။ အရှိအတိုင်းပဲနေ "
    "ဟင် .. ဘာကိုပြောတာလဲ "
    သူ့ကိုတောင်ပြန်မေးနေသည်။ဘာကိုပြောတာလဲတဲ့ ။။။။။
    ဒါဆို သူမ တကယ်ပျော်နေတာလား။
    "ဘားမှ မဟုတ်ပါဘူး။ ဒီတိုင်းပြောတာ"
    "ဟုတ်  ကဲ့  ပါ"
    ဟုတ်ကဲ့ပါ ဖြေပြီး တကယ့်ကို သွက်လက်ပေါ့ပါးစွာနဲ့ ခေါက်ဆွဲပြုတ်ဖို့ လုပ်ဆောင်နေပါတော့သည်။
    လိပ်ပြာ ... တော်တော်လေး စိတ်လက်ပေါ့ပါးသွားသည်။ပြီးပြီ။ Mission Complete . ကျန်တာ သူမ ကြိုးစားဖို့ပဲ ကျန်တော့သည်။သူမ ကတိပေးထားတဲ့အတိုင်း သူ့ဆီကိုရောက်အောင်သွားမည်။တနည်းမဟုတ်တစ်နည်းနဲ့ ရအောင်ကြိုးစားမည်။အနဲဆုံးတော့ နဲနဲပဲဖြစ်ဖြစ် သူမအပေါ်မှာ ခံစားချက်ရှိခဲ့မယ်ဆိုရင်တောင် သူမ ကြိုးစားလိုက်ရင် အဲ့ဒါလေးကို အခြေတည်ပြီး တိုးတက်မှုတော့ရှိလာမှာပါ ။ သူ့ကိုယုံသည်။ ပြီးတော့ .... ပျော်သည် ။
         
         🔹🔹🔹🔹🔹🔹
   
     ဒီနေ့ .... ၄၅ ရက်မြောက်နေ့ ...
    သူမတို့နှစ်ယောက် တစ်နေကုန် အတူရှိနေခဲ့ကြ၏။စကားတွေ အများကြီးပြောဖြစ်ကြသည်။ တစ်ခါခါလည်း နှစ်ယောက်လုံးငြိမ်ကျသွားကြတာ။
   နာရီကို ကြည့်တော့ ည ၁၁ နာရီ ခွဲ။
   Sofa ပေါ်မှာ စောင်တစ်ထည်နဲ့ ပူးကပ်ထိုင်နေသူနှစ်ယောက်က သူမနဲ့ သူ ။
    "ဒီပုံအတိုင်းဆို မနက်နိုးလာတဲ့အချိန်ကျရင်တော့ ကိုယ်တွေးနေတော့မှာ ။ ဟာ ဒီကောင်မလေးနဲ့ ဘာလို့အတူတူရှိနေရတာလဲ ။ ညတုန်းက ဘာတွေဖြစ်ခဲ့လို့လဲဆိုပြီးလေ "
    "အင်း "
    "အင်း ။ အဲ့ဒီ့မှာ ပူတူးလေ မမှတ်မိဘူးလား ။ အကို့ကောင်မလေးလေ ဆိုပြီးတော့ ပူတူးကပြောမယ်ပေါ့ ။ အဲ့ဒါနဲ့ ကိုယ်က ... ဘာတွေလာပြောနေတာလဲ အခွင့်အရေးမယူနဲ့နော် ဆိုပြီးပြောရော ။ ပြီးရင် အူကြောင်ကြောင်နဲ့  အိမ်ပေါ် တက်သွားမယ်ပေါ့ ။အဲ့မှာ ပူတူးက ကိုယ်နဲ့အတူ လိုက်လာပြီး စာအုပ်ကိုပြ ။ ရေးထားတာတွေကို ပြပြီး ပြန်ရှင်းပြမှာ။ကိုယ်လည်း အဲ့ဒါတွေဖတ်ပြီးသွားတော့ ဒီကောင်မလေး ညာနေတာတော့မဟုတ်ဘူးပဲ ။ ချစ်စရာလည်းကောင်းတယ် ။စာအုပ်ထဲမှာလည်း ချက်ချင်း အဖြေပြန်ပေးလိုက် ကျန်တာနောက်မှစဉ်းစားဆိုပြီး ရေးထားတယ်ဆိုပြီး အဖြေပေးလိုက်ရော .."
    "အယ် ... ပူတူးက လိုက်ရှင်းပြတုန်းပဲရှိသေးတာလေ ။ အဖြေမှမတောင်းသေးတာကို"
    "မတောင်းလည်း ပေးမှာကွာ  ..."
    နှစ်ယောက်လုံး ရီလိုက်မိသည်။ထို့နောက် တုနှိုင်းခက ငြိမ်ကျသွား၏။
    "လိပ်ပြာ အရမ်း ပင်ပန်းမှာပဲနော်။ အများကြီးလိုက်ရှင်းပြရမှာ ။ ကိုယ်က အင်တင်တင် လုပ်နေသေးရင်လည်း ထပ်ကြိုးစားပေးရမှာ "
    "အရမ်းပင်ပန်းလာရင်လည်း နရင်းအုပ်လိုက်ရုံပဲပေါ့ ဘာတတ်နိုင်မှာလဲ "
    သူမ ပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်မိသည်။ အခုချိန်မှာ သူ့ကို အများကြီးမတွေးစေချင်တော့ပါ။ပြီးတော့ စည်းကမ်းချက်အတိုင်းလည်းလုပ်ပြီးပြီ။သူ့ကိုလည်း ...
    သူ့ကိုလည်း ယုံတယ်။
    တုနှိုင်းခ သူမ ခေါင်းလေးကို ကိုင်ပြီး သူ့ပုခုံးပေါ် မှီချစေလိုက်ရင်း ...
    "ဒီည တော်တော်နဲ့မအိပ်ပဲနေရအောင်"
    "အွန်း ..."
    "ဪ .. တစ်ခုမေးစရာရှိတယ် ။ ပူတူးကကော ကိုယ့်ကို ဘယ်လိုကစပြီး သဘောကျသွားတာလဲ "
    "ဘယ်လိုလဲဆိုတော့ ...."
    သူမ သံရှည်စွဲပြီးပြောသည်။
    "ဟိုးအစကနေ စပြောပြရမလား ။ အစက ကို့ကို ကြည့်မရခဲ့ဘူး ။ ကို့ပုံက ဇီဇာကြောင်မဲ့ ပုံကြီးလေ ။ပြီးတော့ .. shaming လုပ်တာတော့မဟုတ်ဘူး နော်။ အဟီး .. ဆံပင်ကြီးကလည်း ထူပွပွကြီးဆိုတော့ ဘာကြီးလဲလဲပေါ့ ။ အဲ့လိုဖြစ်နေတဲ့ အပြင်ကို ပဲနို့ လည်းကြိုက်တော့ ပူတူးက ပဲနို့ကို ကလေးသောက်တဲ့ ဟာလောက်ပဲ တွေးထားတာကိုး အဲ့ကျတော့ ဝွန်း... ပေါ့ "
    "အဟက် ..ဟက်"
    "အဲ့အပြင်ကို လက်ကောက်ကလည်း ကို့ဆီကိုမှရောက်သွားတာလေ။အဲ့အချိန်ကဆို လူကို တကယ် ဘာဖြစ်သွားလဲမသိဘူး။ငါတော့သွားပါပြီ ။အဲ့လူက ငါ့နားရောက်ရောက်လာတော့မှာဆိုပြီး တော်တော် စိတ်ပျက်ခဲ့တာ"
    "အခုတော့ ချစ်သွားတယ်လား"
    "အင်း"
    သူမခေါင်းကို တစ်ချက် နမ်းရှိုက်လိုက်သည်။ထို့နောက် ...
    "ဆေးဆိုင်ကအငယ်လေးကို ကျေးဇူးတင်ရမှာပဲနော်။ပူတူးနဲ့ တွေ့ရအောင် သူလုပ်ပေးတာလို့ပြောလို့ရတယ် "
    "ဟုတ်ပနော်"
    "နောက်ကျမှ ပဲနို့သွားတိုက်ရအောင်"
    "သူ ပဲနို့မကြိုက်ဘူး "
    "ဟုတ်လား"
    "အင်း"
    "အင်း .. ဒါနဲ့ဆက်ဦးလေ။ကြည့်မရ နေရင်းကနေ ဘယ်လို သဘောကျသွားတာလဲဆိုတာ"
    "ဘယ်ကစလဲတော့ သေချာမပြောတတ်ဘူး။ အကိုနားမှာရှိနေတုန်း ရင်ခုန်လာတတ်တာကို သတိထားမိခါမှ အယ် ... ဆိုပြီး ငါဘာဖြစ်တာလဲ စတွေးမိတာ "
    "အင်း"
    နာရီလက်တံ ရှည်က ၁၂ နားကို အရမ်းနီးကပ်လာနေသည်။တုနှိုင်းခ မျက်လုံးများစင်းလာ၏။
    "အင်း ... လူတစ်ယောက်ကိုချစ်ဖို့ကထူးဆန်းတယ်နော် "
    "အင်း .."
    အင်း ပဲဖြေနေတာမို့ သူမ သူ့ကို ကြည့်ကြည့်တော့ အိပ်ငိုက်နေပြီဆိုတာကို တွေ့ရသည်။နာရီကိုကြည့်လိုက်၏။တစ်ခုခုကို ရိပ်မိလာသလိုပဲ ။။။။
    လိပ်ပြာ .. သူ့ကို မနိုးမိပါ ။
    သူ့မျက်မှန်ကို ချွတ်ပေးလိုက်၏။
    ရှင်းလင်းနေတဲ့ မျက်နှာကို ငေးနေမိတော့ မျက်ရည်များက ပါးပေါ်ကနေ လှိမ့်ဆင်းလာကြသည်။
    ကိုယ့်ဖက်က လုပ်စရာရှိတာတွေကို လုပ်ထားပြီး‌ပေမဲ့ ၊ သူ့ကိုလည်းယုံပေမဲ့ ၊တကယ်တန်း ကြုံလာရပြီဆိုတော့ တစ်ခုခုကို ကြောက်နေသလိုမျိုး။
    မျက်ရည်များကို သုတ်ပြီး သူ့နဖူးကို ခပ်ဖွဖွ နမ်းလိုက်သည်။ပြီးနောက် သူ့ပုခုံးပေါ်မှာ ပြန်မှေးစက်ရင်း ။။
    ၁၂ နာရီ စွန်းစွန်းအချိန်လေး။
    အိပ်ပျော်နေသော လူနှစ်ဦး။
    ပြုတ်ကျနေတဲ့ လက်ကောက်လေးတစ်ခု။
    အမွေးရနံ့တစ်ခုနဲ့အတူ ထိုလူသားနှစ်ယောက်နားကို ရောက်လာတဲ့ ခပ်ချောချောပုဂ္ဂိုလ် တစ်ယောက် ရှိနေပါသည် ။။။။။
    
         🐾🐾🐾🐾🐾🐾🐾
 

KYOE  ( ကြိုး )Where stories live. Discover now