အခန်း (၇)

132 15 1
                                    

Unicode
                
     "ဪ .... ဒါဆို ကံတရားများဖြစ်နေမလားပဲ"
    "မသိတော့ပါဘူး ။ လိပ်ပြာတော့ စိတ်ညစ်တာပဲသိတယ် ။ ဪ ပြီးတော့ တစ်ခုမေးစရာရှိသေးတယ် ။ ဒီနေ့သူ အဲ့လက်ကောက်ကို ဝတ်ပြီးပြီးချင်းပဲ လိပ်ပြာ မေ့လဲသွားတယ် ။ ဒါပေမဲ့ မူးတာတွေ ဘာတွေမရှိပဲနဲ့လေ ၊ အိပ်ပျော်သွားသလိုပဲ ။ အဲ့ဒါဘာလို့လဲ "
    "နီးစပ်သွားအောင် လုပ်ပေးတာမျိုး တစ်ခုခုနေမှာပေါ့ "
    တိမ်ခိုး စကားကြောင့် လိပ်ပြာ မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက်..
    "နတ်သားက လက်ကောက်ပိုင်ရှင်ဖြစ်ပြီး ဘားမှလဲ သိတာမရှိဘူးကော "
    တိမ်ခိုး မလုံမလဲ ဖြစ်သွား၏ ။ ဒီလက်ကောက်ဘယ်ကရလာလဲ သူအသိဆုံးကိုး ။
    "အဟမ်း မင်းတို့လူသားတွေ နားမလည်နိုင်တာတွေ ရှိသေးတယ် ။ ဒါနဲ့ နေပါဦး ။ဒီနေ့ ငါ့ကိုမကြောက်တော့ဘူးပဲ "
    "ဪ ဘယ်သူလဲသိနေပြီဟာကို ။ ပြီးတော့ နတ်သားကို ကြောက်တာထပ် ပို စိတ်ညစ်ရမဲ့ ကိစ္စ ရှိလာပြီလေ "
    "မင်းက သူ့ကို အဲ့လောက်တောင် မကြိုက်ဘူးလား "
    လိပ်ပြာခေါင်းညိတ်၏ ။
    "ဘာလို့လဲ"
    "မသိဘူး ။ လိပ်ပြာ ကြည့်မရဘူး ။ ဘယ်လိုကြီးလဲ မသိဘူး ။အကျင့်တွေက ထူးဆန်းတယ်။ ဆံပင်ကလည်း ထူးဆန်းတယ် ။ ပြီးရင် ပဲနို့ကလည်း ကြိုက်သေးတယ် ။ အလကားနေရင်း shaming လုပ်နေတာတော့မဟုတ်ပါဘူး ။ ဒါမဲ့ လိပ်ပြာ စိတ်ထဲ အဆင်မပြေနေဘူး "
    "ကျန်တာထားပါတော့ ။ ပဲနို့ကြိုက်တာက ဘာဖြစ်နေလို့လဲ ။"
    "ထူးဆန်းလို့လေ ။ သူ့ကိုကြည့်ရတာ တော်တော်ကြိုက်ပုံပဲ ။ သူ့အရွယ်ကြီးနဲ့ ပဲနို့ အဲ့လိုကြိုက်တာ မျိုး သိပ်မမြင်ဖူးလို့ ထူးဆန်းတယ်လေ"
    "အင်း ။ တစ်ဖက်လူက အဲ့လောက်ကြီးလဲမဟုတ်ပါဘူး ။ မင်းစိတ်ထဲမှာကိုက မကြိုက်ဘူးဆိုတာမျိုး စွဲနေလို့ဖြစ်ရမယ်"
    တိမ်ခိုးက မျက်စိမှိတ်ပြီး တစ်ခုခုကို မြင်နေရပုံမျိုးနဲ့ပြောသည် ။
    "နတ်သားက သူ့ပုံကို မြင်ရတာလား"
    "မင်းတို့ ဖြစ်ခဲ့တာတွေကိုလည်း မြင်ရတယ် "
    "အဲ့ဒါဆိုရင်လေ ဘာဆက်ဖြစ်လာနိုင်လဲ လိပ်ပြာကိုပြောပြပါလား "
    သူမမျှော်လင့်တကြီးနဲ့မေး၏ ။ တိမ်ခိုးက သူ့ကို တစ်ချက်ကြည့်ပြီး မျက်စိမှိတ်လိုက်သည် ။ ထို့နောက် ...
    "မနက်ဖြန်ကျရင် .."
    "ဟုတ်ကဲ့ မနက်ဖြန်ကျရင် ??"
    မျှော်လင့် တကြီး နားထောင်နေတုန်း ..
    "တစ်စုံတစ်ခု ဖြစ်လာလိမ့်မယ်"
    "ဟင် ..." ထိုစကားပြီးတာနဲ့ တိမ်ခိုး ပျောက်သွား‌သည် ။
    " နတ်သား ! ကျွစ် .. ပျောက်သွားပြန်ပြီ ။ တစ်စုံတစ်ခုဖြစ်မှာကတော့ သူပြောမှသိမှာလားတဲ့ တကယ်ပါပဲ .... ဟူးးးးး"
    စိတ်ပျက်လက်ပျက်နဲ့ပဲ လိပ်ပြာ ပြတင်းပေါက်ကိုပိတ် ၊ အိပ်ယာထဲ ဝင်ခွေလိုက်တော့သည်။
    "အား အိပ်လို့လဲမရဘူး"
    တအောင့်ကြာတော့ စောင်ထဲကနေပြန်ထွက်လာ၏ ။ပြတင်းပေါက်ကိုပြန်ဖွင့် ဂစ်တာကိုဆွဲပြီး သီချင်းတအေးအေးနဲ့ ညည်းနေလိုက်ပါတော့သည်။ သူမရဲ့ အသံချိုချိုနဲ့ သာမန်ထပ်တော့ပိုသည်ဟုပြောနိုင်လောက်တဲ့ ဂစ်တာ တီးခတ်မှု skill ကို ပေါင်းစပ်လိုက်တော့ ညဟာ ပိုအသက်ဝင်သွားသလို ။။။
         
        🔹🔹🔹🔹🔹

KYOE  ( ကြိုး )Where stories live. Discover now