အခန်း (၈)

134 11 0
                                    

Unicode

                  8
   
    အမှန်တော့ ဒီအိမ်ရှေ့အထိရောက်လာပြီးမှ mart ဖက်ကို သူ ပြန်ထွက်သွားလိုက်တာဖြစ်၏ ။ ထိုကောင်မလေးရှိတဲ့ ထိုနေရာနဲ့ သူ အခုပြောင်းလာရတဲ့အိမ်က နီးနေတာကြောင့်စိတ်ထဲမှာတောင် ထူးဆန်းနေမိတာ ။ ရုတ်တရက်လည်း သူမကိုတွေ့ချင်လာတာကြောင့် သပ်သပ်မဲ့ mart ကိုသွားလိုက်ခြင်း ။ သို့ပေမဲ့ ထိုကောင်မလေးကို မတွေ့ခဲ့ရပါ ။ ဒါပေမဲ့လည်း လေ ... အခုကျတော့ သူမက သူ့မျက်စိရှေ့မှာ ။။။။
    မမျှော်လင့်ထားတာကြောင့် တော်တော်လေးအံ့ဩမိပြီး ပျော်လည်းပျော်သွားသည်။အခု သူမကို ရပ်ကြည့်မိနေပြီး သူမကလည်း သူ့ကိုရပ်ကြည့်နေတာ မျက်လုံးအဝိုင်းသားနဲ့ ။
    "ဟို .. ဒီအိမ်မှာနေတာလား"
    တုနှိုင်းခက စမေးလိုက်သည်။
    လိပ်ပြာ ဆတ်ခနဲခေါင်းညိတ်၏။ထို့နောက် ...
    "ရှင်ကကော "
    "အပေါ်ထပ်ကိုပြောင်းလာတာ "
    "အပေါ်ထပ်ကို... ဘယ်လို ?? အပေါ်ထပ်ကိုပြောင်းလာတာက မိန်းကလေးမဟုတ်ဘူးလား "
    တုနှိုင်းခ ခေါင်းခါ၏။မျက်လုံးကလည်း သူမရဲ့ ဆံပင်တွေဆီကို ကြည့်မိသွား ခြင်းနဲ့အတူ စကားတစ်ခွန်းကခုန်ထွက်လာသည်။သူ့မျက်မှန်ကို ပင့်တင်လိုက်ရင်း ...
    "ဆံပင်မှာ ခေါက်ဆွဲဖက် ကပ်နေတယ်"
    ဖက် !! စိတ်ကူးထဲမှာတော့ သူ့ပါးသူ ပြန်ရိုက်ပြီးပြီ။သူမ ရှက်သွားနိုင်တာကို မပြောပဲထားလိုက်ရမှာ။ပါးစပ်ကလဲ ဒါမျိုးတွေမြင်ရင် မနေနိုင် ။
    "ဟင် " လိပ်ပြာလည်း ခေါင်းကို စမ်းကြည့်လိုက်တော့ တကယ်ပဲခေါက်ဆွဲဖက်ကပ်နေ၏။ ဒါကလည်း ဘယ်လိုဖြစ်လို့ တက်ကပ်နေရပြန်တာလဲ ။သူမလည်း ရှက်ရှက်နဲ့ ... 
    "ခေါက်ဆွဲ ဖက် ကပ်နေတာက ဘာဖြစ်လို့လဲ ။ ကိုယ့်ခေါင်းမှာကိုယ်ကပ်တာလေ ။ အိမ်မှာနေတာပဲ ဘာမှမှမဖြစ်တာ "
    အနိမ့်အမြင့်မရှိ တစ်သမတ်ထဲရွတ်နေတဲ့လေသံနဲ့ ပြောရင်း ပန်ကန်တွေကို ဘေစင်ထဲထည့်ရင်းနဲ့ အခန်းထဲကိုသာ ဝင်သွားလိုက်တော့သည် ။ တုနှိုင်းခကတော့ သူမကိုကြည့်ရင်း ငြိမ်လျှက်သား ။။။။
    "သူကတော်တော် စိတ်ကြီးတဲ့ကောင်မလေးပဲ"
    ပါးစပ်က ထိုသို့ရွတ်မိပေမယ့် ထိုကောင်မလေးကို သူ အပြစ်မမြင်မိနေပါ။ဒါကိုပဲ ကြည်နူးနေသလို ၊ ပျော်နေသလို ။ ရင်ခုန်နေတာတော့လည်းမဟုတ် ။ ဒီခံစားချက်တွေက သူ့အတွက်ထူးဆန်းနေသည် ။ မနေ့က ကော်ဖီဆိုင်ရှေ့မှာ သူ့ကို မြင်လိုက်ပြီး ကတည်းကဖြစ်သွားတာ ။ဘာလို့လဲလို့စဉ်းစားကြည့်မိရင် ခေါင်းကိုက်ချင်လာသလို ။။။။
    သူရပ်နေတုန်း ဒေါ်အိခိုင်က အပေါ်ထပ်ကနေဆင်းလာပြီး..
    ""ဪ သားရောက်လာပြီလား"
    "ဟုတ်ကဲ့ "
    "အင်း အန်တီ ပစ္စည်းတွေကိုတော့ ဒီတိုင်းပဲ စီချခိုင်းထားလိုက်တယ် ။ "
    "ဟုတ်ကဲ့ ။ ရတယ်ဗျ"
    ဒေါ်အိခိုင်က ခေါင်းညိတ်ရင်း ...
    "လိပ်ပြာရေ ...  လိပ်ပြာ"
    လိပ်ပြာ တဲ့လား ။ တုနှိုင်းခ စိတ်ထဲကနေ လိုက်ခေါ်မိသည်။
    သူမလည်း အခန်းထဲကနေ ပြန်ထွက်လာ၏။
    "လိပ်ပြာရေ သူ့နာမည်က တုနှိုင်းခတဲ့ ။အပေါ်ထပ်ကိုပြောင်းလာတဲ့သူ ။တစ်ခုခုလိုအပ်တာတွေရှိရင် ကူပေးလိုက်ဦးနော် "
    "ဟုတ် " မထွက်ချင်ထွက်ချင်အသံနဲ့ သူပြောသည် ။
    "သားသူက အန်တီ့တူမလေး ။ တစ်ခုခုအဆင်မပြေတာရှိရင် သူ့ကိုပြောလို့လဲရတယ်။"
    "ဟုတ်ကဲ့ဗျ" သူကတော့ နှစ်လိုဖွယ် ပြုံးပြရင်း ဖြေ၏။
    "ဒါဆိုအန်တီသွားတော့မယ် ။ လိပ်ပြာရေ ဒေါ်လေးပြန်တော့မယ်"
    "ဟုတ်ဟုတ် ။ ဖြည်းဖြည်းနော် ဒေါ်လေး"
    ဤသို့ဖြင့် ဒေါ်အိခိုင်ပြန်သွားလေတော့သည်။ လိပ်ပြာလည်း ခြံတံခါးလိုက်ပိတ် ပြီးနောက် အခန်းထဲပဲ ပြန်ဝင် လိုက်တော့၏။ထို့နောက် တံခါးပြန်ဖွင့်လာပြီး အပေါ်တက်နေပြီဖြစ်တဲ့ တုနှိုင်းခကို ..
    "အပေါ်မှာ နေရင် အသံကျယ်ကျယ်မထွက်အောင် နည်းနည်းသတိထားပေးပါနော်။ ကျေးဇူးပဲ"
    ဟုဆိုပြီးတံခါးကိုပြန်ပိတ်သွား‌လေ သည်။
    "အဟက် " သူရီလိုက်မိ၏။ ပြောသွားတဲ့ပုံက သူ့ကိုဈေးဝယ်သူနဲ့များမှားနေသလားထင်ရ ။။။။။။
         
       🔹🔹🔹🔹🔹🔹

KYOE  ( ကြိုး )Where stories live. Discover now