အခန်း (၁၀)

116 14 0
                                    

Unicode
                
    ကောင်လေးတစ်ယောက် တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေ၏။ဆံပင်တွေကို အနောက်ကိုသပ်တင်ထားပြီး cap ဦးထုပ်ကိုနောက်ပြန် ဆောင်းထားသေး။ဆံပင်တွေ ကျမှာ စိုးတာကြောင့် ။ ခပ်ပွပွဆံပင်တွေမရှိတော့ဘူးဆိုတော့ မျက်နှာရှင်းရှင်းက ပေါ်လွင်နေ၏။နာရီက‌ ည7:20 ။
    "မွှေးနေတာပဲ " ရနံ့ရောက်လာသည်။
    "စားလို့ရပြီ"
    "အိုးခေ ။ လိပ်ပြာကို သွားခေါ်ဦးမယ်"
    "ဒေါက် ဒေါက် ဒေါက် "
    လိပ်ပြာ အခန်းကို တံခါး‌ခေါက်လိုက်သည်။တံခါးပွင့်လာတော့ ...
    "ထမင်းစားရအောင် လိပ်ပြာ ။"
   လိပ်ပြာနှာခေါင်းထဲကို အသားပြုတ်ရည် တစ်ခုခုအနံ့က တိုးဝင်လာ၏။နဂို တံခါးပိတ်ထား တုန်းကလည်း အနံ့ရနေပေမယ့် အခုက ပိုမွှေး ။။ ဗိုက်ဆာလာသလိုရှိပေမယ့် ..
    "ရနံ့တို့စားနှင့်‌လိုက်ပါလား ။ လိပ်ပြာ မဆာသေးဘူး"
    "၇နာရီ ကျော်နေပြီလေ။တစ်ခါထဲလာစားလိုက်ပါ။ပြီးတော့ရှိတာမှသုံးယောက်ထဲကို။ဟင်းကလည်း သုံးယောက်စာ ချက်ထားတာ"
    "တကယ် လိပ်ပြာ ဗိုက်မဆာသေးလို့ပါ ရနံ့ရဲ့။ပြီးတော့ ခနနေမှ ကြက်ဥကြော် စားလိုက်မယ်လေ "
    ရနံ့က ဘားမှထပ်မပြော။သူမကို ဒီတိုင်းကြည့်နေ၏။ ထို့ကြောင့်သူမလည်း ...
    "အင်အင်။ အခုထွက်လာခဲ့မယ်နော် ။ခဏလေး"
    "အိုးခေ ။ ငါလဲ အခန်းထဲခဏလုပ်စရာလေးရှိသေးတယ် ။ သွားနှင့်နော် "
    လိပ်ပြာခေါင်းပဲညိတ်ပြလိုက်သည်။
    အစောနက coffee သောက်ထားတဲ့ခွက်ကိုကိုင်ပြီး ထမင်းစားပွဲကိုရောက်သွားတော့ စွပ်ပြုတ်ရည်တွေခူးထည့်နေတဲ့ တုနှိုင်းခကို မြင်ရ၏။သုံးခွက်ခူးထည့်နေတာ။တစ်ယောက်တစ်ပန်းကန်။ထိုလူ အလုပ်လုပ်တာ သပ်ရပ်သားပဲ ။ ရှုပ်‌နေတာ ဘားမှမရှိ။
    သူမ ထိုင်‌မလို လုပ်လိုက်ပြီးမှ မဟုတ်သေးပါဘူးလေ ဆိုပြီး ထမင်းထခူးသည်။ တုနှိုင်းခလည်း တစ်ချက်ကြည့်လိုက်ပြီး ဘားမှမပြော ။။။။
    ထမင်းတွေခူးပြီး coffee ခွက်ဆေးနေတဲ လိပ်ပြာရဲ့ ဘယ်ဖက်ဘေးမှာ ရပ်လိုက်သူက တုနှိုင်းခ ။လက်ဆေးဖို့စောင့်နေတာ ။ ထို့ကြောင့်သူမလည်း ခွက်မြန်မြန်ဆေး ၊ နေရာက ထွက်တော့မည်လုပ်ရင်း လှည့်ထွက်ပြီးခါမှ ဆပ်ပြာမပြောင်သလို ခံစားနေရတာကြောင့် ဘေစင်ဖက် ပြန်အလှည့် ။။။။။။။
    သူမ နေရာက ဖယ်ပြီဆိုပြီး သူကလည်း ဘေစင် ဖက်ကိုအတိုး ။။။။
    "အင့်"
    "........."
    နှစ်ယောက်လုံး ဆွံ့အသွားကြသည်။ တုနှိုင်းခ ရဲ့ နှုတ်ခမ်းများက လိပ်ပြာရဲ့ နှဖူးမို့မို့‌  လေး ပေါ်မှာ ။။။။။
    ထိမိတယ်ဆိုရုံလေး ။။။။
    "ခွပ် !!"
    သူမနှဖူးနဲ့ ကိုင်ထားတဲ့ခွက်နဲ့မိတ်ဆက်တဲ့အသံ ။။။။။
    ကိုယ် ကိုင်ထားတဲ့ခွက်ကိုမေ့သွားပြီး ကိုယ့်နှဖူးကိုယ် လက်နှစ်ဖက်နဲ့အုပ်လိုက်ခြင်းဖြစ်သည်။အလန့်တကြားနဲ့သူ့ကိုလည်း မော့ကြည့်မိ၏။
    "လိပ်ပြာ ။ အဆင်ပြေရဲ့လား "
    တုနှိုင်းခကတော့ မတော်တဆ အနမ်းတစ်ပွင့်ထပ် သူမနှဖူးနဲ့ ခွက်နဲ့ ရိုက်မိလို့ထွက်လာတဲ့ အသံကို ပိုဂရုစိုက်မိပုံရသည်။
မျက်ခုံးနှစ်ဖက်ပင့်လျက်သားနဲ့ ကြည့်‌နေ ပြီးဆေးမလို့ လုပ်ထားတဲ့ လက်နှစ်ဖက်ကလည်း အနည်းငယ်မြှောက်လို့ ။။။
    ထိုစဉ် ရနံ့ကလည်း အခန်းထဲကထွက်လာသည်။ဘားမှမပြောဘဲ ကျောက်ရုပ်လို ဖြစ်နေတဲ့ လိပ်ပြာကိုကြည့်ရင်းတုနှိုင်းခက ...
    "ရနံရေ ဒီကိုမလာခင် အပေါ်တက်ပြီး ငါ့ရဲ့ ခွက်လေးယူပေးဦး"
    "ကျစ် ... နဂိုထဲက ယူဆင်းလာတာ မဟုတ်ဘူး "
    ရနံ့ ပြောရင်းနဲ့ အပေါ်ကို တက်သွားတော့ လိပ်ပြာလည်း သူ့ရှေ့ကနေအမြန်လှည့်ထွက်ပြီး အခန်းထဲကို ဝင်သွားလေတော့သည် ။။။။
        
         🔹🔹🔹🔹🔹🔹
  
    "အခုဖြစ်သွားတာက ... သူက ငါ့နှဖူးကို မတော်တဆ နမ်းမိသွားတာလား ။ ဒါဆို ဟိုသုံးကြိမ်ထဲက တစ်ကြိမ် ပြီးသွားတာလား ။နောက်ထပ်နှစ်ကြိမ်များ မတော်တဆ ထပ်နမ်းမိခဲ့ရင် လေးဆယ့်ငါးရက်ကျော်တာတောင် သူက ငါ့နား ထပ်ရောက်လာဦးမှာလား ????? "
    ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်နဲ့ လိပ်ပြာ ရွတ်နေသည်။လက်ထဲမှာလဲ ခွက်က ကိုင်လျက်သား ။။
    ထို့နောက်ခေါင်းရမ်း၏။
    "မဟုတ်သေးပါဘူး ။ ငါက မတော်တဆဖြစ်အောင်ကြိုးစားတာမှမဟုတ်တာ ။ သူ့သူမတော်တဆဖြစ်တာပဲကို "
    ထပ်ရွတ်ပြန်သည်။ခုနလေးတင် ဖြစ်သွားတဲ့ မတော်တဆ နမ်းမိခြင်းရဲ့ အနမ်းက သူမ အတွက် ပထမဆုံး ယောက်ျားလေးတစ်ယောက်စီက ရတဲ့အနမ်းဆိုတာတောင် သတိထားမိရဲ့လားမသိပါ။ရင်ခုန် သွားခြင်း ရှက်သွားခြင်း ဆိုတဲ့ အရာတွေက မထွက်လာသေး။
    "လိပ်ပြာရေ့ ..."
    အောက်ထပ်ပြန်ရောက်လာတဲ့ ရနံ့ကလဲ လှမ်းခေါ်သည်။အပေါ်မှာခွက်သွားယူပေမဲ့ သူမလက်ထဲမှာလည်း ခွက်မပါလာခဲ့ပါ။အောက်မှာ ရောက်နေပြီးသားခွက်ကို တုနှိုင်းခက သပ်သပ် တက်ယူခိုင်းတာကိုး ။
    "လ.. လာပြီ "
    အခန်းထဲက ပြန်ထွက်သွားတော့ ဟိုနှစ်ယောက်က စားပွဲမှာ ထိုင်စောင့်နေပြီ။စားပွဲနား‌ကိုရောက်သွားတော့ ...
    "ထမင်းနဲနဲပဲစားကြနော် ။ စွပ်ပြုတ်များများသောက်" တုနှိုင်းခက ဘားမှမဖြစ်ထားသလိုပုံမျိုးနဲ့ပြော၏။ သူမ အနေရခက်မှာ စိုးလို့ဖြစ်မည်ထင်။
    ကြက်စွပ်ပြုတ်မွှေးမွှေးတစ်ဇွန်းကို ခပ်သောက်ကြည့်တော့ ...
    "ပူလိုက်တာ ... " ကယောင်ကတန်းနဲ့ မမှုတ်ပဲ ကောက်သောက်လိုက်တဲ့ လိပ်ပြာ လျှာကျက် သွားရသည်။
    "သတိထားလေ ။ ပူတယ်  ။ "
    သူကလည်း လှမ်းပြောလိုက်၏။
    "ဟုတ်ကဲ့ "
    ထို့သို့ဖြေပြီးနောက် ထမင်း ဆက်ငုံ့စားလိုက်သည်။လိပ်ပြာစားနေတာ တစ်ဝက်လောက် ကုန်သွား သည်အထိ စွပ်ပြုတ်နှစ်ဇွန်းသာ ခပ်သောက်ရသေးတဲတုနှိုင်းခက သူမကိုခပ်ပြုံးပြုံးနဲ့ ကြည့်နေ၏။ထို့ကြောင့်ရနံ့က သူ့ ခြေထောက်ကို တို့လိုက်ပြီး .....
    "စားလေ ... " လေသံနဲ့ပြောလိုက်သည်။
သူလည်း ထိုအခါမှ ထမင်းကောက်စားတော့ ၏။ သုံးယောက်လုံး စကားတစ်ခွန်းမှမထွက်ကြတော့ပါ ။။။။။
    စားသောက်ပြီးသွားတော့ ..
    "ဆေးဖို့က လိပ်ပြာလုပ်လိုက်မယ်နော်"
    ရနံ့ကလည်း ...
    "ငါလည်းဆေးမှာ" ဟုဆို၍ နှစ်ယောက်သား ဆေးကြောရေးလုပ်ငန်းလုပ်ကြ‌တော့သည်။အားလုံး လုပ်ပြီးသွားတော့ ရနံ့က သူ့အခန်းထဲ ပြန်သွား၏။ လိပ်ပြာက တုနှိုင်းခကို တစ်စုံတစ်ခုပြောဖို့လှည့်ကြည့်လိုက်ချိန် .....
    မျက်မှန်ကို ချွတ်ပြီး အင်္ကျီနဲသုတ်နေတဲ့ သူ ။။။။။
    ပွယောင်းယောင်းဆံပင်တွေကို သပ်တင်ထားလို့ ခပ်ရှင်းရှင်းလေးဖြစ်နေတဲ့ သူ့မျက်နှာကို ခုနကတည်းက သတိထားမိနေတဲ့သူမ ။ အခု မျက်မှန်ပါချွတ်ထားလို့ မြင်နေကျပုံနဲ့ တော်တော်လေးကွဲထွက်နေတဲ့ သူ့မျက်နှာကို ခဏ ‌စိုက်ကြည့်မိသွားသည်။သူ့နှုတ်ခမ်းများဆီ အကြည့်ရောက်မိတော့ ခုနက ဖြစ်ရပ်ကို ပြန်မြင်လာရပြီး အထိအတွေ့ကိုခံစားမိလာသလို..........လို။
    "ဟင် ... ဒါငါ့အတွက်ပထမဆုံး forhead kiss ကြီးပဲ"
    သူမအတွက်က ပထမဆုံးပါလား ဆိုတာအခုမှသတိရမိလာသည်။အနည်းငယ် ကျယ်လာတဲ့ မျက်လုံးနဲ့အတူ ရင်ဘတ်ထဲမှာလည်း ရုတ်တရတ် ပုရွက်ဆိတ် ကိုက်လိုက်သလိုမျိုး။‌ တစ်ခုပြီး တစ်ခုတွေးနေမိရာက တုနှိုင်းခ မျက်မှန်ပြန်တပ်လိုက်တဲ့အချိန်ကျမှ သတိပြန်ဝင်လာပြီး ...
    "ဟိုလေ။လိပ်ပြာတစ်ခုလောက်ပြောချင်လို့ "
    "အင်း .. ပြောလေ လိပ်ပြာ"
    အပြုံးမျက်နှာနဲ့ သူဖြေသည်။
    "နောက်တစ်ခေါက် ဟင်းချက်ရင်လေ လိပ်ပြာအတွက် ထည့်မချက်နဲ့တော့နော်။"
    "ဘာလို့လဲ ။လိပ်ပြာပဲ ပေါင်းစားချင်ရင် စားကြည့်ပေါ့လို့ပြောပြီးပြီလေ"
    "မဟုတ်ဘူး ။ အဲ့တုန်းက ထင်လိုက်တာက လိပ်ပြာချက်တဲ့ဟင်းတွေကို ပေါင်းစားမယ်လို့ထင်လို့ပြောလိုက်တာ"
    ဟုတ်သည်။ကြာကြာ‌မပေါင်းစားနိုင်အောင်တောင် ပေါက်ကရတွေ ချက်ဦးမည်ဟုတွေးထားတာလေ။
    "ဪ .. လိပ်ပြာက အလုပ်ရှိသေးတယ်လေ ။ ကျွန်တော်က အိမ်မှာပဲ ရှိနေမယ့်လူဆိုတော့ ရှေ့လျှောက် ကျွန်တော်ပဲ လုပ်ဖြစ်မှာ။လိပ်ပြာကတော့ အားတဲ့အချိန်မှချက်ပေါ့"
    "မဟုတ်သေးဘူးထင်တယ်။ ရနံ့ အတွက်ပဲချက်လိုက်ပါ။လိပ်ပြာကအရင်ကလိုပဲ စားလို့လဲ အဆင်ပြေပါတယ် ။ ရတယ် "
    "အဲ့လိုတော့လဲ မဟုတ်သေးဘူးလေ လိပ်ပြာ ရယ် ... ရယ်.."
    ရုတ်တရတ် သူက ရှေ့တိုးပြီးပြောတော့ သူမက အနောက်ကို အလန့်တကြားဆုတ်သွားသည်။ စကားများပါတန့်သွားရ၏။။။
    "မဟုတ်တာ။ နှစ်ယောက်စာပဲချက်လိုက်ပါ။ နော် ။ ဒီညအတွက်ကျေးဇူးပဲနော် ။ စားကောင်းပါတယ် ။ အခန်းထဲဝင်တော့မယ် "
    ဟူ၍ ခပ်သွက်သွက်ပြောသွားပြီးနောက် သူ့အဖြေကိုမစောင့်တော့ပဲ  ထိုနေရာမှလှည့်ထွက်သွားပါတော့သည်။ခုနကမတော်တဆ မျိုးထပ်ဖြစ်မှာ အဲ့လောက်တောင်ပဲကြောက်လား လိပ်ပြာရယ် ။။။။။။

KYOE  ( ကြိုး )Where stories live. Discover now