အခန်း (၂)

412 20 1
                                    

Unicode


"သ .. သရဲလား ။ အမျှ အမျှ အမျှယူနော် ။ ရနံ့ရေ !! ရနံ့ !! "
ပါးစပ်ထဲကထွက်သမျှအကုန် တရစပ်အော်ပြီး ပြောနေသော လိပ်ပြာ ကိုကြည့်ရင်း ထိုလူက...
"ကျစ် ... ရှူးးးးးးး ။ တိတ်တိတ် နေစမ်းပါဦး။ ပြောတာလေး ပြီးအောင်နားထောင်ဦးလေ။ မင်းတို့ လူသားမိန်းကလေးတွေတော်တော် အသံကျယ်တာပဲ"
"ကျွန်မတောင်းပန်ပါတယ် ။ မနက်လင်းတာနဲ့ ကုသိုလ်လုပ်ပြီးအမျှဝေပေးပါ့မယ် "
"အာလာ ...... ပြောတာနားထောင်ပါဦးဆို !"
စိတ်မရှည်စွာထွက်လာတဲ့ အသံဟိန်းဟိန်းကြောင့် သူမ အသံ တိတ်သွားရသည် ။
"ငါ့နာမည်က တိမ်ခိုး ငါက နတ်တစ်ပါးပဲ ။ ဒါပေမဲ့ လူ့လောကထဲမှာ ကျင်လည်နေတာတော့ကြာပြီ ။ လူတွေကို သူတို့ လိုအပ်နေတဲ့ အရာကို မြင်လာအောင် လမ်းပြပေးရတဲ့အလုပ်လုပ်တယ် ။ ဒီနေ့ အဖိုးအို တစ်ယောက်လို ဖန်ဆင်းပြီး လူတစ်ယောက်ကို လမ်းပြပေးဖို့ တာဝန်ကျလာလို့ ထိုင်စောင့်ရင်း ကြယ်ကြည့်နေတာကို မင်းက ဖိနပ် လာချွတ်ပေးသွားတယ်လေ ။ "
လိပ်ပြာ အံ့ဩစွာနဲ့ ဘားမှမပြောပဲကြည့်နေ၏။
"အဲဒီ့မှာ မင်းရဲ့ လစ်ဟာနေတဲ့ အရာတစ်ခုကို တွေ့ရတယ် ။ အဲ့ဒါ ချစ်ခြင်းပဲ ။ ဒါပေမဲ့ မင်းကိုကူညီဖို့တာဝန်မကျထားတော့ ချစ်ခြင်း ရဲ့သဘောကို မြင်သာလာအောင် ဖန်တီး လမ်းပြပေးဖို့မဖြစ်နိုင်ဘူး ။ ဒါကြောင့်‌ပစ္စည်း တစ်ခု လက်ဆောင်ပေးမယ် ။ ချစ်ခြင်းရဲ့ အရသာကို ရအောင် ရှာဖွေ ကြည့်ပါ။ မင်း လက်ပေး ...."
"ဟင့်အင်း ။ ဘယ်လိုယုံရမှာလဲ"
ခေါင်းခါပြီး ပြန်မေးတဲ့ သူမကို ....
"ရော့ ... တကယ်‌တွေ့ကြုံ လာရင် ယုံလို့ရတယ်ဆိုတာ သိလာလိမ့်မယ် "
"ရွှီးးးးး"။ ဆိုသောအသံနဲ့အတူ သူမရဲ့ ဘယ်ဖက်လက်မှာ friendship bracelet ပုံစံကြိုးလေးတစ်ခု ရစ်ပတ်လျှက်သားဖြစ်သွားသည် ။ ဝါးသားလေးများနဲ့ ထွင်းထားတဲ့ အသဲပုံ စီ ကြိုးလေး ။ ကြည့်လိုက်တာနဲ့ ရိုးရှင်းပြီးဆွဲဆောင်မှုတစ်ခုရှိနေသည် ။။။
"မင်း တစ်ယောက်ယောက်ကို အဲ့ဒါဝတ်ပေးလိုက်ရင် သူက မင်းကို ပြန်ချစ်လာလိမ့်မယ် ။ ဒါပေမဲ့ အချိန် အကန့်အသတ်က လေးဆယ့်ငါး ရက်ပဲ ။ အဲဒီ့အချိန်တွေပြီးရင် သူ့စိတ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားလိမ့်မယ် ။ ဒါပေမဲ့ ချစ်ခြင်း နဲ့ လူတွေရဲ့သဘောက နီးစပ်မှုတစ်ခုရှိရင် အရာထင်လာတတ်ကြတယ်မလား ။ ဒီလေးဆယ့်ငါးရက် အတွင်းမှာ သူ့ဖက်က မင်းအပေါ် ခံစားချက်တစ်စုံတစ်ရာ ရှိလာခဲ့မယ်ဆိုရင်တော့ သူ့စိတ်ပုံမှန်အတိုင်းပြန်ဖြစ်သွားလည်း မင်းကိုမြင်ရင် ပြန်ပြီးရင်ခုန်လာလိမ့်မယ်။ "
သူမ လက်ကောက် ကို ငုံ့ကြည့်လိုက်သည်။ထိုလူက ဆက်ပြော၏ ။
"နောက်တစ်ချက်ရှိသေးတယ် ။ အဲ့လိုပြန်ပြီး ရင်ခုန်လာရင် အတူရှိလို့ဖြစ်နိုင်ဖို့ မင်း အနေနဲ့ ကြိုးစားရမယ့်အရာ ။"
"ထပ်ပြီးဘာကြီးလဲ"
"အဟက် ။ မင်းကိုကြည့်ရတာ မယုံကြည်နေသလိုပဲ ။ မလိုချင်ရင်လည်းပြောလို့ရတယ်နော် ။ ပြန်ယူသွားမယ် "
သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်တက်လာပြီး ပြန်ယူမည် လုပ်နေတာကြောင့် ...
"မ ... မဟုတ်ပါဘူး ။ မေးကြည့်တာပါ။"
"ဟုတ်ပြီလေ ။အဲ့ဒါဆိုလည်း ဆက်ပြောမယ်။ မင်းကြိုးစားရမယ့်အရာက ဒီလက်ကောက်ဝတ်ထားတဲ့သူက မင်းရဲ့နဖူးကို မတော်တဆ သုံး ကြိမ်နမ်းမိအောင်ကြိုးစားရမယ် ။ "
"မတော်တဆ ?"
" အင်း ။ တကယ်လို့ မလုပ်နိုင်ခဲ့ဘူးဆိုရင် အချိန်ပြည့်သွားလို့ သူမင်းအပေါ်မှာခံစားချက်ရှိနေမယ်ဆိုရင်တောင် မင်းတို့ နီးစပ်ဖို့မဖြစ်နိုင်တော့ဘူး ။ မင်း ကိုမြင်လို့ပြန်ရင်ခုန်ပြီး နီးကပ်စွာ ရှိသွားပြီဆိုတာနဲ့ သူက ရင်ဘတ်အောင့်လိမ့်မယ် ... သေဆုံးရတဲ့အထိဖြစ်သွားနိုင်တယ် "
"ဟင် ... "
"အဲ့ဒါ ဒီပစ္စည်းရဲ့ စည်းကမ်းချက်ပဲ။ ကဲ ... နောက်တော့ ထပ်တွေ့တာပေါ့ ။ ငါသွားတော့မယ် ။ ဖိနပ်ထားခဲ့ပြီနော် ။ ကျေးဇူးတင်ပါတယ် ..."
"ဒီမှာ .... ဒီမှာ ... ကို တိမ်ခိုး"
ထိုလူတကယ်ပျောက်သွားတော့သည်။ သူမလည်း ချက်ချင်းကြီးအရမ်းအိပ်ချင်လာတာကြောင့် စောင်ဆွဲခြုံ ခေါင်းနဲ့ ခေါင်းအုံးကို ထိလိုက်ရင်း ...........။။။။။

KYOE  ( ကြိုး )Where stories live. Discover now