အခန်း (၂၉)

146 12 0
                                    

Unicode
  
     ဒီနေ့ တုနှိုင်းခရဲ့ ပစ္စည်းတွေ သိမ်းနေကြသည်။အိမ်က ရက်လည်းပြည့်တော့မှာဆိုတော့ သူ့ကျန်းမာရေး အခြေအနေအရ ဒီမှာမနေတော့ဘူးတဲ့လေ ။သူမရဲ့ အဒေါ်လည်း ရောက်နေတာမို့ အလုပ်သွားမယ်ဆိုပြီး အိမ်ကနေ စောထွက်ခဲ့၏။အခုဖြစ်နေတဲ့ ခံစားချက်ကိုပြောပါဆိုရင် ထုံပေပေကြီး ဖြစ်နေသည်။ရင်ထဲမှာလဲ ဟာလာဟင်းလင်းဖြစ်နေသလိုမျိုး။ ကိုယ်အားကော စိတ်အားကော ယုတ်လျှော့နေသလိုမျိုး ။။။။
    ထို ကော်ဖီဆိုင် ...
    ထို ကော်ဖီဆိုင်မှာပဲ ထိုင်နေခဲ့သည်။
    သူမရောက်ပြီး မကြာခင် သူမရဲ့ အနောက်မှာ ရောက်နေခဲ့တဲ့ တုနှိုင်းခကို သူမ မတွေ့မိခဲ့ ။
    အနောက်ကနေ လိပ်ပြာကို ကြည့်နေတဲ့ တုနှိုင်းခ ။ သူနဲ့ တစ်လကျော်ကျော် တစ်အိမ်ထဲနေခဲ့တဲ့ အခန်းဖော်လေး ။ ဘာလို့အချိန် တစ်လကျော်ကျော် ကုန်ခဲ့ပြီး မရင်းနှီးခဲ့ရတာလဲ ။။။။
    မဟုတ်ဘူး။ရင်းနှီးနေတယ်။ဒါပေမဲ့ ဘယ်လို ရင်းနှီးနေတာမျိုးကြီးလဲ။
    ဟိုးနေ့က ရင်ဘတ်အောင့်တာလည်း ဆေးရုံသွားတဲ့ လမ်းတစ်ဝက်မှာတင် ပျောက်သွားတာ ချက်ချင်းပဲ။ ထွေထွေထူးထူး လဲ ဘားမှမရှိလို့ ဆရာဝန်တောင် အံ့ဩနေခဲ့တာ ။ သူလဲ အံ့ဩနေတာ တစ်ခါမှ ရင်ဘတ် အဲ့လိုမအောင့်ဖူးဘူး။
    တွေးနေရင်းနဲ့ သက်ပြင်း တစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူမရှိရာဆီသို့ ထသွားပြီး ...
    "လိပ်ပြာ .." နှုတ်ဆက်ရအောင်ခေါ်လိုက်တော့ ..
သူမအလန့်တကြားမော့ကြည့်လာ၏ ။
    ဟင် သူက ဘယ်လိုရောက်နေတာလဲ။
    ပြာပြာသလဲနဲ့ သူနဲ့ ဝေးရာသွားဖို့အထ ၊ ဆေးဆိုင်က အငယ်လေးက သူ့အမေနဲ့ လာရင်း သူမကို တွေ့လို့ အရှိန်နဲ့ လာပြေးအဖက် ။။
    ‌ခြေယိုင်သွားတဲ့ သူမကို လှမ်းထိန်းလိုက်တဲ့ တုနှိုင်းခ ....
    နောက်တစ်ခေါက် ..
    နောက်တစ်ခေါက် အဲဒီ့ ခံစားမှုကို ခံစားရပြီးနောက် ..
    "အ !! "
    ရင်ဘတ်ထပ်အောင့်လာတဲ့ တုနှိုင်းခ ကို သူမ ထပ်မြင်လိုက်ရသည် ။ မခံစားနိုင်ပါ ။ သူ့ကို ဒီလိုပုံမျိုးမြင်နေရတာကို သူမ မခံစားနိုင် ။
    "အယ် .. ရရဲ့လား "
    "ထိုင်လိုက် ထိုင်လိုက် "
    အနီးနားမှာရှိတဲ့ သူတွေ ပြာယာ ခတ်ကုန်သည်။သူမ ဘာတစ်ခွန်းမှမပြောမိ။ခပ်ဝေးဝေးကိုပဲနောက်ဆုတ်လိုက်မိ၏။မျက်နှာမှာလည်း ဘာခံစားချက်မှမရှိသလိုမျိုး။
    ထိုအချိန်မှာပဲ ...
    တုနှိုင်းခ ရဲ့အနောက်မှာပေါ်လာတဲ့ တိမ်ခိုး။ သူက တုနှိုင်းခရဲ့ ပုခုံးကို သူ့လက်နဲ့ ထိထားလိုက်သည်။လိပ်ပြာကလွဲလို့ အဲဒီ့အဖြစ်အပျက်တွေကို တစ်ယောက်မှမမြင်။
    တစ်အောင့်နေတော့ တုနှိုင်းခ ပြန်အဆင်ပြေလာသည်။ထိုအခါမှ သူမလည်း ထိုနေရာကနေ ကျောခိုင်းထွက်ခဲ့လိုက်ပါတော့သည်။မျက်ရည်တွေ ပြေးထွက်လာကြပြန်ပါပြီ ။။။။။
        
          🔹🔹🔹🔹🔹🔹🔹
  
     တိမ်ခိုး .....
    လက်ကောက်ကို ဖန်တီးခဲ့တဲ့ သူ့အကိုရှေ့မှာ ရှိနေသည်။
    "မရှိဘူးလေ ။ အဲ့လက်ကောက်ရဲ့ စည်းကမ်းချက်က အဲ့ဒါပဲ "
    ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှိဦးမလားမေးနေတာ။
    "ဒီလက်ကောက်ကို ဖန်တီးခဲ့တဲ့ သူအနေနဲ့ကော ပြင်ဆင်တာမျိုးလုပ်ပေးလို့ မဖြစ်နိုင်ဘူးလား"
    "ဒီပစ္စည်း နဲ့ပက်သတ်ပြီး ပြင်ဆင်စရာတော့ မလိုပါဘူး။ပြည့်စုံနှင့်ပြီးသား အရာတစ်ခုပဲလေ "
    "အသိမပေးပဲ ယူသုံးခဲ့တာ တောင်းပန်ပါတယ် ။ နောက်တစ်ခေါက် မရှိစေရဘူး"
    "ထားပါလေ ။မင်း ပြဿနာရှာတာတွေလည်း နည်းမှမနည်းတော့တာပဲ "
    "တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား"
    "ရှေ့မှာ ဖြေခဲ့တဲ့ အတိုင်းပါပဲ .."
    "ဒါဆို အဲဒီ့ လူသားနှစ်ယောက် နာကျင်မှု လျှော့နည်းနိုင်အောင် ဘယ်လိုကူညီပေးလို့ရနိုင်မလဲ"
    "အချိန်ပါပဲ ။အချိန်က အရာရာကို ကုစားတယ်မဟုတ်လား ။ နီးစပ်လို့မရတဲ့ လူနှစ်ယောက်ကို ဝေးအောင် ကူညီပေးပေါ့"
    တိမ်ခိုး ဘားမှမပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။ထိုစဉ် ...
    "ကောင်လေးရဲ့ နှလုံးသားနဲ့ အမှန်တကယ် ဖြစ်တည်ခဲ့တဲ့ခံစားချက်တွေ ကို ထိန်းထားပေးတာတော့ လုပ်ပေးနိုင်ပါတယ်"
   ထိုသို့ပြောပြီးနောက် လက်ကောက်ရဲ့ ဖန်တီးရှင် ထိုနတ်သားဟာ သူ့ရှေ့မှာရှိတဲ့ စာအုပ်ကို ပိတ်လိုက်ပါတော့လေသည် ။။
          🔹🔹🔹🔹🔹🔹
   
    "လိပ်ပြာ ပြန်တော့မယ်။ဒီမြို့မှာမနေတော့ဘူး"
    တိမ်ခိုးကို သူမပြောသည်။
    "မင်းအိပ်မက်တွေကကော ။ သူက ကြိုးစားဖို့ အားပေးခဲ့ဖူးတယ်မဟုတ်လား"
    "အဲ့ဒါဆို ဘာလုပ်ရမလဲ ? ဒီမှာ ဆက်နေနေရင် တစ်ရက်မဟုတ်တစ်ရက် တွေ့ရဦးမှာပဲလေ ။ပြီးရင်‌လေ တကယ်လို့ လိပ်ပြာက တကယ်ပဲ အဆိုတော် တစ်ယောက်ဖြစ်လာတယ် ထားပါတော့ ။ဘယ်လိုပုံနဲ့ camera ရှေ့ထွက်ရမှာလဲ။လိပ်ပြာကို Tv တွေကနေမြင်ပါများပြီး သူ သတိရလာရင်ကော။သူ့ပုံအတိုင်းဆို လာရှာမှာ သိတယ်။တကယ်တော့လေ ဘာအိပ်မက်တွေအတွက်မှ လိပ်ပြာ အားမရှိတော့ဘူး ။ သူ့အတွက် အသက် အန္တရာယ် အထိ ဖြစ်စေနိုင်မှန်းသိရဲ့သားနဲ့ ဘယ်လိုစိတ်နဲ့ ....."
    အသံများတိမ်ဝင်သွားရသည်။
    "တုနှိုင်းခ ဒီနိုင်ငံက ထွက်သွားတော့မှာ"
    "ဟင် ..."
    အံ့ဩသွားရ၏။
    "ဘာလို့လဲ ။ဘယ်ကိုသွားမလို့လဲတဲ့ ။ နတ်သားလုပ်လိုက်တာလား ။ သူ့စိတ်မပါပဲ အတင်းအကြပ်ကြီး မဖန်တီးပါနဲ့နော်"
    "မြို့မတူ ရုံနဲ့ မတွေ့နိုင်တော့ဘူးထင်လို့လား။အခုချိန်မှာက မတွေ့နိုင်လေ ကောင်းလေမဟုတ်လား။အချိန်တစ်ခုရောက်ရင် အဆင်ပြေ လာဖို့မျှော်လင့်လို့ရလောက်မှာပါ။ပြီးတော့ ငါ အတင်းလုပ်ထားတာမဟုတ်ဘူး။သူ့ပုံစံက စိတ်နဲ့ လူနဲ့မကပ်သလိုဖြစ်နေတယ်။အဲ့ဒါကြောင့် သူ့သူငယ်ချင်းက စိတ်ပြေလက်ပျောက် သဘောမျိုးပဲဖြစ်ဖြစ် လာခဲ့ဖို့ အတင်းခေါ်တာ ။ အဲ့ဒါကြောင့် သူသွားမှာ ။ငါ ကြည့်ကြည့်တော့ သူအဲ့မှာ နဲနဲကြာကြာ ဆက်နေဖြစ်လိမ့်မယ်။ပြီးတော့ ..."
    "ပြီးတော့ကော ..."
    "ပြီးတော့ သူ့ရဲ့ ခံစားချက်တွေကို ထိန်းထားပေးနိုင်တယ်လို့ ငါ့အကိုပြောတယ်။ ဒါပေမဲ့ ... မင်းကတော့ အားလုံးကို မှတ်မိနေမဲ့သူ ဖြစ်တဲ့အတွက် ....... "
    တိမ်ခိုးကပြောလတ်စကို ရပ်လိုက်သလို သူမ လည်းငြိမ်ကျသွားသည်။။။  
    အဆင်ပြေပါတယ် ။သူမအတွက်က ခံစားရလည်း အဆင်ပြေတယ် ။ သူ.......မနာကျင်ရဘူးဆိုတာနဲ့တင် ရပြီ။
    သူကော  ??
    သူလည်းအဆင်ပြေလောက်မှာပါနော်။နတ်သားပြောသလိုပဲ ဒီမှာရှိနေတာထပ်စာရင် သူအဆင်ပြေလောက်မှာပါ။ပြီးတော့ အချိန်တွေကြာလာလို့ သူမကို လုံးဝမေ့သွားတာပဲဖြစ်ဖြစ် ၊ နောက်ထပ် တစ်စုံတစ်ယောက်နဲ့ထပ်တွေ့တာပဲဖြစ်ဖြစ် ....
    ရင်ဘတ်ထဲမှာ တင်းကြပ်လိုက်တာ။အထဲကနေ အချွန်တစ်ခုခုနဲ့ထိုးနေသလိုပဲ  ။။   
    တောင်းပန်ပါတယ် ကိုတုနှိုင်းခရယ် ။
    အကို့ဘဝထဲကို ရောက်အောင်မလာနိုင်တော့တာကော ။။
    Propose လာလုပ်ဖို့မဖြစ်နိုင်တာကော ။
    အကို့နားကနေ ထွက်ပြေးရတော့မှာကိုကော။
    အဲဒီ့ ဝတ်စုံလေးကို မဝတ်နိုင်တော့ မှာကိုကော ။
    မသိမ်းထားနိုင်တော့မှာကိုကော ။ အများကြီး အများကြီးပဲ ။ မလုပ်ပေးနိုင်တော့တာတွေအတွက် တောင်းပန်ပါတယ်။။
    "နတ်သား ၊ လိပ်ပြာတစ်ယောက်ထဲနေချင်တယ် "
    တိမ်ခိုးတစ်ယောက် ။ထိုနေရာကနေ ပျောက်ကွယ်သွားပါ‌လေသည်။
    ငိုချင်တယ် ။ ငိုချင်လိုက်တာ ။မျက်ရည်တွေအများကြီး ငိုထုတ်လိုက်ချင်တယ် ။ဒါပေမဲ့လေ .. သိလား။ မျက်ရည်ကမထွက်လာပဲနဲ့ ရင်ဘတ်ထဲမှာပဲ နာလာတယ် ။ မျက်ရည်တွေ ထွက်လာအောင်လုပ်လို့ရရင် တကယ်ကောင်းမှာပါပဲ ။။။

KYOE  ( ကြိုး )Where stories live. Discover now