Unicode
စည်းထားတဲ့ဆံပင်က ခေါင်းမှာအပွလိုက်၊ ခေါင်းမဖြီးပဲကောက်စည်းလာခြင်းကိုး။ moisturizer တစ်ခုပဲ လိမ်းထားတဲ့မျက်နှာပြောင်နဲ့ သူမ အိမ်ထဲကနေထွက်လာသည်။ မျက်နှာကတော့ သုန်မှုန်လို့ ။
"အော် .. နိုးပြီလား လိပ်ပြာ"
သူမ မဖြေ။ကျန်နေတဲ့ တံမြတ်စည်းနောက်တစ်ချောင်းကို ကောက်ကိုင်ပြီး လှဲ လိုက်သည်။ထိုအခါမှ တုနှိုင်းခ က...
"လိပ်ပြာ မလှဲပါနဲ့ ။ ရပါတယ် ။ ကျွန်တော်ပဲလှဲလိုက်မယ် "
သူမ ဘားမှပြန်မဖြေသေး။
"ကျွန်တော်က မနက် စောစော နိုးတတ်တဲ့ အကျင့်ရှိလို့ပါ။ ပြီးတော့ ဒီသစ်ရွက်ခြောက်တွေက လှဲလိုက်ရင် ပိုအဆင်ပြေမယ်ထင်လို့ လှဲလိုက်တာ။ဒီ အသံကြောင့် အိပ်လို့မရလို့လား "
"ရှင် တံမြတ်စည်းမလှဲဘူးလား"
"လှဲမှာ"
"အင်း" လိပ်ပြာ တကုပ်ကုပ်နဲ ဆက်လှဲသည်။သူလဲ လိုက်လှဲ၏။ဘားမှမပြောတဲ့ သူမကို တုနှိုင်းခ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။သူမ ဘာဖြစ်သွားရတာလဲ။သူ့အသံကြောင့် နိုးသွားလို့ စိတ်မကြည်နေတာဖြစ်ရမည်။ရှုပ်ပွနေတဲ့ ဆံပင်လေးနဲ့တောင်သူမ လှနေ၏။မပြုံးနေတဲ့ သုန်သုန်မှုန်မှုန် မျက်နှာကတောင် ကြည့်ကောင်းနေတာ။ဟင် ....
သူ အခု တစ်ချက်လေးရင်ခုန်သွားတာလား ???
အားလုံး လှဲပြီးတော့ သစ်ရွက်တွေကို အပင်ခြေရင်းတွေမှာပဲ ပြန်စုပုံထားလိုက်၏။တချို့ကိုတော့ ယူပြီး ပန်းအိုးတွေထဲထိုးထည့်ထားလိုက်သည်။အရွက်ခြောက်တွေက ကြာရင် သူ့သဘာဝအတိုင်း ပျောက်ကွယ်သွားတာပဲမလား။အပင်အတွက်လည်းကောင်းတယ်တဲ့လေ။ လေတိုက်လို့ ပြန်လွင့်ရင်တော့ ထပ်လှဲရတာ နည်းနည်းအလုပ်ရှုပ်တာပေါ့နော် ။။။။။
ထို့နောက် လက်ဆေးနေတဲ့သူမနားကို တုနှိုင်းခ သွားလိုက်ပြီး ...
"မနက်စာ ဘာစားလေ့ရှိလဲ"
"ပြန်အိပ်မှာ"
"ဗျာ "
"မစားတော့ဘူး။ ပြန်အိပ်ဦးမလို့ ။ ပြီးတော့ မနေ့က လိပ်ပြာပြောထားသလိုပဲ ။လိပ်ပြာအတွက် ထည့်မပေါင်းပါနဲ့။ရတယ်"
"လိပ်ပြာ ။ ကျွန်တော်ပြောမယ်။"
လေးလေးနက်နက်ကြီးခေါ်လိုက်တာကြောင့် သူမ လှည့်ကြည့်လိုက်မိသည်။
"ဒီအိမ်မှာက သုံးယောက်ပဲရှိတာလေ။နှစ်ယောက်က မောင်နှမ။အရင်ကတော့ လိပ်ပြာတို့နှစ်ယောက်ထဲမို့ ပြောရရင် တစိမ်းတွေမို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြတယ်ဆိုပေမဲ့ အခုက ကျွန်တော်က ချက်မှာလေ။ရနံ နဲ့က မောင်နှမ မို့ အတူစားကြမှာဆိုရင် လိပ်ပြာက တစ်ယောက်ထဲ ကျန်နေမှာလေ။ကျွန်တော်တို့ ဖက်ကနေ တစ်ချက်တွေးကြည့်ပါဦး ။ တစ်ယောက်ထဲကြီးကို ချန်ပြီးတော့ ဘယ်လို ...."
ဆက်မပြောဘဲ လိပ်ပြာကို စိုက်ကြည့်လိုက်၏။သူမ လဲ ပြန်ကြည့်နေသည်။တစ်ခုခုကိုတွေးနေသလို။ထို့နောက်...
"ဟုတ်ကဲ့ပါ ။ အဲ့ဒါဆိုလဲ ။ ဒါမဲ့ အကိုတို့ ဆန္ဒရှိတဲ့ အတိုင်းပဲချက်ပါ။လိပ်ပြာအတွက် သပ်သပ်ကြီးတွေးပေးတာမျိုး မလုပ်ပါနဲ့နော်။ပြီးတော့ ဟို .. ငွေစကားပြောတာတော့မဟုတ်ဘူး ။ စားစရိတ်က ဘယ်လောက်ဖြစ်မယ်ဆိုတာမျိုးလေး တွေးထားပေးပါနော်"
တုနှိုင်းခ ခေါင်းညိတ်ပြလိုက်သည်။နောက်ဆုံးတော့ သူမ လက်ခံပြီပဲ။သူကတော့ ပျော်လို့ပေါ့။။။
"အဲဒီတော့ လိပ်ပြာ ဘာစားတတ်လဲ"
"အကုန်စားတတ်ပါတယ်။အခုတော့ ပြန်အိပ်လိုက်ဦးမယ်။ "
ဟုဆို၍ ပြန်အိပ်ဖို့ ပြင်ပါတော့သည်။ညကနောက်ကျမှ အိပ်ပျော်ခဲ့တာလေ။နောက်ဆုံးတော့ လက်ခံလိုက်ရတာပါပဲ။ ငြင်းလို့ရမယ့်ပုံလဲ မပေါ်ဘူးမဟုတ်လား။။။
🔹🔹🔹🔹🔹🔹🔹
"ပွမ် ပွမ်"
ခြံရှေ့က ဟွန်းတီးသံကြောင့် တုနှိုင်းခ ချောင်းကြည့်လိုက်၏။
"သရဖီ ပါလား"
သော့ယူ၊တံခါးသွားဖွင့်ပေးတော့ သရဖီက ကားပေါ်က အထုပ်တွေ ချိုင့်တွေ ဆွဲပြီးဆင်းလာသည်။အသားဖြူဖြူ ပခုံးလောက်ရှိတဲ့ ရွှေအိုရောင်ဆံပင်နဲ့ သူမက လည်ပိတ် ၊ လက်ရှည် ၊ဒူးအောက်ရှိတဲ့ ဂါဝန်နက်ပြာရောင်လေးကိုဝတ်ထားသည်။မနက်စောစော သူမရဲ့ မျက်နှာက လန်းဆန်းနေ၏။သူမသည် ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ဦး။။ ..
"ကိုနှိုင်းခတို့ စားပြီးပြီလား"
"မစားရသေးဘူး ။ သရဖီကကော ။ ဘယ်လိုရောက်လာတာလဲ"
"ဒီကိုပဲ သပ်သပ်မဲ့ လာတာ ။ အကိုတို့မောင်နှမအတွက် ဟင်းဘူးတွေလာပို့တာ"
"အဲ့လောက်ထိမလိုပါဘူး ။ လာလေ။ အထဲဝင်ရအောင် "
"ဟုတ်ကဲ့"
အိမ်ထဲရောက်တော့ သူက coffee တစ်ခွက်ဖျော်ပေးရင်း ဧည့်ခံသည်။
"Coffee သောက်ဦး ။ ဘာတွေယူလာတာလဲ အများကြီးပဲ။"
"ဒါက အိမ်မှာ ရွှေတောင်ခေါက်ဆွဲ လုပ်စားလို့ ထည့်လာတာ။ဒါတွေကတော့ အခြောက်အခြမ်းတွေ။ကြာကြာထားပြီးစားလို့ရအောင်လို့ "
အသားခြောက်ကြော်လို ဟာမျိုးတွေထည့်ထားတဲ့ ဘူးကို ပြရင်းပြော၏။
"သရဖီ လုပ်လာတာလား"
"ဟုတ် "
"အားနာစရာကြီး။ မလိုပါဘူး ။အကိုတို့အဆင်ပြေတယ်"
"မဟုတ်တာ ။ ဒီလူနဲ့ဒီလူတွေပဲကို။ ဒါနဲ့ ရနံ့ကော အကို"
"သူမထသေးဘူး ညီမရေ"
"အော် ဟုတ်"
ထိုစဉ်မှာပဲ လိပ်ပြာတစ်ယောက် အခန်းထဲကထွက်လာသည်။သရဖီ့ကို မြင်တော့ ဧည့်သည်ရောက်နေတာပဲဆိုတဲ့ အသိနဲ့ ခဏ တန့်သွား၏။တုနှိုင်းခက သူမကိုမြင်တော့ ..
"နိုးပြီလား လိပ်ပြာ။ကျွန်တော် ထမင်းကြော်ထားတာရှိတယ်။အော် ဒီမှာ ရွှေတောင်ခေါက်ဆွဲ လည်းရှိတယ်စားမလား"
သူက တရစပ်ပြောနေပေမဲ့ လိပ်ပြာကတော့ သူ့ကိုကျော်ပြီး သရဖီ့ကိုပဲမြင်သည်။လိပ်ပြာကို ဘာကြီးလဲ ၊ တုနှိုင်းခနဲ့ ဘယ်လိုဆက်ဆံရေးလဲ ၊ ဆိုတဲ့ ပုံစံနဲ့ကော ၊ သူမရဲ့အလှအပ ၊ ခန္ဓာကိုယ် တည်ဆောက်ပုံ ၊ အဲ့ဒါတွေကိုပါ scan ဖတ်နေတာကို တွေ့နေရတာ။ထို့ကြောင့် ...
"မစားသေးပါဘူး။ရေလာသောက်တာ "
ဟုဆို၍ ရေတစ်ခွက်ခပ်ပြီး ပြန်ဝင်သွားလိုက်တော့ ၏။တုနှိုင်းခက တော့ သူမကိုပဲ ကြည့်နေခြင်း။
"သူက .. အိမ်ရှင်ရဲ့ တူမလေးထင်တယ်"
သရဖီမေးမှ သူ့ခေါင်းပြန်လှည့်လာပြီး..
"ဟုတ်တယ်။"
"အကိုက အိမ်အတွက် အချက်အပြုတ် တာဝန်ယူထားတာပေါ့ အဟင်း..."
"အင်း အဲ့လိုပြောရမှာပေါ့ ။ ရနံ့က လည်း မချက်တတ်ဘူးဆိုတော့လေ။ အကိုလဲ အကျွမ်းကြီးတော့မဟုတ်ပါဘူး ။ နဲနဲပါးပါးပေါ့ ။"
"အော် .. သုံးယောက် ပေါင်းစားကြတာပေါ့"
"ဟုတ်တယ်။ လိပ်ပြာကလဲ တစ်ယောက်ထဲပဲဆိုတော့ အတူပေါင်းစားဖို့ ပြောထားရတာ "
တုနှိုင်းခက ပြုံးရင်းပြောသည်။ အပြုံးတွေက အသက်ဝင်လှ၏။ထိုအပြုံးတွေကို မြင်ပြီး သရဖီ့ ရင်ထဲမှာ တစ်ခုခုကို စိုးရိမ်လာသလို ။။။
"Coffee သောက်ဦးလေ ။ အေးကုန်ပြီထင်တယ် "
"ဟုတ်"
ဟုတ် ဟုဆို၍ အေးစပြုနေတဲ့ထို coffee တွေကို သောက်လိုက်သည်။ပထမဆုံးတစ်လုတ်တုန်းက ကော်ဖီက ပူနေပေမဲ့ တုနှိုင်းခ ဖျော်တိုက်တာမို့လို့ ရင်ထဲမှာ နွေးသွားစေတဲ့ ကော်ဖီဟာ အခုတော့ နွေးရုံပဲ ကျန်တော့ပေမဲ့ သူမရင်ထဲ ပူဆင်းသွားတယ်လို့ ခံစားလိုက်ရသလိုပါပဲ ။။။။
လိပ်ပြာတဲ့လား။ထိုကောင်မလေး ဆွဲဆောင်မှုရှိသည် ။။။။။။။
YOU ARE READING
KYOE ( ကြိုး )
Fantasyစိတ်ကူးယဉ်ဆန်ဆန် Romance ဇာတ်လမ်းလေးပါပဲ ။ စိတ်ကူးယဉ်ပြီး ဖန်တီးထားတာပါ ။ စိတ်ဝင်စားရင် ဘယ်လို စိတ်ကူးယဉ်ထားတာလဲ လိုက်ဖတ်ကြည့်ပါ ကွယ် 😂😂 PS.ဇာတ်လမ်းလေးက နည်းနည်းတော့အေးမယ်ထင်ပါတယ် 🍏