အခန်း (၉)

111 12 0
                                    

Unicode

                 
    ရနံ့ရယ် တုနှိုင်းခရယ် လိပ်ပြာရယ် ။
သုံးယောက်သား မျက်နှာစုံညီ အစည်းအဝေးလုပ်ဖို့ပြင်နေကြသည် ။ ရနံ့ကတော့ သိပ်စိတ်မပါပုံပါပဲ ။ သူ့အတွက်က သူ့အကိုလည်းဖြစ်သည့်အပြင် နဂိုထဲက အေးအေးနေတဲ့သူဆိုတော့ ပြောစရာသိပ်ရှိပုံမပေါ် ။
    "အရင်ဆုံး ရေခဲသေတ္တာအကြောင်းပြောလိုက်မယ်နော် ။ လိပ်ပြာတို့ ကိုယ့်အကန့်နဲ့ကိုယ် ထားရအောင် "
    "ရပါတယ် " တုနှိုင်းခက ဖြေသည်။ သူ့အကြည့်တွေကတော့ လိပ်ပြာရဲ့မျက်နှာရှင်းရှင်းလေးပေါ်မှာ။
    "ပြီးတော့ ခွက်တွေ ပန်းကန်တွေလည်း ကိုယ့်အကန့်နဲ့ကိုယ်ပဲထားမယ် ။ အဲ့ဒီ့မှာလေ ဘယ်သူ့ခွက်ကို ဘယ်လိုကြီး စီထားတယ် ။ဘာညာဆိုပြီး အပြစ်မပြောပါနဲ့နော်။ ကိုယ့်အကန့်နဲ့ကိုယ်။ ကိုယ့်စိတ်ကြိုက်နဲ့ကိုယ်ပေါ့ "
    "ဟုတ်တယ် ။ အဲ့ဒါမျိုးပြောရမယ် ။ တခြားဟာတွေကောပဲ ကိုခ နေရာကို ကိုခ ကြိုက်သလိုနေ။ရနံ့တို့ကို လိုက်မပြောနဲ့နော်"
    ရနံ့ကလည်း ဝင်ပြောသည်။ သူ့အကိုအကြောင်းသူသိသည်ထင်၏။
    "ဟင် ... ငါ့ရုပ်က အဲ့လို အပြစ်လိုက်ရှာတဲ့ရုပ်ကြီးပေါက်နေလို့လား " တုနှိုင်းခက ပြောတော့ .. ရနံ့နဲ့ လိပ်ပြာနဲ့က တစ်ယောက်မျက်နှာပဲတစ်ယောက်ကြည့်လိုက်ကြသည်။ သူ့ကိုဘားမှပြန်မဖြေ ။
    "ဒါနဲ့ .. ဒီအိမ်မှာ စားတာသောက်တာက ဘယ်လိုလုပ်တာလဲ ။ ပေါင်းစားကြတာလား "
    "ထမင်းကတော့ ပေါင်းတည်တယ် ။ ဟင်းကတော့ ပုံမှန်မဟုတ်ဘူး။ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ "
    "ဪ ... ဒါဆို ကျွန်တော်က လိပ်ပြာနဲ့ပေါင်းလို့ရလား  "
    "ဟင် " လိပ်ပြာဆီက ဟင်ဆို‌တဲ့ စကားထွက်သွားသလို ရနံ့ဆီကနေလည်း သူ့အကိုကို ဘာလဲဟ ဆိုတဲ့အကြည့်မျိုး ထွက်လာ၏။
    "ရနံ့နဲ့ ပေါင်းရမှာမဟုတ်ဘူးလား"
    ရနံ့ကိုလက်ညှိုးထိုးပြရင်းလိပ်ပြာမေးတော့ ...
    "သူက အဲ့လိုမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေမကြိုက်ဘူး ။ အဲ့ဒါကြောင့်ပါ " ထိုကဲ့သို့ပြောပြီး လိပ်ပြာကို ပြုံးပြလိုက်သေး၏။
    "အဲ့လိုပြောမိလို့လား " ရနံ့ကဝင်ပြောသည်။
    "ငါနင့်အကိုပါ ။ နင့်အကြောင်းသိတယ်လေ "
    သူ့စကားကို ဘားမှပြန်မဖြေဘဲ ရနံ့က သူတစ်ခုခုကို အနံ့ရနေတယ် ဆိုတဲ့ ပုံနဲ့ ကြည့်နေသည်။
    "ဟို .. လိပ်ပြာလည်း ပုံမှန် ချက်ပြုတ်စားနေတာတော့မဟုတ်ပါဘူး ။ အဆင်ပြေသလိုပဲစားတာ "
    "ရပါတယ် ။ ကျွန်တော်လည်း အဆင်ပြေသလိုစားတတ်ပါတယ် "
    လိပ်ပြာ မျက်ခုံး ပင့်လိုက်၏။ ထို့နောက် ..
    "ရပါတယ် ။အဆင်ပြေမ‌ပြေ ပေါင်းစားကြည့်ပေါ့ "
    ငြင်းလို့လဲရမယ့်ပုံမပေါ်တာကြောင့် လက်ခံလိုက်တော့သည် ။ ဘယ်အချိန်ထိ ပေါင်းစားနိုင်မှာလဲ။ကိုယ့်ကိုယ်ပဲစားတော့မယ် ဆိုတာမျိုးဖြစ်လာအောင် လုပ်တဲ့နည်းတွေရှိပါတယ် ဆိုတာမျိုး လိပ်ပြာ စိတ်ထဲကတွေးနေသည်။စိတ်ကူးထဲက လိပ်ပြာကတော့ ခပ်မိန့်မိန့်ကြီးပြုံးနေ၏။
    "ဟုတ်ကဲ့ " တုနှိုင်းခကတော့ တပြုံးပြုံးနဲ့ပဲ ခေါင်းညိတ်သည်။ သူမနဲ့ နီးကပ်စွာရှိနေရတာ ကို သူပျော်နေတာ ။အကြောင်းပြချက်ကိုသူမသိ။
    "ရေချိုးခန်းကလည်း ခွဲပြီးသွားပြီဆိုတော့ ပြောစရာတော့မရှိတော့ဘူး ။ ကိုတုနှိုင်းခ ပြောစရာရှိသေးလား "
    "လိပ်ပြာ ကပြောစရာမရှိတော့ဘူးလား"
    "ဟုတ်ကဲ့ "
    "ဒါဆိုကျွန်တော်လည်းမရှိတော့ပါဘူး"
    "အဟမ်း "
    သူ့စကားအဆုံး ရနံ့က ချောင်းထ ဟန့်သည် ။ လိပ်ပြာလည်း နေရခက်သလိုရှိလာတာကြောင့် ..
    "ဒါဆို .. ဝင်တော့မယ်နော် ။ လိပ်ပြာကတော့ ဒီနေ့ည ကြက်ဥပဲကြော်စားဖြစ်မယ်ထင်တယ် ။ ဘယ်အချိန်စားဖြစ်မလဲလဲ မပြောတတ်သေးဘူး ။ ကိုတုနှိုင်းခ ဗိုက်ဆာတဲ့အချိန် ကိုယ့်ကိုယ် ကြော်စားနှင့်လိုက်လေ ။ ရေခဲသေတ္တာထဲမှာ ကြက်ဥတွေရှိတယ်"
    တုနှိုင်းခက သူမပြောတာကို ဘားမှပြန်မဖြေ။ လိပ်ပြာလည်း မသိသလိုနဲ့ပဲ ထိုနေရာက ထထွက်သွားလိုက်လေသည် ။ သူမကို ကြည့်နေတဲ့အကြည့်တွေ အပြောတွေနဲ့ ရနံ့ရှေ့မှာ မျက်နှာပူလာတာကြောင့် ။ဒီလူနဲ့တော့ ရှေ့လျှောက်ဘယ်လိုနေရပါ့မလဲ  ဟူးးးးး ။
          🔹🔹🔹🔹🔹🔹

KYOE  ( ကြိုး )Where stories live. Discover now