အခန်း (၁၇)

84 9 0
                                    

Unicode
                
   "ချစ်ခြင်းက ... ရင်ခုန်တာလောက်က အချစ်မဟုတ်သေးဘူးမလား...နတ်သား"
    "ဆိုတော့‌ ပြောချင်တာက ရင်ခုန်လာပြီပေါ့"
    "အင်း ... " ခေါင်းတညိတ်ညိတ်နဲ့ဖြေမိသည်။ဆက်၍..
    "အနေနီးရင် ဆန့်ကျင်ဖက်လူသားနှစ်ဦးက ရင်ခုန်တာမျိုးတော့ ရှိတတ်တယ်မလား"
    "ဘာလို့ငါ့ကိုလာမေးနေတာလဲ ။ ကိုယ့်ကိုယ်တွေ့အောင်ရှာပါဆို"
    "အဟက်....မဟုတ်ဘူးလေ အော် ။ရင်ဖွင့်တာ တိုင်ပင်ကြည့်တာမျိုးလေ ။ရည်းစားမထားဖူးဘူးလား နတ်သားက "
    "ငါ့အကြောင်း မပြောနဲ့ ။ မင်းအကြောင်းပဲပြော "
    သူမ ရီလိုက်မိသည်။တကယ်ကို တိမ်ခိုး နဲ့ စကားပြောလိုက်ရင် စိတ်တွေပေါ့ပါးသွားစေတယ်လို့ ခံစားရ၏။
    "ဒါဆို လက်ကောက်အကြောင်းတော့ပြောလို့ရတယ်မလား။ဒီလက်ကောက်မှာ နာမည်ရှိလား။ပြိီးတော့ ဒါကိုနတ်သားကိုယ်တိုင်လုပ်ထားတာလား "
    "ဆွဲငင်ခြင်း လက်ကောက်တဲ့ ။ ကိုယ်ချစ်တဲ့သူကို ဆွဲငင်ဖို့ကြိုးစားတာမျိုးလေ။ပြီးတော့ ဒီလက်ကောက်က ငါ့အကို လုပ်ထားတာ"
    "ဪ ... နောက်ထပ် နတ်တစ်ပါးပေါ့"
    "အင်း ..."
    "အဲ့ဒါဆို အခုက သူ့ဆီကနေ တောင်းလာတာပေါ့"
    "အဲ့လိုထင်တာလား။ အမှန်က ... သူမသိအောင် ယူလာတာ"
    "ဟင် !! ခိုးလာတာလား"
    "ကျွစ် ! အော်လိုက်တာ။တကယ်ပဲ။အထဲမှာ လူတွေရှိတယ်နော်"
    "ဆောရီး ဆောရီး လောသွားလို့"
    "မင်းက ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲ။လက်ကောက်ကိစ္စက ဒီလိုကွာ။သူက သူလုပ်ထားတဲ့ပစ္စည်းတွေကို နေရာတစ်ခုမှာထားတယ်။ပြီးရင် မေ့မေ့ပျောက်ပျောက်ကိုပစ်ထားတော့တာ။လိုမှပြန်ရှာတာမျိုးပေါ့။ငါက ကျတော့ အဲ့ပစ္စည်းတွေကို သုံးခွင့်တော့ရှိတယ်။ဒါပေမဲ့ ငါက နဲနဲပြဿနာ ရှာတတ်တော့ သူ့ကို အသိပေးပြီးမှ သုံးလို့ရတာမျိုး။ဒါပေမဲ့ဒီတစ်ခေါက်က သူမသိအောင်ယူလာရတာ ဘာလို့လဲဆိုရင် ငါရှေ့တစ်ခေါက်ကလုပ်ထားတဲ့ ပြဿနာကို သူ စိတ်မပြေသေးဘူး။အဲ့ဒါကြောင့် အသိမပေးပဲယူလာခဲ့တာ "
    "အဲ့ဒါက ပိုမဆိုးဘူးလား။သူသိသွားရင် ပြဿနာ နှစ်ခုပေါင်းပြီးစိတ်ဆိုးလောက်တယ်နော်။ပြီးတော့ လိပ်ပြာ အထိပါ ပြဿနာတက်ရင် ဒုက္ခပဲ"
    ပြူးပြူးပြာပြာနဲ့ သူမပြောတော့ ..
    "မပူပါနဲ့ ။ ငါ့ငါ မင်းကိုလာပေးတာပဲကို ။ ပြဿနာတက်ရင်တောင် ငါ့ဆီမှာတင် အဆုံးသတ်မှာပါ"
    "နတ်သားရယ် ရှေ့ပြဿနာတောင်စိတ်မပြေသေးတာကို ဘာလို့ နောက်ပြဿနာ ထပ်ရှာရတာလဲ။ "
    "အေးဆေးပေါ့ ။ တိမ်ခိုးပါ "
    "အာလာ .. တကယ်ပါပဲ .."
    "စည်းကမ်းချက်ရဲ့ နောက်ဆုံး တစ်ခေါက် ကိုဆက်ထိန်းထားမှာလား။ရင်ခုန်လာပြီဆို။ပြီးတော့ သုံးခေါက်ပြည့်သွားတယ်ဆိုရင်တောင် သူ့ဖက်က တကယ်စိတ်ရင်းနဲ့ မချစ်လာရင် ထပ်မရောက်လာပါဘူး"
    ".........." သူမ ဘားမှမဖြေမိ။
    "အစကတော့ မင်းအတွက်စိတ်မကောင်းဘူး။တစ်ခါပဲဂှိတဲ့အခွင့်အရေးက တလွဲတွေဖြစ်ပြီး ကိုယ်ကြည့်မရတဲ့သူဆီ လက်ကောက်က ရောက်သွားတာ‌လေ။ တစ်အိမ်ထဲတောင် နေနေရသေးတယ်။ "
    "အဟက် ..."
    ထိုစဉ် ...
    "လိပ်ပြာ !"
    ဟင် .. ရနံ့။။။။
    "ဖျောက် !!!" တိမ်ခိုးလည်း ရုတ်တရတ်ကြီးပျောက်သွား၏။ဒုက္ခပါပဲနော်။ခပ်တည်တည် ထိုင်နေရင်တောင် သူငယ်ချင်းဆိုပြီး ရွှီးလို့ရတာကို ရုတ်တရတ်ကြီး ပျောက်သွားတော့ ....
    ဘာလုပ်ရတော့မည်လဲ ။ရနံ့ကလည်း အကြောင်လိုက်ကြီး ရပ်ကြည့်နေသည်။သူမ လဲ ထူပူတက်သွား၏။
    "သူ ... သူက ဘယ်သူလဲ။ပျောက်သွားတာလားလို့နော်။ရုတ်တရတ်ကြီးလေ"
    "ဟို ..."
    "လိပ်ပြာ .. ငါ့ကို နဲနဲလောက် ရိုက်ကြည့်ပါလား။တကယ်ကြီး လူပျောက်သွားတာကို ငါမြင်လိုက်ရတယ်ထင်တယ် "
    သူမဘေးကိုရောက်ချလာပြီး သူမလက်ကို ဆွဲရင်း သူ့ပါးသူ ရိုက်ကြည့်နေပြီ။
    "ဟို .. ဟုတ် ဟုတ်တယ်။လူကပျောက်သွားတာ အမှန်ပဲ။မရိုက်ပါနဲ့တော့"
    သူမလက်ကို ပြန်ဆွဲထားလိုက်၏။
    "အဲ့ဒါ ဘာကြီးလဲ ။ ကြက်သီးတွေထလိုက်တာ လိပ်ပြာရေ။ဒီမှာကြည့်ဦး.."
     ရနံ့ သူ့လက်တွေကို ပြသည်။တကယ်ပဲ ကြက်သီးတွေ။
    "ဟုတ်ပါပြီ ။ လိပ်ပြာပြောပြမယ်။ရနံ့ ဘယ်ကနေ စကြားလိုက်တာလဲ"
    "ကိုယ်မချစ်တဲ့ သူဆီလက်ကောက်ရောက်သွားတာကနေစကြားရတာ။ဘာလက်ကောက်လဲ ခခ အခုဝတ်ထားတဲ့ လက်ကောက်လား။သူကောက်ရထားတာဆိုတာ"
    "အင်း"
    "အဲ့ ... အဲ့လက်ကောက်က ဘာဖြစ်လို့လဲ။ရိုးရိုးလက်ကောက်မဟုတ်ဘူးလား"
    လိပ်ပြာ သက်ပြင်းချလိုက်သည်။ထို့နောက်မှာတော့ ....
    "@#&-+@#&............."
       
        🔹🔹🔹🔹🔹🔹

KYOE  ( ကြိုး )Where stories live. Discover now