အခန်း(၃၀)(ဇာတ်သိမ်းပိုင်း)

587 17 2
                                    

Unicode

    သုံးနှစ်ခန့် ကြာသောအခါ .....
    သီချင်းတစ်ပုဒ် ။ နာမည်ရစပြုနေတဲ့ အဆိုတော် ကောင်မလေးတစ်ယောက် ကိုယ်တိုင်ရေးပြီး ဆိုထားတဲ့ အချစ်သီချင်း ချိုချိုလေး ။။။။
    သူမက သီချင်းတွေကို ကိုယ်တိုင်ရေးပြီး ဆိုတာ။သီချင်း အများစုကလည်း တကယ်ပေါက်တယ် ။ အဲ့ဒီ့သီချင်းတွေထဲမှာမှ လူကြိုက်အများဆုံးသီချင်းလေး ။။။
    FM ကနေ လွှင့်နေသည်။
    ကားပေါ်မှာ နားထောင်နေ၏။
    "လိပ်ပြာ .. ဘယ်လိုလဲ ။ ကိုယ့်သီချင်း ကိုယ်ပြန်ကြားရတာ "
    အခု သူမရဲ့ manager အဖြစ် အလုပ်လုပ်ပေးနေတဲ့ အမကမေးသည်။
    သူမ ရီပဲ ရီပြလိုက်၏။
    ဘယ်လိုခံစားရလဲတဲ့ ။။။
    ကိုနှိုင်းခရေ .. လိပ်ပြာတို့ရဲ့ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို အခြေခံပြီး ရေးထားတဲ့ သီချင်းလေး။ဒီသီချင်းကို နားထောင်ဖူးတဲ့ လူတွေကပြောတယ် ။ sweet ဖြစ်လိုက်တာတဲ့။ နားထောင်လိုက်တာနဲ့ Romantic ဖြစ်တာမျိုးကို ခံစားရလို့တဲ့ သိလား ။။။။။
    Couple လေးတွေ ကြားထဲမှာလဲ ဒီသီချင်းက ရေပန်းစားတယ်။ဒီသီချင်းလေးနားထောင်ပြီးတော့ ကြည်နူးကြရတာမျိုးကြောင့်တဲ့ ။။။။
    အဲ့ဒါဆို လိပ်ပြာက ရူးနေတဲ့ သူလားမသိဘူး ။
    ဘာလို့လဲ ဆိုရင်လေ ဒီသီချင်းကို နားထောင် လိုက်တိုင်း ငိုပဲငိုချင်နေတာပဲ ။ ‌ဖျော်ဖြေ ရတဲ့ အချိန်တွေမှာဆိုရင် ကိုယ့်ကိုယ် ငါက ဖျော်ဖြေနေရတဲ့သူ လို့တွေးပြီး မနည်း စိတ်တင်းထားရတာ ။။။။
    "ကဲ .... ရောက်ပါပြီ "
    သူမ အိမ်ရှေ့ရောက်ပြီမို့ မန်နေဂျာ အမက ပြောသည်။
    "ဟုတ် ..."
    လိပ်ပြာလား ။ အများကြီးပြောင်းလဲသွားတာပေါ့ ။ အရင်ထပ် အများကြီးလဲ ပိုလှလာတယ် ။ရင့်ကျက်လာတာလား ၊ တည်ငြိမ်လာတာလား ၊ ခံစားချက်မဲ့နေတာလားလည်းမပြောတတ်တော့ပါဘူး ။။
    အိမ်ထဲရောက်တော့ ပါဆယ်ထုပ် တစ်ထုပ်က ကြိုနေသည်။
    "Fan တွေဆီကထင်တယ်"
    "ဟုတ်မယ်ထင်တယ်"
    "ဖွင့်ကြည့်လိုက်မယ် "
    "ဟုတ် .. လိပ်ပြာ အဝတ်လဲပြီး လာခဲ့မယ်"
    T shirt ပွပွ တစ်ထည်နဲ့ ဘောင်းဘီ ပွပွယောင်းယောင်း တစ်ထည်လောက် သက်သောင့်သက်သာ ရှိစေတဲ့အရာရှိပါဦးမလား ။ အဝတ်လဲပြီး အပြင်ထွက်လာလိုက်သည်။
    "လိပ်ပြာ ... လာကြည့်ပါဦး ။ ဝတ်စုံလေး က လှလိုက်တာ"
    "ဘာဝတ်စုံကြီးလဲ အမ....ဟင် !"
    လှရုံတင်မဟုတ် ။ တကယ်ကို အံ့ဩသွားစေတဲ့ ဝတ်စုံပါ ။။။
    တုနှိုင်းခ .. သူ သူမအတွက် ချုပ်ပေးခဲ့တဲ့ဝတ်စုံ ။
    "ဒါ .. ဒါကို ဘယ်သူပို့လိုက်တာလဲ "
    " အမတစ်ယောက် လာ‌ပို့သွားတာ ။ ရနံ့လို့ပြောတာပဲ "
    ပစ္စည်း လက်ခံထားပေးတဲ့ ကောင်လေးကပြောသည်။
    "အင်းအင်း"
    ခြေမခိုင်ချင်သလိုဖြစ်လာသည်။လက်တွေခြေထောက်တွေလည်း တုန်နေ၏။ဝတ်စုံကိုပိုက်ပြီး ..
    "လိပ်ပြာ နားတော့မယ်နော် အမ"
    "ဪ .. အိုခေအိုခေ ။ပြီးရင် ဝတ်ကြည့်ဦး နော်"
    "ဟုတ်"
    နောက်လှည့်မကြည့်ဘဲ ဟုတ် လုပ်ပြီးအခန်းထဲသာ ဝင်သွားလိုက်တော့သည်။
    ဝတ်စုံကို ဝတ်ကြည့်လိုက်၏။
    တကယ်လိုက်ဖက်ပြီး လှနေတဲ့ ကိုယ့်ပုံကိုယ် ကြည့်ပြီး မျက်ရည်တွေကျလာသည်။
    သူချုပ်ထားတာ ... သူချုပ်ထားတဲ့ ဝတ်စုံလေး။ဒါပေမဲ့ .. လူတွေမြင်အောင်ထုတ်ဝတ်ဖြစ်မှာမဟုတ်တဲ့ ဝတ်စုံလေး ။ဘယ်တော့မှ ထုတ်မဝတ်ဘူး ။တကယ်သိမ်းထားမှာ ။ ဒီဝတ်စုံနဲ့ သူမရဲ့ ပုံကိုမြင်ရင် သူ့စိတ်ထဲမှာ တစ်ခုခုကို ပြန်သတိရပြီး သူမနားရောက်လာမှာစိုးလို့ ။။။
    အခုကော ?? အခုကော သူ ပြန်ရောက်နေတာလား ? ဘာလို့ဒီဝတ်စုံကိုပို့လိုက်ရတာလဲ။ဒါမှမဟုတ် ... သူပြန်သတိရလာလို့လား ???
   
        🔹🔹🔹🔹🔹
   
    တုနှိုင်းခ ....
    အရင်ဆုံး အဲ့ဒီ့ သီချင်းကို ကြားလိုက်ရတော့ ဖြစ်သွားတဲ့ ခံစားချက်တွေက ရှုပ်ထွေးလွန်းခဲ့ ၏။အဲ့ဒီ့ အသံလေးကို ကြားရတိုင်း တစ်ခုခုကို လွမ်းမိလာသလို အမြဲခံစားနေရတာ ။အသံပိုင်ရှင်ကို သိရတော့ ပိုအံ့ဩသွားတယ် ။ လိပ်ပြာ တဲ့ ။
    အအံ့ဩ ရဆုံးက သူ အဲ့အိမ်မှာနေတုန်း လုပ်ဖြစ်ခဲ့တဲ့ ဝတ်စုံက သူမနဲ့ ဆို အရမ်းလိုက်ဖက်မဲ့ ဝတ်စုံ ဖြစ်နေတာ။ပြီးတော့ ဘာရယ်လဲ တိတိကျကျ အကြောင်းရင်း မရှိပဲနဲ့ အဲ့ဒါကို သိမ်းထားမိနေတာမျိုး။
    အခုတော့ သူမဆီကိုရောက်အောင်ပို့လိုက်ပြီ ။
    ပြီးတော့ သူမအကြောင်းတွေးမိတာမျိုး ၊ သူမ သီချင်းနားထောင်မိတဲ့ အချိန်မျိုး‌တွေမှာဆို မြန်မာ ကို အရမ်းပြန်ချင်တယ် ။ ဒါပေမဲ့ အခုထိ မပြန်ဖြစ်ခဲ့သေးဘူး။
    သူမ အဲ့ဒီ့ဝတ်စုံဝတ်ထားတဲ့ ပုံကို ဘယ်အချိန် မြင်ရမလဲ မသိဘူး ။။။
    ကြည့် .. ရင်ထဲမှာ လှိုင်း တစ်ခု လှုပ်ခတ်သွားနေ ပြန်ပါပြီ။။။။
    ခဏအကြာ .....
    အခန်းလေးထဲမှာ
    သီချင်းလေးတစ်ပုဒ် ။။။
    ပြီးတော့ .....
    အချစ်သီချင်းကို နားထောင်ပြီး မျက်ရည်တွေ ဝဲစပြုလာနေပြန်တဲ့ လူတစ်ဦး ....
    ဒီသီချင်းကို နားထောင်ပြီး ဝမ်းနည်းနေတဲ့သူ တွေက ကမ္ဘာပေါ်မှာ သူမနဲ့ သူနဲ့ နှစ်ယောက်ထဲပဲရှိမှာ ပါ လေ ။။။။။။။။။

You've reached the end of published parts.

⏰ Last updated: Sep 16, 2021 ⏰

Add this story to your Library to get notified about new parts!

KYOE  ( ကြိုး )Where stories live. Discover now