"နိုးနိုး...."
"ရှင်..ဒယ်ဒီဘာပြောစရာရှိလို့လဲ?.."
သူမအိပ်ခန်းထဲကိုဝင်လာတဲ့ ဦးနေမင်းအိမ်ကြောင့် မြတ်နိုးတစ်ယောက် ပေါင်ပေါ်တင်ထားတဲ့Laptopကို ဘေးချလိုက်၏။
"ဒယ်ဒီ..ဒီလောကကြီးကိုစိတ်ကုန်နေပြီသမီး..."
"ရှင်??...အော်...ဒေါ်မြသက်လျာထောင်ကျသွားတဲ့ကိစ္စကြောင့်လား?.."
နိုးစကားကြောင့် ဦးနေမင်းအိမ်ခေါင်းညိတ်၏။
"အင်း...အဲ့ဒါတွေလည်းပါတာပေါ့...ဖြစ်ခဲ့တာတွေကအများကြီးပဲလေ...ဒယ်ဒီနားချင်ပြီသမီး....ဒယ်ဒီနိုးနိုးကိုလည်းစိတ်ချနိုင်ပြီ...ဒယ်ဒီ့သမီးလေးက..ဘာအထိန်းအကွပ်မှမရှိလည်း..ကောင်းကောင်းရှင်သန်နိုင်တဲ့ကလေးဆိုတာဒယ်ဒီယုံကြည်တယ်...ဒယ်ဒီ့ဘဝတစ်သက်လုံး..မြှုပ်နှံခဲ့တဲ့..ဒီHomeလုပ်ငန်းစုကိုလည်း..နိုးနိုးကိုပဲဒယ်ဒီဦးဆောင်စေချင်တယ်...Rainbowကိုလည်းဦးဆောင်နေရတဲ့သူဆိုတော့..သမီးပင်ပန်းမယ်လို့တော့ဒယ်ဒီထင်တယ်..ဒါပေမယ့် လုပ်ငန်းစု၂ခုလုံးကိုပူးပေါင်းပြီး..ဆက်ပြီးရေရှည်တိုးတက်အောင် နိုးနိုးလက်ထဲကိုပဲဒယ်ဒီလွှဲအပ်ချင်တယ်...စစ်အကြောင်းတွေဒယ်ဒီသိပြီးပါပြီ...သူ့လက်ထဲကိုတော့..ဒယ်ဒီ့လုပ်ငန်းစုကိုဘယ်လိုစိတ်နဲ့အပ်ခဲ့ရမလဲ...သူ့အတွက်..လက်ရှိသူနေနေတဲ့အိမ်နဲ့ ရှယ်ယာတစ်ချို့တစ်ဝက်တော့လွှဲပေးခဲ့ချင်တယ်...အဲ့ဒါပြီးသွားရင်တော့..ဒယ်ဒီလည်း..စစ်ကိုင်းတောင်မှာ ရာသက်ပန်တရားစခန်းဝင်ဖို့ ဆုံးဖြတ်ထားတယ်...နိုးနိုးဘယ်လိုသဘောရလဲ.."
"ဒယ်ဒီက...အားလုံးကိုတောင်သေချာစဉ်းစားထားပြီးပြီပဲ...နိုးဘာမှကန့်ကွက်စရာမရှိပါဘူး..."
နားထင်ကိုဖိရင်း ပြောနေတဲ့နိုးကြောင့် ဦးနေမင်းအိမ်သေချာစိုက်ကြည့်မိသည်။
"သမီးနေမကောင်းဘူးလား..."
"အ..အဲ့လိုမဟုတ်ပါဘူး...ဒီတိုင်း...ခေါင်းနည်းနည်းနောက်နောက်နေလို့ပါ..."
"နိုးနိုးလည်းအခုရက်ပိုင်းစိတ်ဖိစီးမှုများတယ်ထင်တယ်...ဂရုတော့စိုက်ဦးနော်...အိပ်ရေးလည်းဝအောင်အိပ်ဦး...အိပ်ရေးပျက်တာများရင် စိတ်တွေကယောင်ခြောက်ခြားဖြစ်တတ်တယ်..."
ВЫ ЧИТАЕТЕ
VILLAIN[Season1](Completed)
Подростковая литература[Zawgyi] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား... [Unicode] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား...