အပိုင္း(၁၂)[Unicode]

1.4K 136 24
                                    

"အော်...ညီမလေး...ဒီတစ်ခေါက်လည်းကလေးတွေကိုလာလှူတာပဲလား.."

ဂေဟာတာဝန်ခံက လှမ်းနှုတ်ဆက်လိုက်မှ နွေ့အသိစိတ်တို့ပြန်ဝင်လာလေသည်။

"ဟုတ်အစ်မ...ကလေးတွေအတွက်လှူချင်လို့ပါ.."

"ဒါနဲ့..ညီမလေးချစ်သူရောမပါဘူးလား..အရင်ကအမြဲအတူလာနေကြနော်..."

တာဝန်ခံရဲ့နှုတ်ဆက်စကားက နွေ့ရင်ထဲကိုအောင့်သွားစေသည်။

"ဟို..သူ..မအားလို့ပါ.."

"အော်.အင်းပါ...ညီမလေး..လာလေ..အထဲဝင်ကြရအောင်.."

ခြေလှမ်းတို့ကဂေဟာအဆောက်အအုံထဲကိုလှမ်းနေပေမယ့် အကြည့်တို့ကတော့ ခြံထဲက မြတ်နိုးအိမ်နဲ့ကလေးတစ်သိုက်ဆီကို ​ရောက်နေမိသေးသည်။

"အစ်မ...သူကဒီမှာဘာလုပ်တာလဲဟင်.."

မသိစိတ်တို့က မနေနိုင်တော့ဘဲ ​မေးလိုက်မိတော့သည်။

"အော်...မြတ်နိုးလေးကိုပြောတာလား..မြတ်နိုးလေးကအရမ်းစိတ်ထားကောင်းတဲ့ကလေး ညီမလေးရဲ့..ငယ်ငယ်တည်းကသူ့အမေနဲ့အတူဒီဂေဟာကိုလာပြီးအလှူလုပ်နေကြ..သူ့အမေဆုံးသွားတဲ့နောက်ပိုင်းလည်း..သူအားတဲ့အချိန်တိုင်းကလေးတွေဆီလာပြီးအတူကစားပေးတာတို့..ပုံပြင်ပြောပြတာတို့လုပ်ပေးတတ်တယ်..တစ်လတစ်ခါလည်းသူ့မုန့်ဖိုးလေးတွေနဲ့ ကလေးတွေအတွက်မုန့်တွေ အရုပ်တွေဝယ်လာပေးတတ်သေးတာ..အဲ့တော့ဂေဟာကလေးတွေက သူ့ကိုဆိုအရမ်းချစ်ကြတာလေ..သူ၁၀နှစ်လောက်နိုင်ငံခြားထွက်သွားတော့လည်းဒီဂေဟာလေးနဲ့ ကလေးတွေကိုမေ့မသွားခဲ့ဘူး..သူ့သူငယ်ချင်းလေးကတစ်ဆင့် လတိုင်းထောက်ပံ့ကြေးပို့ပေးသေးတာ..အခုသူပြန်ရောက်လာတော့လည်း ကလေးတွေကိုတစ်ပတ်တစ်ခါလာထိန်းပေးတတ်တယ်.."

နွေတစ်ယောက်ကတော့ ဘာမှပြန်မပြောနိုင်ဘဲ နားထောင်နေမိသည်။

"အော်...သူက..အဲ့လိုတွေလည်း..လုပ်တတ်သေးတာလား..."

စိတ်ထဲကရေရွတ်သံတို့က နှုတ်မှလွှ တ်ခနဲထွက်ကျသွား၏။

"ဟင်..ညီမလေးတစ်ခုခုပြောလိုက်တာလား.."

ဘေးကတာဝန်ခံကောင်မလေးရဲ့စကားသံကြားမှသာ သူမသတိထားမိသည်။

VILLAIN[Season1](Completed)Место, где живут истории. Откройте их для себя