အပိုင်း(အပိုင်း၁၅)[Unicode]

1.9K 136 37
                                    

"မမ...ဧည့်သည်ရောက်နေပါတယ်..မနန်းယမုံလို့ပြောပါတယ်..လွှတ်လိုက်ရမလားဟင်.."

အတွင်းရေးမှူးမလေးရဲ့စကားကြောင့် မြတ်နိုးခေါင်းညိတ်ပြလိုက်၏။

"အင်း..လွှတ်လိုက်လေ..ပြီးတော့..ကော်ဖီနဲ့မုန့်နဲ့ပါပြင်လာခဲ့ပေးနော်.."

"ဟုတ်ကဲ့မမ.."

အတွင်းရေးမှူးမလေးထွက်သွားပြီး ခဏအကြာမှာတော့ အမျိုးသမီးငယ်တစ်ဦး မြတ်နိုးရဲ့ရုံးခန်းထဲကိုဝင်လာ၏။ ထိုအမျိုးသမီးငယ်ကား စစ်မှူးအိမ်တို့Homeလုပ်ငန်းစု၏ စာရင်းကိုင်ဟောင်းဖြစ်၏။ ယခုလက်ရှိ ငွေကြေးလိမ်လည်မှုနှင့် စွပ်စွဲခံထားရသူလည်းဖြစ်၏။

"ထိုင်ပါနန်းယမုံ...မင်းလာမယ်ဆိုလို့ ကိုယ်မနက်တည်းကမျှော်နေတာ.."

"ဟုတ်ကဲ့...ဟို...ဖုန်းထဲမှာပြောတဲ့အတိုင်း..တကယ်ပဲ..နန်းနဲ့စာရင်းကိုင်အတူတူလုပ်ခဲ့တဲ့မမိုးဆီမှာစာရင်းအမှန်တွေကရှိနေသေးတာလားဟင်.."

"ဟုတ်တယ်နန်းယမုံ...မင်းအရမ်းကံကောင်းတယ်...သူအခုထိစာရင်းတွေကိုမဖျောက်ဖျက်ပစ်ရသေးဘူး..အခု..မမိုးကိုယ်တိုင် ကိုယ်တို့ဆီကိုလာနေပြီ..မကြာခင်..ကိုယ်တို့လုပ်ငန်းစလို့ရတော့မယ်.."

"ဝမ်းသာလိုက်တာရှင်..."

ထိုမိန်းကလေး၏ ပြုံးပျော်သွားသော မျက်နှာလေးကိုကြည့်ကာ မြတ်နိုးအိမ်တစ်ချက်ပြုံးလိုက်မိ၏။

"မင်းမတရားခံရတဲ့ကိစ္စလည်းမကြာခင်ရှင်းသွားတော့မှာပါ..နောက်ပြီး..မတရားလုပ်ခဲ့တဲ့ဟိုသားအမိလည်း..ပြန်ပေးဆပ်စေရမယ်.."

"နန်းတို့သားအမိကို..အခုလို..အစစအရာရာ..ကူညီပေးခဲ့တဲ့အတွက်..ကျေးဇူးအများကြီးတင်ပါတယ်နော်.."

"ရပါတယ်ကွာ.."

မြတ်နိုးတစ်ယောက် စိတ်ထဲနှစ်ခြိုက်စွာ ပြုံးနေမိသည်။ သို့သော်.. ငယ်စဉ်ကတည်းက မြတ်နိုးအပေါ် ပျော်ရွှင်ခွင့်မပေးခဲ့သော ကံကြမ္မာကတော့ ထပ်ပြီးလှည့်စားလိုက်ပြန်သည်။

"နိုး...နိုး..."

အလောတကြီးပြေးဝင်လာသော ခန့်ကြောင့် မြတ်နိုးစိတ်ပူသွားမိသည်။

VILLAIN[Season1](Completed)Место, где живут истории. Откройте их для себя