"နိုးနိုး...ဒါကဘယ်လိုဖြစ်လာတာလဲဟာ.."
Milk Teaတွေပေကျံနေသောအင်္ကျီနှင့်ပြန်လာသော မြတ်နိုးကိုလှမ်းမေးလိုက်သူက ခန့်တိမ်လွှာ။
"ဘာမှမဖြစ်ပါဘူးခန့်ရာ...ငါ့ရဲ့HeartBeatအခန်းလေးထဲသိမ်းဖို့နောက်ထပ်ရတနာပစ္စည်းတစ်ခုရလာတာလေ.."
ခပ်ရေးရေးပြုံးရင်ပြောလိုက်သောမြတ်နိုးကြောင့် ခန့်တိမ်လွှာမျက်မှောင်ကြုတ်မိသွား၏။
"ဟိုကောင်မလေးကြောင့်ပဲမဟုတ်လား...တောက်...သူတော်တော်လွန်လာပြီကွာ...ဟိုနေ့ကclubမှာလည်းနင်နဲ့စစ် ပြဿနာဖြစ်နေတာငါတွေ့လိုက်တယ်..ကိုနေဝန်းနောင်ရှိနေလို့သာ ငါနင့်နားမလာတာ.."
မြတ်နိုးကတော့ခပ်ပြုံးပြုံးနှင့်သာခေါင်းညိတ်ပြရင်း အခန်းတစ်ခုဆီကိုလျှောက်သွား၏။ ထိုအခန်းတံခါးဝ၌ "My HeartBeat" ဟူသောစာသားလးရေးထားလေသည်။
"ဒါနဲ့နင်ကဒီကိုဘယ်လိုရောက်နေတာလဲ.."
"နင်ဒီမှာနေရထိုင်ရတာအဆင်ပြေရဲ့လားလို့ဝင်လာကြည့်တာ..နင်ဒီမှာမရှိလို့အိမ်ထဲဝင်စောင့်နေလိုက်တာ.."
ခေါင်းတစ်ဆက်ဆက်ညိတ်ပြလိုက်၏။
"နိုးနိုး...နင်သူ့ကိုမေ့လိုက်တော့ဟာ.."
ခန့်ရဲ့စကားကြောင့် မြတ်နိုးကခပ်ရေးရေးပြုံးလိုက်၏။
"ဒါကတော့ခန့်ရယ်..ဘယ်လိုဖြစ်နိုင်မှာလဲ..ငါတို့ရင်ဘတ်ထဲကနှလုံးသားကိုအမေမွေးကတည်းကထည့်ပေးလိုက်တာကဆက်ပြီးရှင်သန်ဖို့လေ..ထုတ်ပြီးလွှင့်ပစ်လို့မှမရတာ..ဒီလိုပဲပေါ့...ငယ့်ကိုချစ်မိသွားတဲ့ငါ့နှလုံးသားကလည်းဆက်ပြီးချစ်နေဖို့လေ...မုန်းပြီးမေ့ပစ်ဖို့မှမဟုတ်တာ.."
သေချာစီစဉ်ထားသောထိုအခန့်ရှေ့၌ရပ်လိုက်ကာ အခန်းတံခါးဘေးကpassword ခလုတ်လေးဆီိသို့ သူမ၏လက်သွယ်သွယ်လေးများကိုခရီးနှင်လိုက်၏။
"2..0..2..2..0..0..2...20th February 2002..ဒါဟိုကောင်မလေးမွေးနေ့မဟုတ်လား..ဒါဆိုငါထင်တဲ့အတိုင်းဒီအခန်းကသူနဲ့ပက်သက်နေတာပေါ့.."
ကွန်ဒိုကိုစပြောင်းလာကတည်းက ဗိသုကာအင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ၂ယောက်ကိုခေါ်ခိုင်းပြီး အထူးသီးသန့်လုပ်ခိုင်းတာတဲ့ ဒီအခန်းကို ခန့်ကိုယ်တိုင်လည်းစိတ်ဝင်စားနေခဲ့လေသည်။
ВЫ ЧИТАЕТЕ
VILLAIN[Season1](Completed)
Подростковая литература[Zawgyi] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား... [Unicode] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား...