မနက်စောစော ဝေလီဝေလင်း အချိန်တွင် ဆယ်တန်းအောင်စာရင်း ကြေညာသော နေရာသို့ သူမတို့၃ဦး ရောက်ရှိသွားကြ၏။ တိုးကြိတ်နေကြသော လူစုလူဝေးထဲသို့ အနည်းငယ်တိုးကာ ဝင်ကြည့်ကြ၏။
"ဆကရ ၇၉၃...မမြတ်နိုးအိမ်...မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ...ဒါ...ဒါတကယ်ပဲ...ငါ့သမီးလား.."
ဂုဏ်ထူးတွေကို ပါးစပ်ကရေရွတ်ရင်း အံ့အားသင့်နေတဲ့ ဦးနေမင်းအိမ်ကို ငေးကြည့်ရင်း မြတ်နိုးအိမ်တစ်ယောက် ကျေနပ်နေမိသည်။
"ဟုတ်ကဲ့..အဲ့ဒါနိုးရဲ့ခုံနံပါတ်ပါဒယ်ဒီ.."
"ဟား...ငါ့သမီးကတော်လှချည်လား...ညကျရင်တော့သမီးကိုကောင်းကောင်းဆုချမှဖြစ်မယ်.."
ဘာဆုမှမရရင်တောင်..ဒယ်ဒီပြောပေးတဲ့ဒီစကားတစ်ခွန်းနဲ့တင်..နိုးကျေနပ်ပါတယ်ဒယ်ဒီရယ်...။
"မမကဘာသာစုံဂုဏ်ထူးထွက်တာပေါ့...တော်လိုက်တာ..ဟီး..."
စစ်ပြောတဲ့စကားကတောင် သူမနားထဲမဝင်တော့ပါ။ တစ်ယောက်တည်းစိတ်ထဲကကြိတ်၍ပျော်နေမိသည်။
"ကဲ..ပြန်ကြမယ်..ညကျရင် ဒယ်ဒီတို့မိသားစု အပြင်မှာအမှတ်တရdinnerသွားစားကြရအောင်..ပြီးတော့..ဂုဏ်ပြုပွဲကိုလည်းဒီရက်ပိုင်းအတွင်းလုပ်ပေးမယ်.."
မြတ်နိုးအိမ်ရဲ့ဘဝမှာ သူ့ဖခင်ဆီက အခုလိုအလေးထားခြင်းကို တစ်ခါမှမရခဲ့ဖူးပါ။ သူမကတော့ မကြုံရသေးတဲ့အနာဂတ်လေးအတွက် ကြိုတွေးရင်း အပျော်ကြီးပျော်နေမိလေသည်။
🖤🖤🖤🖤🖤🖤🖤🖤
ဒီနေ့မှဝယ်လာခဲ့တဲ့ Hoodieအနီရဲရဲလေးနှင့် jean pantလေးဝတ်ကာ dinnerစားဖို့ဒယ်ဒီလာခေါ်မည့်အချိန်ကို မြတ်နိုးထိုင်စောင့်နေမိသည်။ ကုတင်ပေါ်မှာထိုင်နေရင်း သူမမျက်ဝန်းတို့က ဘီဒိုပေါ်ကဒိုင်းဆုလေးတွေဆီ ရောက်သွား၏။
"ငယ်ငယ်တည်းက..ဆုပေးပွဲတိုင်းကို...အမြဲတမ်း နိုးတစ်ယောက်တည်းပဲတက်ပြီး..ဒီဆုတွေကိုတိတ်တဆိတ်ပဲယူထားခဲ့ရတယ်ဆိုတာ...ဒယ်ဒီသိရင် သိပ်..ကောင်းမှာပဲနော်..."
ရေရွတ်နေရင်း မျက်ရည်စတို့ကဝေ့ဝဲလာပြန်သည်။ ထို့နောက် သူမ၏နှုတ်ခမ်းပါးရဲရဲလေးကို အစွမ်းကုန်ပြုံးလိုက်၏။
YOU ARE READING
VILLAIN[Season1](Completed)
Teen Fiction[Zawgyi] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား... [Unicode] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား...