အပိုင်း(၁၆)[Unicode]

2K 126 26
                                    

ညနေစောင်းရဲ့ နေရောင်အောက်မှာ စူးစူးရှရှမျက်ဝန်းညိုတစ်စုံကတော့ တစ်လက်လက်တောက်ပလျှက်ရှိနေ၏။

"Sorryပါကွာ...မင်းအတွက်တော့စိတ်မကောင်းပေမယ့်...မင်းက..ငါချစ်တဲ့သူကိုမှလာချစ်တာကိုး..."

ထိုဩရှရှအသံလေးတစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုနေရာကို ကျောခိုင်းထွက်ခွာရန် နေဝန်းနောင်ကြိုးစားလိုက်၏။ ထိုစဉ် ရုတ်တရက်ဖြတ်ခနဲမြင်လိုက်သော မြင်ကွင်းတစ်ခုကြောင့် သူ့ခြေလှမ်းများတွန့်ခနဲရပ်တန့်သွားကာ နောက်ကျောဘက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်လေသည်။

"....."

နေဝန်းနောင်ကို ဆွံ့အသွားစေသောအရာကား...ရေထဲဆင်းရန် ခြုံထားသော သဘက်ကိုချွတ်ချလိုက်သော လမင်းနောင်ကြောင့်ဖြစ်၏။

"အစ်ကို..ဖျော်ရည်လေးသုံးဆောင်ပါဦး..."

လမင်းနောင်အနားသို့ချဉ်းကပ်လာသော အယောင်ဆောင်စားပွဲထိုးကလေးက ဆိုလိုက်ခြင်းဖြစ်၏။

"အတော်ပဲကွာ...ငါလည်းရေဆာနေတာ...ပေး.."

လမင်းနောင်က အဆိပ်ခတ်ထားသောအ​အေးခွက်ကို လှမ်းယူလိုက်ကာ နှုတ်ခမ်းနားသို့တေ့လိုက်၏။

ဒီ...ဒီကောင်လေးရဲ့..ကျောလယ်မှာအနီရောင်အမှတ်အသားရှိနေတာလား...ဒါ...ဒါဆို...သူက...ညီလေးများဖြစ်နေမလား...။

ဝေဝေဝါးဝါးဝင်လာသော အတွေးတို့ကြောင့် နေဝန်းနောင်ထိုနေရာကိုအပြေးသွားမိတော့သည်။

"အ...."

ခွမ်းခနဲ ကျကွဲသွားသော ဖန်ခွက်နှင့်အတူ ပေါ်ထွက်လာသော လမင်းနောင်၏အသံဖြစ်၏။

"Sorryကွာ....အစ်ကိုမမြင်လိုက်လို့ပါ..."

လမင်းနောင်ကတော့ ခေါင်းသာတစ်ချက်ညိတ်ပြလိုက်၏။ ဘေးနားက စားပွဲထိုးအယောင်ဆောင်ထားသော ကောင်လေးကတော့နေဝန်းနောင်ကို အံ့အားသင့်နေမိ၏။ နေဝန်းနောင်က ထိုကောင်လေးရဲ့ ပခုံးကိုတစ်ချက်ပုတ်ကာ အချက်ပြလိုက်လေသည်။ ထို့နောက် ထိုကောင်လေးလည်းထွက်ခွာသွားတော့၏။

"ဟူး....တကယ်ပဲ..မင်းကငါ့ညီလေးလား..."

နေဝန်းနောင်တစ်ယောက်တည်း သက်ပြင်းချရင်း အိမ်ပြန်ခရီးကိုနှင်လာခဲ့တော့လေသည်။

VILLAIN[Season1](Completed)Место, где живут истории. Откройте их для себя