အပိုင္း(၈)[Unicode]

1.4K 134 23
                                    

"နိုး...နင်သိပြီးပြီလား..နင့်ဒယ်ဒီကိုမနေ့ညကဆေးရုံတင်လိုက်ရတယ်ဟ..ငါ့အိမ်ကလူကြီးတွေတောင်လိုက်ပို့ကူကြသေးတယ်."

"ဟင်...ဘာရောဂါတဲ့လဲ.."

"အန်ကယ့်မှာကနှလုံးရောဂါရှိတယ်လေ..အခုလည်းညကနှလုံးဖောက်တယ်ထင်ပါရဲ့ဟာ..နင့်ဒယ်ဒီလည်းသူ့သားကြောင့်နဲ့စိတ်ဒုက္ခတွေရောက်နေတာမှမျိုးစုံပါပဲ.."

အရှေ့ကစကားကြောင့်စိတ်မကောင်းဖြစ်မိပေမယ့် အနောက်ကကပ်ပါလာသောစကားကြောင့် နည်းတောင်နည်းသေးတယ်ဟုပင် ​ပြောချင်သွား၏။

"ဟိုကောင်ကဘာတွေလုပ်နေပြန်ပြီလဲ.."

"စစ်ကဆေးစွဲနေတယ်လို့ကြားတယ်ဟ...ပြီးတော့..နင်သိတဲ့အတိုင်း ​ဒေါ်မြသက်လျာကလည်းအမွေတွေကိုသူ့သားနာမည်နဲ့လွှဲပေးဖို့အတင်းအကြပ်တောင်းဆိုနေပုံပဲ..လူပင်ပန်းစိတ်ပင်ပန်းနဲ့ဆိုတော့..နင့်ဒယ်ဒီမလဲပဲနေတော့မလား.."

မြတ်နိုးတစ်ယောက် မျက်မှောင်တစ်ချက်ထောင့်ချိုးလိုက်၏။ ထို့နောက် လက်သီးလေးကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။

"တောက်....မိုက်ရိုင်းလိုက်ကြတာ..ဒယ်ဒီ့အရိပ်မှာနေပြီး အခုလောက်ဒုက္ခပေးစရာလားဟာ.."

"စိတ်ကိုထိန်းပါဟာ..ဒီကိစ္စတွေကိုနင့်အဖေကိုယ်တိုင်ကကျေကျေနပ်နပ်လက်ခံထားတာလေ..နင်ဘာမှဝင်လုပ်လို့မရဘူး.."

ခန့်ရဲ့ဒီစကားတစ်ခွန်းကြောင့်မြတ်နိုးတစ်ယောက် ဆုပ်ထားသောလက်သီးကိုပြန်ဖြေချလိုက်ရ​လေသည်။

ဟုတ်တာပေါ့...ငါကသမီးအရင်းတစ်ယောက်ဖြစ်တယ်ဆိုတာကလွဲပြီး..ဒယ်ဒီနဲ့ပက်သက်တာတွေကို..ဘယ်တုန်းကဝင်ပါခွင့်ရဖူးလို့လဲ...ဟူး...။

🖤🖤🖤🖤🖤🖤🖤🖤

"ဒယ်ဒီ..."

ဆေးရုံအထူးခန်းတံခါးကို တွန်းဖွင့်ကာဝင်လာသောမြတ်နိုး..။ သို့သော် မြတ်နိုးရဲ့ခေါ်သံကိုဦးနေမင်းအိမ်ကတော့မကြားနိုင်ချေ..။

"ခင်ဗျားဒီကိုဘာလာလုပ်တာလဲမြတ်နိုးအိမ်.."

ခုတင်ဘေးကခုံတွင် ငယ်နဲ့အတူထိုင်နေသော စစ်မှူးအိမ်ကထအော်လိုက်၏။

VILLAIN[Season1](Completed)Where stories live. Discover now