မိုးတွေအရမ်းသည်းထန်နေတဲ့ည..
လျှပ်စီးတွေ မိုးခြိမ်းသံတွေ ပြည့်လွှမ်းနေတဲ့ ညတစ်ည..။"ရှင်ရူးများနေသလား ကိုနေမင်းအိမ်...ရှင့်မှာဦးနှောက်ရောရှိသေးရဲ့လား..ရှင်အဲ့ဒီမိန်းမကိုလက်ထပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုစိတ်ကူးနဲ့များချခဲ့တာလဲ...ပြောစမ်းပါဦး.."
မိုးခြိမ်းသံနဲ့အတူ ပေါက်ကွဲသံတွေပြည့်လျှံနေသော လူကုန်တန်မိသားစုတစ်စု၏ နေအိမ်တစ်အိမ်...။
"ငါမင်းကိုပြောပြီးပြီလေမြတ်ရယ်..ဟူး...ငါမှားခဲ့တဲ့အမှားအတွက်ငါတာဝန်ယူရလိမ့်မယ်...သူ့မှာအခုဆိုငါနဲ့ရတဲ့ကလေးရှိနေပြီ..ငါသူ့ကိုတရားဝင်လက်ထပ်ယူကိုယူရမယ်..."
သက်ပြင်းတွေကို စီးကရက်မီးခိုးတွေနှင့်အတူ မှုတ်ထုတ်ရင်း ဧည့်ခန်းထဲတွင် ထိုင်နေသူက Homeလုပ်ငန်းစု၏ Managing Director ဦးနေမင်းအိမ်...။
"ကောင်းပြီလေ...ရှင့်ဘက်ကသူ့ကိုရွေးတယ်ဆိုမှတော့...ကျွန်မတို့သားအမိလည်းရှင်နဲ့ဒီတစ်သက်ပြတ်ကြရုံပေါ့.."
"မင်းဘာသာမင်းဆင်းချင်ဆင်းသွားလို့ရတယ်မြတ်ထိပ်ထား..ငါ့သမီးလေးကိုခေါ်သွားစရာအကြောင်းမရှိဘူး.."
တစ်ဆက်ဆက်တုန်လျှက် တံခါးအကွယ်ကနေ ချောင်းကြည့်နေသော ကလေးငယ်တစ်ယောက်လည်း ထိုအိမ်ထဲတွင် ရှိနေ၏။ မိုးခြိမ်းသံသဲ့သဲ့ ကြားရင်တောင် ကြောက်လန့်တကြား ငိုတတ်တဲ့ ၅နှစ်အရွယ် ထိုကလေးမလေး ယခုအချိန် တိတ်တဆိတ် ရှိုက်ငိုနေသည်ကိုတော့ သူတို့သတိထားမိဟန်မတူပါ။
"ဘာ...ကျွန်မသမီးကိုမိထွေးနဲ့မထားခဲ့နိုင်ဘူး...ဖောက်ပြန်တဲ့သူကရှင်နော်...အဲ့ဒါကိုလည်းမမေ့နဲ့...ကျွန်မသမီးကိုကျွန်မပဲခေါ်သွားမယ်..."
"မြတ်ထိပ်ထား!!..."
ဒေါ်မြတ်ထိပ်ထား၏နာမည်ကို ဒေါသတကြီး အော်လိုက်မိသည်။ တစ်ချိန်တည်းမှာပဲ ဒေါ်မြတ်ထိပ်ထားကလည်း တံခါးအကွယ်က ကလေးမလေးလက်ကို ဆွဲလိုက်၏။
"နိုးနိုး....လာ...မာမီတို့ဖွားဖွားအိမ်သွားကြမယ်.."
ဖြူဖြူဖောင်းဖောင်း ပါးကလေးတွေနှင့် ကလေးမလေးက ဒေါ်မြတ်ထိပ်ထားကို မော့ကြည့်၏။
YOU ARE READING
VILLAIN[Season1](Completed)
Teen Fiction[Zawgyi] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား... [Unicode] မင်းမချစ်လည်း ဖြစ်ပါတယ်ငယ် မင်းမုန်းလည်း ကိုယ်ပြုံးပါမယ်ငယ် အော် ငယ်ရယ်... ဗီလိန်တွေမှာငိုခွင့်ရှိလို့လား...