အပိုင်း(၁၉)[Unicode]

1.2K 112 9
                                    

"ဘယ်လို???...ဒယ်ဒီဆုံးပြီဟုတ်လား??...ဟာ...မဖြစ်နိုင်တာ...မနက်ကထိအကောင်းကြီးကို...."

"..."

"အင်း..."

ဖုန်းရဲ့Call End Buttonကိုတောင် နှိပ်ဖို့စွမ်းအင် သူမမှာမရှိတော့။ သက်ပြင်းချသံနှင့်အတူ ရောပါသွားသော အင်း ဟူသောစကားတစ်ခွန်းကိုသာပြန်ပြောရင်း ရုံးခန်းထဲကဆိုဖာပေါ် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။

ကျဖို့မျက်ရည်များက အပြင်သို့ရောက်လာဖို့ပင် သူမမှာ အားအင်မရှိ။ ရင်ထဲမှာ အရာအားလုံးဖြိုဖျက်ခံလိုက်ရသလို ခံစားနေရ၏။ မုန်တိုင်းပြီးကာစ မြို့ပျက်တစ်ခုပမာ သူမရဲ့စိတ်ဝိညာဥ်တွေအကုန် အလဲလဲအပြိုပြို။ မျက်ရည်ကျနိုင်စွမ်းမရှိသလို ယုံကြည်လက်ခံနိုင်စွမ်းလည်း သူမမှာ ယခုချိန်ထိမရှိသေး။

ဆောက်တည်ရာပင်မရ၍ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိထားမိ၏။

"ဘာလို့လဲ?....ဘာလို့ငါ့ကျမှလဲ?...ဘာလို့ငါ့ကျမှဒီလောက်ကံဆိုးရတာလဲကွာ?...ဒီလောကကြီးထဲဝင်လာကတည်းက..ငါ့အတွက်ဘယ်သူမှမရှိဘူး..အဖေအသက်ရှင်လျှက်ရှိရဲ့သားနဲ့ အဖေ့မေတ္တာမဲ့ခဲ့ရတယ်..ငါ့ဘက်ရှိတဲ့အမေကျတော့တော့လည်းအစောကြီးထွက်ခွာသွားရတယ်...အဖေမေတ္တာပြန်ရကာစရှိသေး...ငါ့အနားကဆွဲခေါ်ထုတ်သွားခံရပြန်ပြီ...ဘာလို့လဲ?...ဘာလို့လောကကြီးကငါ့အပေါ်ဆိုသိပ်ရက်စက်ရတာလဲ?...ငါဘာတွေများအပြစ်ရှိနေလို့လဲ?...ဘာလို့လဲ???..."

သံရှည်ဆွဲအော်မိရင်း မြတ်နိုးတစ်ယောက် ခုံပေါ်သို့ခွေခနဲလဲကျသွားလေ၏။

မင်းကကိုယ့်အပေါ်ဆိုရက်စက်တယ်..
ဒါပေမယ့်..
ကိုယ့်အပေါ်အကြိမ်ကြိမ်ရက်စက်တဲ့ကံကြမ္မာကိုတော့မမှီသေးပါဘူးလေ...။

🖤🖤🖤🖤🖤🖤🖤🖤🖤

"နိုးအခုဘယ်လိုနေသေးလဲအစ်ကို...အခြေအနေဘယ်လိုရှိလဲ?.."

/အခြေအနေကစိုးတော့မစိုးရိမ်ရပါဘူး...မြတ်နိုးကအားနည်းနေလို့..အခုတော့အားဆေးထိုးပေးထားလို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါပြီ...ညီကသာ..စိုက်ထဲမှာစစ်ဆေးနေရတာ..အစစအရာရာကိုယ့်ကိုကိုယ်သာဂရုစိုက်..ကြားလား?...မြတ်နိုးအတွက်ကဘာမှစိတ်မပူနဲ့..ကိုယ်တစ်ယောက်လုံးရှိပါသေးတယ်...ညီတစ်ခုခုဖြစ်ရင်သာ အခုချိန်ဘယ်သူမှဘာမှလုပ်မပေးနိုင်ဖြစ်မှာ...ကိုယ့်ကိုကိုယ်သာဂရုစိုက်ပါ...နော်../

VILLAIN[Season1](Completed)Où les histoires vivent. Découvrez maintenant