ဇာတ်သိမ်းပိုင်း[Unicode]

2.3K 133 23
                                    

"ဟင်?...ညီ...ဘယ်လိုဖြစ်ပြီးပြန်ရောက်လာတာလဲ..ညီလေးတောင်အခုလေးတင်အပြင်ထွက်သွားတာ.."

ဘယ်သူ့ကိုမှအသိမပေးဘဲ ရုတ်တရက်ရောက်ချလာတဲ့ခန့်တိမ်လွှာကြောင့် နေဝန်းနောင်အံ့ဩနေမိသည်။

"နွေတေးသံသာပျောက်နေတဲ့အမှုမှာ...ကျွန်တော်တို့သေချာပေါက်သွားရှာရမယ့်နေရာတစ်ခုရှိတယ်အစ်ကို.."

"ဟင်?..ဟုတ်လား...ဒါဆို..ဒီကရဲအရာရှိကြီးလည်းတစ်ခါတည်းလိုက်ခဲ့ပါလားဗျာ..ကျွန်တော်တို့အမြန်လိုက်သွားကြရအောင်.."

နေဝန်းနောင်ရဲ့စကားကြောင့် ခန့်တိမ်လွှာအနည်းငယ်ထိတ်လန့်သွားသည်။

"ဟို..ဒါဆိုရင်တော့..ကျွန်တော့်ကိုတစ်ခုလောက်ကတိပေးမှရမယ်...နွေတေးသံသာကိုပြန်တွေ့ခဲ့ရင်..တခြား..ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ပါဘူးလို့..ကျွန်တော့်ကိုကတိပေးပါ..."

ခန့်တိမ်လွှာစကားကြောင့် နေဝန်းနောင်ကအနည်းငယ်မျက်မှောင်ကြုတ်၏။

"ဘာလို့လဲ?..."

"ကျွန်တော့်ကိုအဲ့ကတိသာပေးပါ..ဒါမှ ကျွန်တော်လိုက်ပို့ပေးနိုင်မယ်..."

"ကောင်းပါပြီ...ကျွန်တော်ကတိပေးပါတယ်ဗျ.."

ရဲအရာရှိဆီကထိုစကားကြားပြီးမှ ခန့်တိမ်လွှာတစ်ယောက် သက်ပြင်းချလိုက်မိသည်။

"ဒါဆို..အခုပဲသွားရအောင်.."

သူငယ်ချင်းအပေါ်သစ္စာဖောက်တယ်လို့ပဲ နင်ငါ့ကိုအပြစ်တင်လေမလားနိုးနိုးရယ်...ဒါပေမယ့်လည်း ငါကကိုယ့်သူငယ်ချင်းကိုလမ်းမှားမရောက်အောင် မဖြစ်သင့်တာမဖြစ်ရအောင် ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်မဟုတ်လား..။

🖤🖤🖤🖤🖤🖤🖤🖤

"....."

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မြတ်နိုးပြောစရာစကားပျောက်သွားမိ၏။

"မြတ်နိုးအိမ်..."

ကိုယ်အမြတ်တနိုးလုယူလာခဲ့တဲ့အရာကို ပြန်လုယူလေမလားဆိုတဲ့အတွေးက မြတ်နိုးရင်ထဲထိုးနှက်လာ၏။

"စစ်..စစ်မှူးအိမ်...ဘယ်လိုဖြစ်ပြီး..."

"ခင်ဗျားနဲ့ကျုပ်စာရင်းရှင်းစရာရှိတယ်.."

VILLAIN[Season1](Completed)Où les histoires vivent. Découvrez maintenant