Part🌻2

1K 109 19
                                    

Unicode

"နည်းတောင် နည်းသေးတယ် ဘယ့်နှယ်ကွာ ကြားလို့မှမကောင်း''

"မင်းကလဲ''

"ဆိုပါဦး အခုလည်း ဖျားနေရက်နဲ့ လာစောင့်နေပြန်တယ် ဆိုပါတော့''

"သူက စောင့်ယူလို့​ပြောလို့ပါ''

"စောက်ပိုတွေမလုပ်စမ်းနဲ့ ။ ဒီစာအုပ်ငါယူပြီး ချန်ထားပေးလို့ ဖြစ်တယ်။ မင်းအဖြစ်သည်းပုံက မိုးတွင်းမှာထွက်တဲ့ ဖားလိုပဲ ကဲကို ကဲတယ်''

"မသိဘူးကွာ ငါဂေးသွားလား ကွေးသွားတာလား မသိ​တော့ဘူး၊ ဒါပေမယ့် သူ့နာမည်လေး၊သူ့အသံလေး၊သူ့ပုံစံလေး အာ ကြိုက်လွန်းလို့ ရူးရချည်ရဲ့''

သူရကတော့ လက်ဖျားခါတဲ့ပုံစံနဲ့ သူ့ကို ​ပြန်ကြည့်တယ်။သူကိုယ်တိုင်လည်း ဒီပုံစံမျိုးနဲ့ ရူးသွပ်မိမယ် မထင်ခဲ့ဖူးပါဘူး။ပြီးတော့ သူသဘောကျနေမိတာဟာ ယောက်ျားတစ်ဦး။မြင်မြင်ချင်း အချစ်ကို သူနားမလည်ပေမယ့် ဒီအမျိုးသားဟာ သူ့အိပ်မက်ထဲအထိ လွှမ်းမိုးနေပြီ။မောက်ခမ်းညိုဆိုတဲ့ တစ်ဦးဆိုင်နာမ်တစ်ခုဟာ သူ့နှလုံးသားမှာ ပဲ့တင်ထပ်​နေခဲ့​ပြီ။

"ဟေ့ကောင် ငါ့ဆိုင်ပိတ်ချိန်ရောက်နေပြီကွ မင်းလူက လာပါဦးမလား''

"ရတယ် ငါစောင့်ပြီးပိတ်ပေးခဲ့မယ် သော့အပိုထားပေးခဲ့''

"မင်း​ကိုယ်တွေ ပူနေသေးတယ်လေ။ မိုးကလည်းအေးနဲ့ မနက်မှ ပြန်လာခဲ့ပါလား ကမ္ဘာရာ''

"စိတ်မပူနဲ့ နာရီဝက်လောက်ပဲ စောင့်မယ်''

"ပြီးတာပဲ ဒီမှာသော့ မိုးမချုပ်စေနဲ့''

"အိုခေ''

သူဟာ စီးကရက်လေးကို မီးညှိလိုက်ရင်း တံခါးဝကို လှမ်းမျှော်နေတယ်။ငါးမိနစ်ကနေ တစ်နာရီအထိ ကြာသွားတယ်။မျှော်လင့်ခြင်းလေးကတော့ ရောက်မလာခဲ့ပါဘူး။မာမီဖုန်းဆက်​ခေါ်တဲ့အချိန်အထိ သူထပ်စောင့်ခဲ့ပါသေးတယ်။သူအိမ်​ပြန်ရောက်တော့ ည(၈)နာရီခွဲနေပြီ။ ကံမကုန်ရင်တော့ ထပ်ဆုံကြဦးမှာပါ ခင်ဗျားရယ်။

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now