Part🌻3

878 99 16
                                    

Unicode

ကမ္ဘာ ပြန်တော့မလို့လား ကိုယ်ဖုန်းလာနေလို့ ကြာသွားတယ်''

"အာ ရပါတယ် ။ ငါ ကိစ္စလေးတစ်ခုပေါ်လာလို့ပါ ကိုမောက်ခမ်းညို'' 

"ကိုယ် ဒါလေး လက်ဆောင်​ပေးလိုက်ချင်လို့​လေ။ ဒီမောက်ခမ်းဝါတွေက ပွင့်တဲ့အခါ သိပ်လှတာ''

သူဟာ ပန်း​ခြင်း​လေးကိုယူကာ နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ဖုန်းပြောနေတဲ့ တစ်ဖက်လူဟာ အမျိုးသမီးတစ်ဦး ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် သူမမေးရဲပါဘူး။တစ်စုံတစ်ခုသာ သေချာသွားရင် သူ့စိတ်ဟာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။သူရကို ဖုန်းခေါ်ပြီး ဘားတစ်ခုကို ချိန်းလိုက်တယ်။မလာရင် မင်းစာအုပ်ဆိုင် မီးရှို့ပစ်မယ်လို့ ထည့်ပြောပြီးရင်ပေါ့။

"ဟေ့ကောင် တော်တော့ကွ။ သောက်နေလိုက်တာ ကြွက်တွင်းကျလို့''

"မင်း ပြောကြည့်စမ်းပါ ဒါသူ့သက်ဆိုင်သူ ​ဖြစ်နေနိုင်လား''

"ညီမတို့၊သူငယ်ချင်းတို့လည်း ဖြစ်နိုင်တာပဲလေ''

"ဒါပေမယ့်ကွာ''

"မင်းအဖြစ်ကလဲ စစ်မရောက်ခင် မြားကုန်နေပြီ''

"ရူးချင်နေပြီကွ ချစ်လွန်းလို့ ရူးမလိုဖြစ်နေပြီ''

"ငါနားလည်တယ်ကမ္ဘာရ အခုတော့ပြန်ကြရအောင် မနက်ဖြန် ကုမ္ပဏီသွားရမှာမလား''

"မပြောနဲ့၊ သူ့အကြောင်းကလွဲလို့ မသိချင်ဘူး မကြားချင်ဘူး''

"ဟေ့ကောင်! ငါနဲ့ပြန်မလား၊ မင်းဒယ်ဒီကို ဖုန်းဆက်တိုင်ရမလား''

ကမ္ဘာဟာ သူ့ဒယ်ဒီကိုတော့ ကြောက်ရပါတယ်။ချစ်၊ကြောက်၊ရိုသေ ဆိုတာမျိုးပေါ့။ဒါနဲ့ပဲ သူ့အိမ်က သူအိပ်ရာအထိ သူရလိုက်ပို့လို့ ပြန်ရောက်လာပါတယ်။မာမီက ထူးပြီးမဆူပါဘူး။ဒီအရွယ်မှာ တစ်ခါတစ်လေ သောက်တာစားတာ သဘာဝပဲကို။

အဲဒီရက်နောက်နေ့ကစပြီး သူ့လူကို သွားမတွေ့ပဲ နေခဲ့တယ်။မပွင့်သေးတဲ့ ပန်းခြင်းလေးကို သူ့အခန်းဘေးက ဝရန်တာမှာ ထားလိုက်တယ်။ကုမ္ပဏီသွားဖြစ်ရင်ကတော့ လေ့လာစရာတွေ လေ့လာတယ်။ အိမ်မှာနေရင်တော့ အခန်းအောင်း ဖြစ်တယ်။တူညီတာတစ်ခုက နေရာတိုင်းမှာ ဒီအမျိူးသားကို လွမ်းနေမိတာပါပဲ။အချိန်အခါ၊နေရာ မရွေးပေါ့။သူမတတ်နိုင်တဲ့အဆုံးမှာ သူရဆိုင်ကို ထွက်ခဲ့ရပါတော့တယ်။

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now