Unicode
"သား...ခမ်းညို"
"မေမေ"
အစ်ကို့ မေမေက ခြံထဲကိုဝင်ဝင်ချင်း အစ်ကို့ကို ပြေးဖက်လာတယ် ။ အစ်ကို့ပါပါးကတော့ ပျောက်သွားတဲ့ ပစ္စည်းတစ်ခု ပြန်ရှာတွေ့တဲ့ ဝမ်းသာမှုပုံစံမျိုးနဲ့ ကြည့်လို့နေတယ် ။ ဘေးတွင်ရပ်နေတဲ့ အရပ်ရှည်ရှည် အမျိုးသားကတော့ အစ်ကို့ရဲ့ အစ်ကိုကြီး ဖြစ်ပါလိမ့်မယ် ။
"အထဲကို ဝင်လေ"
"ဟုတ်ကဲ့"
ထိုလူက အထဲဝင်ဖို့ပြောတဲ့အခါ ကမ္ဘာဧည့်ခန်းစားပွဲဆီ လျှောက်လာပြီး ဝင်ထိုင်လိုက်တယ် ။ ဒီအိမ်က ပထမတစ်ခေါက် သူရောက်တုန်းကနဲ့ ထူးခြားပြီး မပြောင်းလဲသွားဘူး ။ ဥပမာ...ကျွန်းစားပွဲခုံတွေနဲ့ နံရံပေါ်က ရှေးကျကျ ပန်းချီကားချပ်တွေပေါ့ ။
"ခေတ်ကမ္ဘာခေါင်နော်"
"ဟုတ်တယ်ဗျ"
"ကိုယ်က ခမ်းညိုရဲ့အစ်ကို ထင်းသစ်ရာပါ၊ နာမည်ကြားဖူးပေမယ့် အခုမှဆုံဖြစ်တယ် "
"ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ် အစ်ကို သစ်ရာ..."
ကမ္ဘာ့စိတ်မှာတော့ နာမည်ဆန်းဆန်းတွေကို အတွေးများနေမိတယ် ။ တစ်ယောက်က မောက်ခမ်းညို...တစ်ယောက်က ထင်းသစ်ရာတဲ့ ။ ထင်းသစ်ရာရဲ့ အဓိပ္ပါယ်ကို အစ်ကိုခမ်းညိုဆီ သူမေးဖြစ်အောင် မေးပါဦးမယ်။
"သားငယ်...ကိုယ့်အိမ်လိုပဲသဘောထားနော်"
စားပွဲနားရောက်လာတဲ့ အစ်ကို့အမေက ကိုသစ်ရာဘေး ဝင်ထိုင်ရင်း ပြောတယ် ။
"ဟုတ် အန်တီ"
"မင်းအစ်ကိုခေါ်သလို မေမေပဲ ခေါ်ပေါ့။ မင်းကလည်း မေမေတို့အတွက် သားငယ်လေးပါပဲ"
"ဟုတ် အမေ"
ဘေးတွင်ဝင်ထိုင်လာတဲ့ အစ်ကိုကတော့ အပြုံးတွေ ဝေဆာလို့ ။ ဒါက ဖြစ်သင့်ပါတယ်။ နှစ်အများကြီးဝေးကွာခဲ့ရတဲ့ မိသားစုနဲ့ဇာတိမြေကို ပြန်ဆုံခွင့်ရတာပဲလေ ။ ပြီးတော့ မိဘနှစ်ပါးရဲ့အရိပ်က တကယ်နွေးထွေးပါတယ် ။ အစ်ကို့အဖေကတော့ ညာဘက်ခုံလွတ်မှာ ဝင်ထိုင်လေတယ် ။
YOU ARE READING
"ချစ်သော မောက်ခမ်းညို"(Completed)
RomanceShort Story 🌻 Start Date...11.12.2021 End Date....11.12.2021 Unicode & Zawgyi