Part🌻7

466 48 16
                                    

Unicode

    "ဒေါက်တာ ဒီမှာထိုင်ပါဗျ"

   သူရနဲ့အတူပါလာတဲ့ ဒေါက်တာပဏ္ဏာဆိုသော အမျိုးသားက သူနဲ့အစ်ကို့အား ပြုံးပြကာ စားပွဲဝိုင်းတွင် ဝင်ထိုင်​ကြတယ်။ ထိုလူက အသားဖြူပြီး ရုပ်ရည်အားဖြင့် အလွန်ကိုသန့်သန့်ပြန့်ပြန့်ရှိပါတယ် ။

     "ဒါက မောက်ခမ်းဝါတွေထင်ရဲ့"

     "ဟုတ်တယ် ကိုပဏ္ဏာ အဲတာမောက်ခမ်းဝါတွေပဲ။ ဘယ်လိုလဲ လှတယ်မလား"

   ဒေါက်တာ ပဏ္ဏာက ဖြူလွှလွှစားပွဲခင်းအလယ်က အလှဖန်ပုလင်းက ပန်းတွေကိုကြည့်ရင်း မေးလာတော့ သူရက လျင်မြန်စွာဝင်ဖြေလေရဲ့ ။

     "ကိုယ် ဒီပန်းတွေအကြောင်း ကြားဖူးတာ ကြာနေပြီ ။ဒါပေမယ့် အခုမှပဲ သေချာမြင်ဖူးတော့တယ်"

     "သဘောကျရင် အပြန်ကျ လက်ဆောင်ယူသွားလေ ဒေါက်တာ....ရနံ့သင်းသင်းလေးနဲ့ သူက ဒီရာသီမှာ အများဆုံး ပွင့်တာ"

     "ကျေးဇူးပါဗျာ...ဒါနဲ့ ညီလေးက သူရသူငယ်ချင်း ခေတ်ကမ္ဘာမလား"

    "ဟုတ်ပါတယ်ဗျ...ဒီက ကျွန်တော့်အမျိုးသား မောက်ခမ်းညိုပါ"

    "တွေ့ရတာဝမ်းသာပါတယ် ဒေါက်တာ"

     "ထပ်တူဝမ်းသာပါတယ် ကိုခမ်းညို...ကျွန်တော်က လေးဆယ်စွန်းနေပြီဆိုတော့ ကိုခမ်းညိုတို့ထက် လေးငါးနှစ်ကြီးမယ် ထင်တယ်"

    "ကျွန်တော်က သုံးဆယ့်သုံးရှိနေပါပြီ"

     "ဒါနဲ့ ကိုခမ်းညိုကို မြင်နေရတာ မြင်လွှာမရှိတဲ့လူလို့ မထင်ရဘူးနော် ။ ပြီးတော့ ဗမာစစ်စစ်လည်း ဟုတ်မယ်မထင်ဘူး"

     "ဟုတ်တယ် ကိုပဏ္ဏာ....အစ်ကိုခမ်းညိုက ချင်းလူမျိုးလေ ဇာတိက ဟားခါးမြို့...ပြောရင်းဆိုရင်းတောင် အဲ့ဒီကိုတောင် ထပ်သွားချင်ပြန်ပြီ "

    သူရစကားကြောင့် အစ်ကိုက မျက်နှာပျက်မလိုဖြစ်သွားပြီးမှ ဟန်ပန်ကို အမြန်ထိန်းယူလိုက်တယ် ။သူက ဒီလူရဲ့ အရိပ်အခြည်ကို သိနေပြီးသားပဲလေ ။တစ်ခုခုဆိုတာနဲ့ သူမသိလိုက်တာက မရှိသလောက်ပဲမလား ။

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now