Unicode
"မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်မယ်နော်"
အစ်ကို့ကိုကြည့်ရင် နှလုံးခုန်တွေမြန်နေသူက ကမ္ဘာကိုယ်တိုင်ပဲ ဖြစ်တယ်။ ပတ်တီးစဖြူဖြူတွေ တစ်လွှာချင်း ဖယ်ရှားသွားတဲ့နောက် မျက်လုံးမို့မို့လေးတွေကို မြင်ရဖို့ တဖြည်းဖြည်း နီးကပ်လာတယ် ။ နောက်ဆုံး တစ်လွှာကုန်သွားတဲ့နောက် မျက်တောင်ရှည်ရှည်လေးတွေက ထင်းခနဲ ပေါ်လာခဲ့ပြီပဲ။
"အရင်မလိုနဲ့နော်။စိတ်ကို အာရုံစိုက်ပြီး ဖြည်းဖြည်းလေးပဲ ဖွင့်ပေးပါ။ ဖြည်းဖြည်း...ဟုတ်ပြီ...ဖြည်းဖြည်းလေး"
အစ်ကို့မျက်လုံးလေးတွေက ညင်ညင်သာသာလေး ပွင့်ဟလာတယ် ။ သို့ပေမယ့် နေရောင်ခြည်ဖျဖျကြောင့် ထင်ပါရဲ့။ နဖူးကြောလေးတွေရှုံ့ရင်း မျက်လွှာလေး ချက်ချင်းဆိုသလို ပြန်မှိတ်သွားခဲ့တယ် ။
"ထပ်ပြီး ကြိုးစားကြည့်နော် ။ နေရောင်ခြည် မထိတွေ့တာ ကြာလို့ ဖြစ်တာပါ ။ အဆင်ပြေမှာမို့ ကြောက်စရာမလိုပါဘူး လူနာ"
အစ်ကို့လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ထားလိုက်တယ် ။ အစ်ကို ဒုတိယအကြိမ်ကြိုးစားတယ် ။ မျက်ခွံတွေက ပထမတစ်ကြိမ်ကလို့ တွန့်ခနဲ ဖြစ်သွားပေမယ့် လုံးဝမှိတ်မသွားခဲ့ဘူး ။ အဆုံးအစွန်အထိ ဖွင့်လိုက်တဲ့အဆုံး သိပ်လှတဲ့ မျက်လုံးတွေက သူ့အရှေ့တည့်တည့်မှာ အသက်ဝင်လာခဲ့တယ် ။ ပြီးတော့ သူ့ကိုကြည့်နေတယ် ။
"က...ကမ္ဘာ...ကိုယ်မင်းကို ပြန်မြင်ရပြီ"
"ငါ လွမ်းနေခဲ့ရတဲ့ မျက်လုံးဝိုင်းတွေ..."
"ကမ္ဘာ...ကိုယ်"
"အာ...ခင်ဗျား မငိုနဲ့နော်"
အစ်ကို ငိုချင်နေတာကို သူသိတယ် ။ဒါပေမယ့် ဒီလူက ပြုံးနေခဲ့တယ် ။ သိပ်လှတဲ့ အပြုံးမျိုးပေါ့ ။ သူချစ်ရတဲ့ကိုယ့်ကို တစိုက်မတ်မတိကြည့်ရင်း ကိုယ့်နှလုံးသားက ခံစားရတဲ့ အပြုံးမျိုး...။ ဘာအတွက်မှ စိတ်ပူဖို့မလိုဘူး။ ဒီအပြုံးကို သူအလွတ်မှတ်မိသွားခဲ့ပြီ ။ ထိုလူရဲ့ ပြီးပြည့်စုံသွားတဲ့ ဆန္ဒတွေဟာ အဲ့ဒီ့အပြုံးအောက်မှာ ဝပ်တွားခဲ့ပြီလေ။
![](https://img.wattpad.com/cover/286077796-288-k209951.jpg)
YOU ARE READING
"ချစ်သော မောက်ခမ်းညို"(Completed)
RomanceShort Story 🌻 Start Date...11.12.2021 End Date....11.12.2021 Unicode & Zawgyi