Part🌻4

839 99 13
                                    

Unicode

"နေပါဦး ခင်ဗျားရာ''

သူဟာ ထွက်သွားတော့မယ့် ကျောပြင်တစ်ခုကို နောက်ကနေသိုင်းဖက်လိုက်တယ်။ပြီးရင် မျက်နှာကို ပခုံးပေါ်တင်ရင်း နား,နားကိုကပ်ပြီး စကားဆိုလိုက်တယ်။

"ခင်ဗျားကိုလွမ်းလို့ အဝေးကြီး လိုက်လာရတာလေ။ခင်ဗျားက ဒီလိုပဲရက်စက်တော့မလို့လား''

"လွှတ် လွှတ်ဦး ကမ္ဘာ...နေ့လယ်စာ စားချိန်ရောက်နေပြီ''

"ဟုတ်လား ခင်ဗျားကိုပဲ စားလိုက်မယ်လေ''

သူ့လက်တွေကို ဆွဲခွာရင်း သူ့လူကြီးက နောက်ဆုတ်သွားတယ်။နောက်ဆုံးမှာ သူ့ခန္ဓာကိုယ်နဲ့ အခန်းနံရံကြားမှာ ချစ်ရသူတစ်ယောက် ပိတ်မိနေပြီလေ။သူဟာ နံရံကို လက်နှစ်ဖက်ထောက်လိုက်ပြီး မြင်နေရတဲ့ နဖူးပြင်လေးကို ဆံနွယ်လေးတွေမတင်ပြီး တယုတယ နမ်းရှိုက်လိုက်တယ်။

"မြတ်နိုးလိုက်ရတာ ခင်ဗျားရယ်''

သူ့လူကြီးရဲ့ ရင်ခုန်သံတွေကို သူခံရမိတယ်။သူကိုယ်တိုင်လည်း ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်နေပါတယ်။ဒီနေရာမှာ သူတို့နှစ်ယောက်တည်းဆိုတဲ့ အသိက အခန်းအပူချိန်တွေကို မြင့်တက်စေတယ်။

"က..ကမ္ဘာ ကိုယ် ကိုယ်က''

"ရှူး တိုးတိုး ပြောတာကိုပဲနားထောင်''

သူ့လူကြီးရဲ့ နှုတ်ခမ်းဖျားတွေပေါ် လက်ညိုးလေးနဲ့ ထိတွေ့လိုက်ရင်း မျက်ရည်တွေဝေ့ချင်နေတဲ့ မျက်ဝန်းလှလှတွေကို စူးစိုက်ပြီး ကြည့်လိုက်တယ်။

"ငါခင်ဗျားကို စောင့်နိုင်တယ်။ ဘယ်အချိန်ထိဖြစ်ဖြစ်စောင့်ပါ့မယ်။ ဒါကြောင့်မလို့ ခင်ဗျားကတော့ ပစ်မချလိုက်ပါနဲ့''

"ကမ္ဘာ....မင်းတို့ ဘယ်ရောက်နေကြလဲ။ ငါရှာနေတာ အိမ်တစ်ပတ်ပြည့်နေပြီကွ''

"သူရ ခေါ်နေပြီ။ဖယ်ဦး ကမ္ဘာ...သူဝင်လာလိမ့်မယ်''

"ပြောတာ လက်ခံမှာလား''

"ကောင်းပြီ အရင်လွှတ်''

'အရေးကောင်း ဒိန်းဒေါင်းဖျက်'ဆိုတဲ့ အရူးစကားပုံ အတိုင်းပါပဲ။ရှေ့ကလူက ဒါကိုအကြောင်းပြုလို့ ကိုယ်လွတ်ရုန်းသွားပြီလေ။ဒါပေမယ့် သူပြုံးနေမိတယ်။သူ့လူကြီးရဲ့ ရှက်နေတဲ့အမူအရာလေးတွေကို ပြန်မြင်ယောင်တိုင်း ရူးမလို ဖြစ်ဖြစ်သွားတဲ့ အထိပဲ။

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now