Part 8 🌻

492 50 3
                                    

Unicode

       အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ။
      
      အန်ဗီမျက်စိအထူးကုဆေးရုံ...။

  "ရောဂါ အမျိုးအစားက Uveitisလို့ခေါ်ကြတဲ့ မျက်လုံးအလယ်လွှာ ၊Uvea နဲ့ အနီးနားက တစ်သျှူးတွေ ရောင်ရမ်းတဲ့ ရောဂါးမျိုးပါ။အတိအကျပြောရရင် Intemediate Uveitis လို့ခေါ်တယ်"

  "ဟုတ်ကဲ့ ဒေါက်တာ"

   "တကယ်တမ်း ဒီရောဂါမျိုးက မျက်လုံးတစ်ဖက်ပဲ ကွယ်တာ များတယ် ။ဒါပေမယ့် အခုက မြင်လွှာ နှစ်ဖက်လုံးပျက်စီးသွားတာပေါ့ ။ဒီ​လောက် အခြေအနေထိ မရောက်ခင် ကုသခဲ့မယ်ဆိုရင် ခွဲစိတ်ဖို့အထိ မလိုအပ်ဘူး ။အခုတော့ ခွဲစိတ်မှုကို မဖြစ်မနေ လုပ်ဆောင်ရမယ်"

  "ပြန်ကောင်လာဖို့ အခြေအနေကရော ဒေါက်တာ"

  "ဒါက အသက်အန္တရာယ်ထိခိုက်တာမျိုးတော့ မရှိဘူးလေ ။ အောင်မြင်ဖို့ကတော့ ၅၀-၅၀ ရာခိုင်နှုန်းပေါ့ ။ နောက်ကျနေတဲ့ အခြေအနေမှာ ကံတရားကလည်း ပါဝင်လာပြီမလား"

  သူ့စိတ်မှာ စိုးရိမ်စိတ်အချို့ ဖြတ်ပြေးသွားတယ် ။ တကယ်ဆို အမြင်အာရုံ လုံးဝမဆုံးရှုံးခင် ကုသခဲ့သင့်တာ ။ ဒီလူဟာ ဘာကြောင့်များ သူ့ကိုစောင့်နေခဲ့ရတာလဲ ။

    "ဒီရောဂါက စိတ်ဖိစီးမှုတွေကနေလည်း အမြစ်တွယ်တတ်တယ် ။ ခန့်မှန်းကြည့်ရသလောက် မင်းရဲ့အမျိုးသားက လွန်ခဲ့တဲ့နှစ်တွေမှာ တော်တော်လေး ပင်ပန်းခဲ့ပုံပဲ"

   "ဟုတ်ပါတယ် ဒေါက်တာ။ကိစ္စ အများစုက ကျွန်တော့်ကြောင့်ပါ ။ ဒါကြောင့်လည်း ကျွန်တော်သူ့ကို လုပ်ပေးသမျှအားလုံး အကောင်းဆုံးလုပ်ပေးချင်တာ။ သူ့မျက်လုံးတွေကို ပြန်မြင်စေချင်တယ် ။ သူ့ကိုပျော်စေချင်တယ် ။ သူသဘောကျတဲ့အရာတွေကို ပြန်ပြီးထိတွေ့ခွင့်ရစေချင်တယ် ဒေါက်တာ"

   "အကောင်းဆုံး ကြိုးစားပေးမှာမို့ အရမ်းကြီး စိတ်မပူပါနဲ့ ။ ပြန်ကောင်းလာဖို့ ရာနှုန်းနည်းပေမယ့် ထိခိုက်မှုမရှိဖို့တော့ အာမခံနိုင်ပါတယ်"

   "ကျေးဇူးပါ ဒေါက်တာ"

   "ဒီလိုဆို လာမယ့်စနေနေ့မှာ ခွဲခန်းဝင်မယ်။ဒါကြောင့်မို့ ဒီနေရာမှာ အုပ်ထိန်းသူလက်မှတ် ထိုးပေးပါ "

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now