Unicode
"ဟယ်လို''
"ကမ္ဘာ မင်း မင်းဟုတ်တယ်မလား''
"သူရ''
"မင်း နေနိုင်လိုက်တာကွာ''
"အင်း တောင်းပန်ပါတယ်''
"ကမ္ဘာ ကမ္ဘာလားဟင် သူရ ကိုယ့်ကိုဖြေပါ"
သူကြိုးစားပြီး တည်ဆောက်နေတဲ့ ကမ္ဘာသစ်တစ်ခုဟာ အသံလှိုင်းတစ်ခု ဝင်လာတဲ့နောက်မှာ လုံးဝ ပြိုကျသွားတယ်။ဒီအသံကို ထပ်ကြားနိုင်ဖို့ရာ သူ့အားအင်တွေ ကုန်ခန်းနေဆဲပဲ။
"ငါဖုန်းချပြီ သူရ''
"မင်း သူပို့တဲ့စာတွေ မရခဲ့ဘူးလား ။ မင်း တကယ်ပဲ နာကျည်းနေခဲ့တာလား''
"ဘာ ဘာပြောလိုက်တာလဲ''
"အကို အကိုခွမ်းညို သတိထားပါဦး!ဆရာမရေ အမြန်လာပေးပါ!''
သူပြန်မေးတုန်း ဆူဆူညံညံအသံတွေနဲ့ ဖုန်းကရုတ်တရက်ကျသွားတယ်။သူပြန်ခေါ်တော့ ကိုင်သူမဲ့နေပြီ။စာဆိုတော့ သူ့ဆီကိုပို့နေကျစာတွေလား။ဒီရောက်ပြီး တစ်နှစ်အကြာမှာစရောက်လာတဲ့ ဒီစာတွေအားလုံးကို သူလျစ်လျှူရှုထားခဲ့တာလေ။သူမြတ်နိုးရသူက စာတွေရေးပြီး သူ့ဆီကို ပို့လိမ့်မယ်လို့ တစ်ခါမှ တွေးထင်မထားခဲ့ဘူး။သူအမြန်ပဲ အယ်နီတို့အိမ်ဘက် သူပြေးသွားခဲ့ပြီး ခြံတံခါးကို ဘဲတီးလိုက်တယ်။
"အစ်ကို''
"စာ စာတွေ သိမ်းထားပေးတယ်မလား''
အယ်နီက စာအိတ်လေးတွေကို ပုံးလေးတစ်ခုထဲ သေချာ သိမ်းထားပေးခဲ့တယ်။သူ ဒီပုံးကိုယူလိုက်ပြီး ဒီခြံရှေ့မှာပဲထိုင်ချလိုက်ရင်း ပထမဆုံးတစ်စောင်ကို ရှာလိုက်တယ်။စာအိတ်အောက်ခြေမှ မောက်ခမ်းညို ဆိုတဲ့အမည်နဲ့လက်ရေးတစ်ခုကို မြင်တော့ သူ့မျက်ရည်တွေဟာ ဆည်တစ်ခု ကျိုးပေါက်လာသလို စီးကျလာတယ်။စိတ်မဆိုးပါနဲ့ ခင်ဗျားရယ်။ငါ အကြာကြီး ပစ်ထားမိခဲ့တယ်။
စာစောင်(၁) ။ မင်းထားသွားပြီး (၁)နှစ်အကြာမှာ ကိုယ်ဒီစာကိုရေးခဲ့တယ် ကမ္ဘာ။မင်းလိပ်စာပါဆိုတဲ့ နေရာတစ်ခုကို မသေချာမရေရာ သိခဲ့တဲ့နေ့ပေါ့။ကိုယ်လွမ်းနေခဲ့တယ်။မင်းကို လွမ်းနေခဲ့တယ်။မင်းကိုပြောခဲ့သလို ကိုယ်က လက်ထပ်ထားတဲ့ ယောကျ်ားတစ်ဦး။ကိုယ်နဲ့ ဝတ်ရည်ဆိုတဲ့ အမျိုးသမီးက ငယ်သူငယ်ချင်းဆိုလည်းမမှားဘူး။သူမ ဂျာမနီကိုမသွားခင် မိဘတွေရဲ့အလိုကျ လက်ထပ်စာချုပ်တစ်ခုမှာ လက်မှတ်ထိုးဖြစ်ခဲ့တယ်။ငြိစွန်းမှု တစ်စုံတစ်ရာရယ်လို့ မရှိခဲ့ကြပေမယ့် သူမပြန်လာတဲ့အခါ အသေအချာ လက်ထပ်ရမယ်ဆိုပါတော့။
YOU ARE READING
"ချစ်သော မောက်ခမ်းညို"(Completed)
RomanceShort Story 🌻 Start Date...11.12.2021 End Date....11.12.2021 Unicode & Zawgyi