အချစ်များစွာဖြင့် (အပိုင်း ၁၁)

1K 45 0
                                    

[  Zawgyi  ]

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က

'ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ !! လူကြားလို့တောင်မကောင်းဘူး  တောက်စ် ´

'မိအေး တောင်း ပန်ပါတယ် မမကြီး  မိအေးနဲ့ သားကို မခွဲပါနဲ့   မိအေးကို ထွက်သွားဆိုလည်း မိအေး ထွက်သွားပါ့မယ် ... သားကို တော့  ချမ်းသာပေးပါ  ´

' ဒီကလေးက  ဘယ်လိုဘဲဖြစ်ဖြစ် ငါတို့နဲ့ ဘဲနေရမှာ  လာခဲ့စမ်း!!´

' ဟင့်   ဟင့်  မေ ကြီး ဟင့်  မေမေ  ´

'သား  မလုပ်ပါနဲ့ မမကြီး  မိအေးကို ကြိုက်တာခိုင်းပါ ဒီလိုတော့မလုပ်ပါနဲ့  မိအေး မှာ ဒီသားလေးတယောက်ဘဲ ရှိတာပါ  ဟင့်.. မမကြီးး ´

'အောင်ဖေ ရေ!!!  သူ့ကို ခေါ်သွားလိုက်  ပြီးမှ ငါ့ကို ပြန်လာကြို ´

' ဟင့် အင်းး !! မေမေ  မသွားဘူး  ဟင့်  ဟင့်´

'သားး !! သား  မသွား ဟင့်  အင်းးး သား ´

သားဖြစ်သူ ကားပေါ်ရောက်သွားမှသာ
'ဒီမှာ မိအေး  မင်း  မစဉ်းစားတော့ဘူးလား  မင်း သားနောင်ရေးအတွက်လေ သူသာ မင်းနဲ့ နေရင် သူ့ဘ၀က တိုးတက်မှာမဟုတ်ဘူး  အိမ်စုတ်မှာ မွေး အိမ်စုတ်မှာ ကြီး  အိမ်စုတ်မှာ သေ ရအောင် ငါမထားနိုင်ဘူး ပြီးတော့ သူက ဘယ်လိုဘဲဖြစ်နေဖြစ်နေ ငါတို့ သွေးပါတာဘဲလေ  နင်သူ့တိုးတက်မယ့်လမ်းကို မပိတ်နဲ့  ပြီးတော့ ငါပေးတဲ့ ပိုက်ဆံယူပြီး သွားချင်ရာသွား  ပြန်မလာနဲ့  ´

'မလုပ်ပါနဲ့ မမကြီး    မိအေး  တောင်း ပန်ပါတယ် ´

' ဒီမှာ  မိအေး  မင်းကို သေချာ စဉ်းစားစေချင်တယ်  မင်းက ငယ်ပါသေးတယ်  ပိုကောင်းတဲ့ လူနဲ့တွေးနိုင်ပါတယ်  အာ့ကြောင့်..´

'ဟင့်အင်းး  မိအေး မလုပ်နိုင်ဘူး  မမကြီး  မိအေးကို  သနားပါနော်.. ´

'မိအေး !! နင့် ကို ငါက စေတနာနဲ့ လာပြောတာ ထွက်သွားတော့!!  မသွားရင်  နင့်သားကို ငါတစစီလုပ်ပစ်မှာ  ကြားလား!! ´

'ဟင့်အင်းးး မလုပ်ပါနဲ့  သားလေးကို ဘားမမလုပ်ပါနဲ့  သူက ကလေးဘဲရှိသေးတာ.. ´

အချစ်များစွာဖြင့် Where stories live. Discover now