[ Zawgyi ]
နေ့တွေ ရက်တွေ လတွေ ကုန်ဆုံးရင်း နှောင်းဗိုက်ထဲရှိ ကလေးမှာလည်း မိန်းကလေးမှန်းသိရသည်။ကိုကို့ကို ကလေးကမိန်းကလေး လို့ပြောလိုက်သည့်နေ့မှာပင် ကိုကိုက ငိုနေခဲ့သေးသည်။ဘာကြောင့်ငိုလဲ မသိရပေမဲ့ နှောင်းကတော့ က်ုကိုပျော်လို့ငိုတယ် ဘဲစိတ်ထဲမှာ တွေးတယ်။လရင့်တာနှင့်အညီ နေထိုင်မကောင်းဖြစ်လာသည်။ညညဆို ကလေးက ကန်သဖြင့် ကောင်းကောင်းအိပ်လို့မရ ၊ ကြာလာတော့ အိပ်ရေးပျက်များပြီး နေမကောင်းဖြစ်တော့သည်။နှောင်းနေမကောင်းဖြစ်တော့ ကိုကိုက ဂရုစိုက်ပါတယ်။ ကိုယ်ဝန်သည်နေမကောင်းတာက စိုးရိမ်ရသည်လေ။
'ကိုကို ဘယ်သွားမလို့လဲ´
'.......... ´
'ကိုကို စောစောပြန်လာခဲ့ပါလား´
'.......... ´
'က်ုကိုပြန်လာရင် နှောင်းအတွက် မုန့်ဝယ်လာခဲ့ပေးပါလားး´
'.......... ´
'အဲ့တာဆို နှောင်းအိပ်တော့မယ်´
နေ့ခင်း၁၁နာရီပင်ရှိသေးသော်လည်း အိပ်ချင်နေပြီလေ ကုတင်ပေါ်တက်ပြီးအိပ်ရန်လုပ်မှ အပြင်ထွက်ဖို့ခြေလှမ်းနေသည့်က်ုကိုသည် တံခါးလက်ကိုင်ကိုကိုင်ရင်း
'အပြင်ခနသွားမှာ ကြက်ကြော်ဝယ်လာခဲ့ပေးမယ်´
အိပ်နေသူ၏ နှုတ်ခမ်း၌ အပြုံးလေးတစ်ပွင့်ကို ပန်ဆင်လိုက်မိသည်။နှောင်းသိသည် ကိုကိုက ဘယ်တော့မှ နှောင်းကိုထားမသွားဘူးဆိုတာကိုပေါ့။
နှောင်းသည် အိပ်နေရင်း အိမ်မက်တစ်ခုကိုမက်သည်။ အိမ်မက်ထဲမှာတော့ ကိုကိုက
'နှောင်း ကိုယ်သွားရတော့မယ် ကောင်းကောင်းနေခဲ့နော် နှောင်း´
ကိုကိုသည် ဆုပ်ကိုင်ထားသော နှောင်း၏လက်ကို လွှတ်ကာ ထွက်သွားလေသည်။နှောင်းလိုက်ဖို့ပြင်လေတော့ နှောင်း၏ ခြေထောက်မှာ ရွေ့လို့ပင်မရအောင် ဖြစ်နေလေ၍ ဒူးထောက်လျက်သားနှင့်
'ကိုကို မသွားပါနဲ့ အီးးဟီးး နှောင်းကိုချစ်တယ်ဆို မသွားပါနဲ့ ကိုကိုရယ် ထားမသွားပါနဲ့ ´
ŞİMDİ OKUDUĞUN
အချစ်များစွာဖြင့်
Romantizmဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။