[ Zawgyi ]
မိသားစု ထမင်းစားပွဲသာဆိုတယ်
အားလုံးမှာနှုတ်ဆိတ်လျက်။'မင်း ပြီးရင် စာကြည့်ခန်းလာခဲ့လိုက်´
အမိန့်ဆန်စွာ ပြောလာသူကြောင့် ရောင်နီလည်း ခေါင်းငြိမ့်ပြရင်း လ်ုက်သွားရာ အခန်းထဲရောက်တော့
'ဘာပြောစရာရှိလို့လဲ အဖေ´
'မခေါ်နဲ့မင်း ကို ငါ ရွံလို့´
မျက်လုံးကိုကြည့်ပြီး တလုံးချင်းပြောလာသည်က ရင်ထဲသို့ နာကျင်စွာ စိုက်ဝင်လျက်။'ကျွန်တော်သိပြီးသားကို ထပ်ပြောဖို့ ခေါ်တာတော့မဟုတ်ဘူးထင်တယ်´
'ဦးအောင်ကောင်းဆိုတဲ့ မင်းကို ကူညီခဲ့တဲ့လူက ဘယ်သူလဲ´
'သူက သူဌေးကြီးတစ်ယောက်ပါ ကျွန်တော်သူ့ကိုကူညီခဲ့ဖူးတော့ ပြန်ကူညီတာပါ အထွေအထူးမရှိပါဘူး´
'ဟက် မင်းငါ့ကိုညာလို့ရမယ်များထင်သလား ရောင်နီ သူ့အကြောင်းငါစုံစမ်းပြီးသွားပြီ သူဌေးကြီးဦးအောင်ကောင်းက သေတာကြာပြီ´
'အဲ့တာကျွန်တော်မသိဘူး သူပေးတဲ့ အကူအညီကို ကျနော်လက်ခံခဲ့ရုံဘဲ´
'အင်းပါ လုပ်ထားဦးပေါ့ ရောင်နီလုပ်ထားဦးပေါ့´
'ဒါဆိုကျနော်တို့ပြန်တော့မယ်´
ပြောပြီးပြန်ထွက်လာသူကို ရောင်ခြည်က
'သတိထားဦးနော် အကို
အရမ်းကြီးပျော်မနေနဲ့´ခနဲ့ပြီး သတိပေးလာသူကို
'မင်းကသာ ငါ့ထက်ပိုပြီးးသတိထားရမှာ
နှောင်းး!လာ ပြန်မယ်´လက်ကိုကိုင်ကာ ဆွဲခေါ်လာသူကြောင့် နှောင်းအလိုက်သင့်ပါသွားရင်း ကားထဲရောက်မှသာ
'ကိုကို ကိုကိုဘာဖြစ်လို့လဲ´
'.........´
ပြန်မဖြေ။
ကိုကို့ကိုကြည့်ရတာ ဒေါသထွက်နေသည့်ပုံဖြစ်သဖြင့် နှောင်းလည်းနှုတ်ဆိတ်ကာ နေလိုက်တော့ ကားကို အရှိန်ဖြင့် လမ်းဘေး၌ထိုးရပ်ကာ အတင်းအကြပ်ပင် နှောင်း၏ နှုတ်ခမ်းပါးကို စုပ်ယူနမ်းရှိုက်လာသည်။
ESTÁS LEYENDO
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။