[ Zawgyi ]
နှောင်း နှိုးလာတော့ ကုတင်ဘေး၌ စာလေးသာတွေ့ရသည်။
' နှောင်း မနေ့က တောင်းပန်းပါတယ် ကိုယ်စိတ်လွတ်သွားတယ် ကိုယ်အရေးကြီးခရီးထွက်ရမှာ ၁ပတ်ကြာမယ်´ ဟူ၍သာ။
နှောင်းဝမ်းနည်းမိသည်။ဘာကြောင့်လဲဆိုတာ ရေရေရာရာမသိပေမဲ့လည်း..
' နှောင်း ကိုယ်မင်းကိုချစ်တယ်နှောင်း ဒါပေမဲ့ ခနတော့ ခွဲနေကြရအောင်´
ရောင်နီသည် ဂိုဏ်း၌ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ညီဆီမှ လက်လွဲယူခဲ့သည်။ သူများကိုချည်း အကူအညီတောင်းခိုင်းနေရတာ လူမဆန်သွားသလိုဖြစ်နေမလား?
ဂိုဏ်းထဲသို့ ခိုးဝင်သွားသူမှာ ဂိုဏ်း၏ အရေးကြီးအချက်အလက်တွေ အစုံပါသော Memory cardကို ခိုးယူခဲ့သည်။ ထိုအတွက် သူ၏ အသက်ကို နှူတ်ယူခဲ့သည်။
လေပြည်ဆိုသည် လူသားတိုင်းအတွက်အရေးကြီးသည် မည်သူမှ သတိမမူမိကြပေလည်းပေါ့။အဲ့လိုဘဲ ကိုယ့်ကို အမြဲတစေ ဂရုစိုက်တဲ့သူက ရုတ်တရက် ဂရုစိုက်ခြင်းတွေ ရပ်တန့်လိုက်ရင် ရင်ထဲမှာ လစ်ဟာသွားသလို နေရာလွတ်လေး တစ်နေရာရှိနေတတ်သည်။ထိုအရာက ဘာများပါလိမ့်?
ရောင်နီ၏ ဖုန်းကို နှောင်းအမြဲစောင့်နေမိသည်။
'ဘာလို့များ ဖုန်းမဆက်တာလဲ ကိုကို ဟင့် ကိုကို ပြောင်းလဲသွားတာလားးး ဟင့် ´
ဆိုဖာပေါ်တွင် ထိုင်ငိုနေသောနှောင်းသည်လည်း အလွန်သနားစရာကောင်းသည်။
တီ...တီ...(ဖုန်းမြည်သံ)
'ဟယ်လို ကိုကို! ´
' နှောင်း ဘာဖြစ်လို့လဲ´
'ဟင့်အင်း ဟင့် ဘားမှမဖြစ်ဘူး ကိုကိုဘယ်တော့ ပြန်လာမှာလဲ ´
' အင်း နည်းနည်းကြာဦးမယ် ဘာစားပြီးပြီလဲနှောင်း´
'အင်း ပြီးပြီ ကိုကိုရော´
' အင်း ပြီးပြီ ဒါဆို good nightနော် နှောင်း´
' ဟမ် အင်း´
တီ...(ဖုန်းချသံ)
ကိုကိုအဲ့လောက်ထိ ဖုန်းကိုမြန်မြန်ချလိမ့်မယ်လို့ မထင်ခဲ့ဘူး~~
KAMU SEDANG MEMBACA
အချစ်များစွာဖြင့်
Romansaဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။