[ Zawgyi ]
နှောင်းဖုန်းကို ဖွင့်ကြည့်လိုက်တော့....
miss callပေါင်းများစွာကို တွေ့ရသည် နံပါတ်တစ်ခုထဲကပင်။နှောင်းအစက ပြန်ခေါ်မလို့ပါဘဲ ဒါပေမဲ့ သူအိပ်နေလောက်ပြီလို့တွေးပြီး ဖုန်းကိုချကာ ကိုယ်လက်ဆေးရန် သွားမည်အလုပ်.. ဖုန်းထမြည်လာခဲ့သည်။
နှောင်းလည်း ရတီနှိုးလာမှာစိုး၍ ရေချိုးထဲဝင်ကာ မနက်မှ ပြောကြရအောင် ဟု တိုတိုတုတ်တုတ်ပြောကာ
ဖုန်းချပစ်လိုက်သည်။ထို့နောက် ခြေလက်ဆေးပြီးအခန်းထဲပြန်ဝင်လာတော့ ၂ယောက်အိပ် ကုတင်တလုံးကို ၁ယောက်အိပ်ဖြစ်အောင် အိပ်နိုင်သူကို အံ့သြမိသည်။အာ့လောက်တောင် အအိပ်ကြမ်းရလား..။နှောင်း သူ့ကိုယ်ကိုရွေ့ကာ အိပ်ရန်ပြင်လိုက်သည်။အိပ်မောကျရန်ရှိသေး..
ဒုတ်..
အ့
ရင်ဘတ်ကို အရှိန်ဖြင့် ကျလာသောလက်ကြောင့် နှောင်းလန့်နှိုးသွားသည်။ နှောင်းအိပ်လို့ရခါနီးသူက လာလာပြီးတိုက်ခိုက်နေသလိုပင်။နှောင်း အိပ်ချင်နေပြီ။၁၂နာရီပင်ကျော်နေပြီလေ။
သို့ပေမဲ့ တိုက်ခိုက်နေသူကြောင့် အိပ်မရပေ။ထို့ကြောင့်..ဒေါက်...ဒေါက်..
'နှောင်း!
ဘာလို့လဲ မအိပ်သေးဘူးလား ´' အိပ်ချင်တယ် ဒီမှာလာအိပ်မလို့ ဘာလဲ မရဘူးလား´
' မဟုတ် မဟုတ်ပါဘူး ရတယ် ၀င်လာလေ´
အခန်းထဲဝင်တော့ နှောင်းထူးဆန်းတဲ့ အနံ့တမျိုးရလိုက်တယ် ဘာနံ့လဲသာမသိတာ နဲနဲပြင်းမယ့်ပုံ ။ဒါပေါ့ ယောက်ျားလေး တယောက်အခန်းထဲမှာ ပြင်းတဲ့ အနံ့မျိုးရတာ မဆန်းပါဘူးလေ လို့တွေးလိုက်ပေမဲ့ စားကြည့်စားပွဲပေါ်က မီးခြစ်တွေ့တော့ ပိုထူးဆန်းသွားသလိုပင် ။ ဘာလို့ဆို သူက လက်ထပ်ပြီးတဲ့အချိန်ကစ အခုထိ ဆေးလိပ်သောက်တာမတွေ့ဖူးသေးတာကြောင့် သူ့ကို
' ဘာလုပ်နေတာလဲဟင် မအိပ်သေးဘူးလား ´
' ဟုတ်တယ် သဘက်ခါကျရင် ကိုယ့်ကို ကူညီပေးတဲ့ ဉီးအောင်ကောင်းက တွေ့ကြမယ်ဆိုလို့လေ သူ့ကို ဘယ်စားသောက်ဆိုင်မှာ ကျွေးမလဲလို့ ပြီးတော့ အိပ်လို့မပျော်သေးတာနဲ့ ဆိုင်ကောင်းတွေကို ကြိုရှာနေတာ ´
ESTÁS LEYENDO
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။