[ZAWGYI]
အထုပ်တွေများစွာကိုငေးကြည့်နေတုန်း နောက်ကနေ အမေက သားရောင်နီပြန်လာပြီလားဆိုတဲ့မေးခွန်းကိုဟုတ်ကဲ့ ကျနော် အမေတို့အတွက် စားစရာနဲ့လက်ဆောင်ဝယ်လာပေးတာဟုပြန်ပြောရင်းအမေက 'မိနှောင်း သားအတွက်ရေသွားခပ်လိုက်လေ ယောက်ျားအပြင်က ပြန်လာတာကို 'ဟု အမေပြောတော့
ရပါတယ် အမေ နှောင်းကိုမဆူပါနဲ့ ကျနော်ရေမဆာသလို မမောပါဘူးဗျပြန်ဖြေတော့
နှောင်းစိတ်ထဲမှာ ကိုယ့်ကိုကို ခင်မို့မို့အေး တောင်ထင်မိသွားတယ် ယောက်ခမနဲ့ သမက်ကြားမှာ သမီးရင်းက ဒဿဂီရိလေ။
ခနကြာတော့ အမေက 'မိနှောင်းရေ 'ဆိုပြီး အိပ်ခန်းထဲ ဝင်လာကာ သူ့လက်ထဲက ပစ္စည်းကို လက်ထဲအတင်းထိုးထည့်ပြီး
အိပ်ရာအောက်မှာထားအိပ်ဆိုပြီး ကြည့်လိုက်တော့ ဂွမ်းကပ်အိပ်လေး။အမေ့ကို ဘာလဲဆိုတော့ အမေက အဆောင်တဲ့ ။ နှောင်းနားမလည်သေးခင်အမေက 'ဒါ သားဆုပန်တဲ့အဆောင်အမေ ဆရာကြီးဆီကတယကူးတက သွားတောင်းထားတာ အိပ်ရင်ခေါင်းအုံးအောက် အိပ်ရာအောက်ထားအိပ်ရင် ဆေးစွမ်းက ၂လမကူးဘူးတဲ့ နင့်အဒေါ်မြဝင်းဆီကတောင်းလာတာ´
ဆိုပြီးပြောသောအမေ့မှာဝမ်းသာအားရ။ နှောင်းတော့မျက်နှာမကောင်းပေ။သို့သော် ဟုတ်ကဲ့ပါဟူ၍သာပြန်ဖြေခဲ့မိသည်။
ညနေရောက်တော့အမေတို့ကပြန်သွားသည် အလုပ်ကိစ္စဖြင့်သာလာတာဆိုတော့ ဆွဲထားလို့လည်းမရ။နှောင်းတို့မိသားစုမှာက ဖေဖေက နှလုံးအထူးကု မေမေကကျ အထက်တန်းပြဆရာမ မမကျပြန်တော့လည်း ရှေ့နေကောင်းတယောက်ဖြင့်ကျော်ကြားလျက်။
နှောင်းတယောက်ထဲဘဲ ဒီလိုဖြစ်နေတာ တွေးရင်းပင် မျက်ရည်များကျလာမိသည်။
ဒေါက်...ဒေါက်
တံခါးခေါက်သံကြား၍မျက်ရည်များကို သုတ်လိုက်သော်လည်း အခန်းထဲဝင်လာသူက မြင်မိအောင်မြင်သွားသေးသည်။
'နှောင်း..ငိုနေတာလား..ဘာလို့လဲ'
စိုးရိမ်စွာမေးလာသူကို လျစ်လျူရူလျက် ခေါင်းခါပြမိသည်။
ESTÁS LEYENDO
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။