[ Zawgyi ]
' ကိုကို!! ကိုကို.. နှိုးလာပြီလား?'
' အင်းး'
' ဘယ်နှစ်နာရီထိုးပြီလဲ နှောင်း'
' ဟင် အော် ၆နာရီခွဲနေပြီ ဘာဖြစ်လို့လဲ'
' ကိုယ်တောင်းပန်ပါတယ် ဘုရားသွားမယ်ပြောထားတာကို...'
' ရပါတယ် ကိုကိုရဲ့ ဘားမမဖြစ်ပါဘူး'
' ကုန်တိုက်သွားမယ်မလား သွားမယ်လေ ကိုယ်လိုက်ပို့ပေးမယ်'
' ကိုကိုနေမကောင်းဘူးလေ ကိုကို'
' ကိုယ်ဘားမမဖြစ်တော့ပါဘူး အော်..ဒါနဲ့ ရတီ့ကိုခေါ်လိုက်တာလား'
' မဟုတ်ဘူး သူက ကိုကို့ဆီဖုန်းဆက်လာတာနဲ့..ကိုကို!! မမရတီမှန်း ကိုကို ဘယ်လိုသိလဲ!'
' မခက်ပါဘူး သူက ဒီရေမွှေးနဲ့ သုံးလာတာ နှစ်ချီနေပြီလေ အခုထိအနံ့တွေသင်းနေတုန်းဘဲလေ'
' အော်'
' နှောင်း ဘာစားပြီးပြီလဲ ´
'ဟင့်အင်းးကိုကို
ကိုကိုဘာစားချင်လဲ နှောင်းသွားလုပ်ပေးမယ် '' အင်း ကျေးဇူးဘဲနော် နှောင်း
ကိုယ်မင်း ဟင်းချက်တာကြည့်ချင်လို့ လိုက်ခဲ့မယ်နော်'' ဟင်... အင်း နေကောင်းရင် လိုက်ခဲ့လေ'
'အင်း '
'ကိုကို ဆန်ပြုတ်စားမလား နှောင်းလုပ်ပေးမယ်လေ '
' ဟင့်အင်း နှောင်း ကိုယ် ဆန်ပြုတ်မစားချင်ဘူး'
' ဒါဆို ကိုကို ဘာစားချင်လဲ နှောင်းဘာလုပ်ပေးရမလဲဟင်'
' က်ုကို နှောင်းကြော်တဲ့ ကြက်ဥကြော်ဘဲစားချင်တယ်'
' ဟင် !အင်း ဒါဆို ခနစောင့်နော် နှောင်းကြော်ပေးမယ်'
' အင်းး'
တူး တူး တူးး(ဖုန်းမြည်သံ)
ရောင်နီ နှောင်းကို စိုက်ကြည့်နေရင်း ဖုန်းထမြည်လာသဖြင့်ဖုန်းနံပါတ်ကိုကြည့်ကာ ရုတ်ခြည်းပင် မီးဖိုချောင်က ထသွားခဲ့သည်။ရုတ်တရက် ထသွားသောသူကြောင့် နှောင်းစိတ်ထဲမှာ မေးခွန်းတွေ တရစက် ၀င်လာခဲ့သည်။
YOU ARE READING
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။