[ Zawgyi ]
တနေ့ပြီးတနေ့ကုန်ဆုံးလာခဲ့သည်။ဖြစ်ပျက်ခဲ့တာတွေနဲ့ ဆုံးရုံးခဲ့တာတွေကတော့ ချွင်းချက်ပေါ့။
'သမီးလေး နှိုးပြီလား´
'ခစ် ခစ်..´
'ဘာတွေရီနေတာတုန်း ဖေဖေ့ကိုလည်းပြောပြလေ´
'ခစ်ခစ် ခစ်ခစ်´
'လာ မန်မန်စားရအောင်´
'မန်..မန်...မန်း..မန်´
'စားမယ်မလား သမီးအကြိုက်ဖေဖေချက်ထားတာ အာ..´
'ကိုကို!! မြန်မြန်လုပ်လေ သမီးက်ု နှောင်းခွံမယ် ကိုကိုခွံရင်ကြာလို့´
'ကလေးကိုလည်း ငဲ့ဦးလေ နှောင်းရဲ့ သူ့ခမျာဖြေးဖြေးချင်းဘဲစားချင်ရှာမှာပေါ့´
'ဘယ်သူကရော အတင်းနင်းကန်ကျွေးနေလို့လဲ မသိရင် နှောင်းကသမီးကိုအနိုင်ကျင့်နေတဲ့အတိုင်းဘဲ´
'၀ူးးဝားးကျီးးကျားး´
'ဟားးဟားးးးသမီးကတောင် ဟုတ်တယ်တဲ့´
'ကိုကိုနော် သွား ..မခေါ်ဘူး´
'ဘာလို့ကောက်နေရပြန်တာလဲ ကလေးလား´
'ကလေးအမေမို့ကောက်တာ ရှင်းပြီလား တကယ်ဘဲ သားအဖနှစ်ယောက် သူများကိုအနိုင်ကျင့်တယ်´
'အနိုင်ကျင့်မခံရအောင် ကိုယ်ပြောတဲ့ အကြံကိုလက်ခံလိုက်လေ နှောင်းရဲ့´
'........´
မျက်စောင်းထိုးကာ ကြည့်နေသူကို ဆက်မစတော့ဘဲ ရောင်နီအင်္ကျီအမြန်လဲကာ အောက်ဆင်းတော့သည်။
ဒီနေ့သည် ရောင်နီ၏ မွေးနေ့ဖြစ်သဖြင့် မိဘမဲ့ ဂေဟာ များတွင် အလှူလုပ်ရန်စီစဉ်ထားသည်။
'သား!!´
'ပြောလေ မေမေ ဘာပြောမလို့လဲ´
'ပျော်ရွင်စရာမွေးနေ့ပါသား ´
'မလ်ုပါဘူး မေမေရဲ့ သားမှာအခု အရာအားလုံးပြည့်စုံနေပြီလေ´
'သားအခု ဘယ်သွားမှာလဲ´
'အခု ကုမ္မဏီမှာ အရေးပေါ်အစည်းအဝေး နေ့လည်ကျမှ ဂေဟာသွားဖို့စီစဉ်ထားတယ် မေမေ´
STAI LEGGENDO
အချစ်များစွာဖြင့်
Storie d'amoreဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။