[ Zawgyi ]
အချိန်အားဖြင့် ညနေ ၄နာရီ'မေမေ ပြန်လာပြီ!´
ဟင်
'မမ ပြန်လာပြီလား
ဒါနဲ့ အကိုကြီးရော´'အင်း သူက နေခဲ့မှာ မမနဲ့ မီးအိမ်ဘဲ ပြန်မှာ´
'ဖြစ်ပါ့မလား ကားရော´
'ကားကို သူနဲ့ ထားခဲ့တယ် မမတို့က လိုင်းကားစီးပြီးပြန်မှာ´
'အော် ဘာစားပြီးပြီလဲ နှောင်း ပြင်ပေး..´
'မလိုဘူးနှောင်း မမစားလာခဲ့တယ် မီးအိမ်ကော စားပြီးပြီလား´
'ဟုတ်ကဲ့ မေမေ မီး စားပြီးပြီ´
'အင်းး ဒါနဲ့ နှောင်း အကိုရောင်နီကော´
'ဟမ်!..အမ်...
သူ.. သူ အပြင်ခနထွက်သွားတယ်´'မဟုတ်ဘူး မဟုတ်ဘူး ခနမဟုတ်ဘူး မီး ဦးဦးကို မတွေ့မချင်း မပြန်ဘူးနော် မေမေ´
'ဒါပေါ့ မီးလေးရဲ့ ဦးဦးကို နှုတ်ဆက်ပြီးမှ ပြန်ရမှာ မငိုနဲ့နော် တိတ်..´
'သမီးး မေမေ တီလေးနဲ့ စကားပြောစရာရှိလို့ ဒီမှာဘဲ ကာတွန်းကားကြည့်နေနော် ´
'ဟုတ် မေမေ´
'လာ...´
ပြောစရာရှိတယ်လို့ပြောကာ အခန်းထဲ ဆွဲခေါ်သွားသူကြောင့်
'ဘာပြောမလို့လဲ မမ ပြောလေ ဘာဖြစ်လို့လဲ´
'နှောင်းတို့ အဆင်ပြေရဲ့လား!!´
'ဟင် အစအဆုံးမရှိ´
'အစစအရာရာပြောတာ အိမ်ထောင်ရေးအပါအ၀င်ပေါ့´
'ပြေပါတယ် မမရဲ့´
'မညာနဲ့ မမအကုန်သိတယ်နော်´
ဟင် အကုန်သိနေတာလား ဘာကိုအကုန်သိနေတာလဲ
'အကိုတို့ ကုမ္မဏီ ဒေဝါလီ ခံရမယ့် အခြေအနေရောက်လို့ ဦးအောင်ကောင်းက ကူညီထားတာဆို ဟုတ်လားနှောင်းး?´
'ဟုတ်တယ်လေ မမ အဲ့တာ ဘာဖြစ်လို့လဲဟင်´
'ဦးအောင်ကောင်းက သေတာကြာပြီနှောင်း မမတို့သူ့အမှုကိုတောင် ကိုင်ခဲ့ရသေးတယ်´
ESTÁS LEYENDO
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။