Part 2

22.1K 2K 54
                                    

<Unicode>

"အရှင်...အီးဟီး...အရှင် ကျွန်တော်မျိုးကို ထားမသွားပါနဲ့..."

တျန်းရန် ဘေးနားကနေ အော်ကြီးဟစ်ကျယ် ငိုယိုနေတဲ့ အသံတွေကြောင့် အိပ်နေရာကနေ နိုးလာရသည်။

တစ်ကယ်ပါပဲ တအရှင်ထဲအရှင်ဆိုပြီးတနေတာ ဘယ်သူကရော အရှင်ဖြစ်မနေလို့ သေနေရမှာလည်းလို့သာ အော်လိုက်ချင်တယ်။

နေပါဦး သူ့အိမ်မှာ ဘယ်တုန်းက အဲ့လောက် အသံကျယ်ကျယ်နဲ့အော်တဲ့အဖြစ်မျိုး ရှိဖူးလို့လည်း။

ဒါနဲ့ ဒီနေ့ကျမှ အခန်းထဲမှာ အမွှေးနံတွေ့မွန်ထူနေရတာပါလိမ့်။

တျန်းရန် နှာခေါင်းထိပ်ကို လက်ညိုးလေးနှင့် အလျားလိုက်ပွတ်ကာ မူးနောက်နေတဲ့ ခေါင်းကို အနည်းငယ်ကြည်လင်အောင်လုပ်ပြီး အရှေ့ကို စိုက်ကျနေတဲ့ ဆံပင်တွေကို အပေါ်သပ်တင်လိုက််မိတော့ ခါတိုင်းလို ဆံပင်တွေက အပေါ်ကို လှန်တင်မသွားပဲ ဘေးကိုဖျာကျနေတဲ့အပြင် နားအုပ်နေတဲ့ နေတဲ့ ဆံပင်အစား တင်ပါးနားထိ ဝဲနေတဲ့ ငွေဖြူရောင် ဆံနွယ်တွေကို ထိတွေ့မိသွားလေသည်။

ထိုပြင် ခေါင်းကိုသေချာမော့ကာ အရှေ့ကို လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ ဒူးထောက်ပြီး ရှေးခတ်အဝတ်အစားတွေနဲ့ အော်ကြီးဟစ်ကျယ် ငိုယိုနေတဲ့ ကောင်လေးတစ်ယောက်အား တွေ့လေသည်။

"အဲ့တာဘာလုပ်နေတာလည်း.."

"အ..အရှင် သတိရလာပြီ...အီးးးးး"

နဂိုထက် နည်းနည်း ြသတဲ့အသံအနေအထားကြောင့် တျန်းရန် လည်ပင်းကို ကိုင်ပြီး ချောင်းအနည်းငယ်ဆိုးလိုက်တော့ အရှေ့က ငိုနေတဲ့ ကောင်လေးက ထိုင်နေတဲ့ သူ့ကို ကြည့်ပြီး ပိုငိုလာတဲ့ အပြင် အခန်းထဲကနေ အပြင်ကို လှစ်ခနဲ ပြေးထွက်သွားလေတော့သည်။

ထိုကောင်လေး ထွက်သွားတာနဲ့ တျန်းရန် အခန်းကိုသေချာကြည့်မိတော့ မျက်လုံးတောင် ပြူးထွက်သွားလေသည်။

စံအိမ်က သူ့အခန်းထက်တောင် ကြီးပြီးကျယ်ပြောတဲ့ အခန်းကြီးနှင့် ရှေးခတ်အဆင်တန်ဆာတွေအပြည့်နှင့် နေရာကြီးက တျန်းရန်အား အတွေးများစေသည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Wo Geschichten leben. Entdecke jetzt