<Unicode>
"ယွဲ့အာ..."
"........"
"ယွဲ့အာ..."
တျန်းရန် သူဒီလောက်ခေါ်နေတာကို ဇာတ်လိုက်က သူ၏လက်ဖဝါးကိုပါးဖြင့်ထိကပ်ပြီး အခုထိ တျန်းရန်အား အဖတ်မလုပ်သည့်အတွက်ကြောင့် တျန်းရန် သက်ပြင်းချမိသည်။
ထိုပြင် တစ်ပြိုင်တည်းမှာလည်း သူ၏လက်ဖဝါးနှင့်ထိတွေ့နေသော ဇာတ်လိုက်၏ပါးပြင်ကြောင့် သူ၏စိတ်ေတွပိုမိုရှုပ်ထွေးလာရသည်။
ဘာစကားတစ်ခွန်းမှ မပြောပဲ ဒီတိုင်းသာငြိမ်သက်နေသည့် ဇာတ်လိုက်အား ကြည့်နေရင်းနဲ့မှ တျန်းရန် သူမေ့မလဲခင်က သူကဇာတ်လိုက်ရဲ့ ဦးလေးအရင်းမဟုတ်ဘူးဟူသော် ကိစ္စကို သွားစဥ်းစားမိလိုက်တာကြောင့် ထခုန်မတက်လန့်သွားရသည်။
မူလခန္တာကိုယ်ပိုင်ရှင်ရဲ့ မှတ်ညဏ်အရဆို နန်းတက်ပွဲနေ့က တျန်းရန်ပခုံးအားဓားနဲ့လှမ်းထိုးတဲ့လူကြီးဟာ ဟိုတစ်ခါသူအိမ်တော်က နှင်ထုတ်လိုက်တဲ့ ကိုယ်လုပ်တော်ချင်၏ ဖခင်ပင်ဖြစ်လိမ့်မယ်။
ထိုနေ့က တျန်းရန်ရဲ့ဗီဇအရဆို ထိုလူ၏ဓားချက်ကို ရှောင်နိုင်ပေမဲ့..အဲလူကြီး၏ ဦးရီးတော်အရင်းမဟုတ်ဘူးဆိုတဲ့ စကားကြောင့် တျန်းရန်ကြောင်အကာဒီတိုင်းရပ်ကြည့်နေမိခြင်းဖြစ်သည်။
ထိုသို့ တျန်းရန် ကြောင်အနေပုံကိုပဲ ထိုလူက အခွင့်အရေးရသွားတာဖြစ်သည်။
ဒါပေမဲ့ ဇာတ်လိုက်။ဇာတ်လိုက်က အဲ့လူစကားကို ဘယ်လိုထင်သွားလိုက််မလဲ။
သူသိသလောက်တော့ ဝတ္ထုထဲမှာ ဒီအချက်ဟာလုံးဝမပါပေ။
ယခု သူဝင်ထားတဲ့ မူလပိုင်ရှင်က ဇာတ်လိုက်လက်ချက်ကြောင့် ခေါင်းပြတ်ကာ သေဆုံးသွားသည့်တိုင်အောင် အဆုံးထိ ဦးလေးအရင်းမဟုတ်ဘူးဆိုတဲ့ အခန်းတစ်ခန်းမှကို မပါဝင်ခဲ့ပေ။
ပြီးတော့ ဇာတ်ကြောင်းပြောင်းလဲတယ်ဆိုတာတောင် အဲလောက်ပြောင်းလဲသွားဖို့လိုလို့လား။
အခုတော့ တစ်သက်လုံး ဦးလေးအရင်းဆိုပြီး ထင်နေတဲ့ ဇာတ်လိုက်က ဒီကိစ္စကြောင့် ဝမ်းနည်းသွားရင် ဘယ်လိုလုပ်မလဲ။
ESTÁS LEYENDO
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Ficción históricaဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021