Part 22

12.4K 1.2K 62
                                    

<Unicode>

အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ အခန်းရဲ့အခြေအနေမှာ တည်ငြိမ်ကာ တော်ဝင်ဆန်သည့် မျက်နှာတော်နှင့် ဧကရာဇ်က လက်ထဲမှာ စာအုပ်တစ်အုပ်ကိုကိုင်ဆောင်ထားရင်း သူ၏အရှေ့မှ ဒူးထောက်နေသည့် အရိပ်ကိုယ်ရံတော်ထံမှ တင်ပြလာသည့် စကားများအား ငြိမ်သက်စွာနားထောင်နေလေသည်။

"ထိုသူပြောတာအမှန်တွေပါပဲ အရှင်မင်းကြီး၊သူရဲ့ဇာတိက ကျောင်းဖင့်ကျေးရွာကဖြစ်ပြီး သူက လာမဲ့အမှုထမ်းရွေးချယ်ပွဲမှာ
ယွင်ခရိုင်ကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်မဲ့ စာသင်သားတစ်ဦးပါ"

ဧကရာဇ်က ထိုစကားအဆုံးမှာ မည်သည်ကိုမျှအရေးမစိုက်ဟန်ဖြင့် သူ၏လက်ထဲမှ စာရွက်တစ်ရွက်အား လှန်လှောရင်း.....

"ရန်ရှိရာကိုဘာကြောင့် ရောက်လာရတာလဲ"

ဟု မေးခွန်းထုတ်လေတော့သည်။

"ကျွန်တော်မျိုး စုံစမ်းရသလောက်ဆို
လုယွမ်လီက
ယွင်ခရိုင်မှာ ထူးချွန်တဲ့လူတစ်ဦးလို့ သိရပါတယ် လာမဲ့အမှုထမ်းရွေးချယ်ပွဲမှာ သူကသွားရောက်ယှဥ်ပြိုင်ဖို့ ရွေးချယ်ခံလိုက်ရတာကြောင့် မနာလို့တဲ့ အဆင့်ခြောက် အမတ်ရဲ့သားတစ်ဦးက လုပ်ကြံဖို့ကြိုးစားတာဖြစ်ပါတယ် ဒါပေမဲ့ သူကမသေပဲ ရေတံခွန်ပေါ်ကနေ ရေစီးနဲ့ မျောပါလာပြီး အခု့လို အရှင့်သားရှိရာကို ရောက်လာတာပါ အရှင်မင်းကြီး "

အစီရင်ခံမှု့ပြီးဆုံးသွားချိန်မှာပဲ ဧကရာဇ်က သူ၏လက်ထဲမှ စာအုပ်ကိုပိတ်ကာ သူအရှေ့မှ ဒူးထောက်နေသည့် အရိပ်ကိုယ်ရံတော်ကို ကြည့်ကာ လှောင်ရယ်သည့်ဟန် အပြုံးတစ်ပွင့်ဖြင့်......

"ကျန်း တို့မြို့တော်ပြန်ရင် သူပါ တစ်ပါတည်း လိုက်လာခဲ့စရာမလိုဘူး"

အရိပ်ကိုယ်ရံတော်က ထိုစကားကို နားလည်စွာ အမိန့်ကိုနာခံလိုက်လေသည်။

ဧကရာဇ်က သူတို့မြို့တော်ပြန်တဲ့အခါ သူပါ တစ်ပါတည်း လိုက်ပါစရာမလိုဘူးဆိုကထဲက ထိုလူဒဏ်ရာသက်သာလာပြီဆိုတာနဲ့ ခရီးဆက်လို့ရအောင် အခကြေးငွေပေးပြီး ထွက်သွားစေရန် ခိုင်းစေခြင်းပင်ဖြစ်သည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Место, где живут истории. Откройте их для себя