<Unicode>
ရှည်လျားသော ဝတ်ရုံကြီးက ရန်၏ ခန္တာကိုယ်အားလုံခြုံစွာ ဖုံးအုပ်ပြီးသွားပြီဆိုတာနဲ့ သူဟာ လုယွမ်လီထံ ဒေါသတကြီး ကြည့်လိုက်ရင်း ခက်ထန်သည့် အသံဖြင့် မေးလေသည်။
"မင်းက ဒီမှာဘာလုပ်နေတာလဲ!!.."
ချူယွဲ့၏ ခြိမ်းခြောက်လိုဟန်အပြည့်ဖြင့် မေးမြန်းခြင်းကြောင့် လုယွမ်လီဟာ
စိတ်ဝိညာဥ်ထဲကပါ ခြောက်ခြားသွားရပြီး ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်နေတဲ့ သခင်လေးကို ကူညီပေးရန် သနားစရာအကြည့်လေးဖြင့် ငေးကြည့်နေလိုက််မိလေသည်။အမှန်တိုင်းပြောရရင် ယွမ်လီ သူအရှေ့ကကြောက်စရာကောင်းတဲ့ ထိုလူ၏ ရာထူးအဆင်အတန်းကို သေချာမသိပါ သူသိတာဆိုလို့ ထိုလူဟာဒီရဲမက််တွေထဲမှ အာဏာရှိသည့် စစ်သူကြီးတစ်ဦးသာဖြစ်ပါလိမ့်မည်။
ဒါ့ကြောင့်ပဲ အခြားလူတွေဟာ ထိုလူကိုကြောက်လန့်နေရတာ ဖြစ်ပါလိမ့်မည်။
ထိုပြင်သူနောက်ထပ်သိသည့်အရာကတော့ ပထမတစ်ရက် ဒဏ်ရာတွေကနေ သူနိုးထလာပြီး သခင်လေးနားသွားတဲ့အချိန် သူ့အားကိုင်ပေါက်လိုက်သည့်လူက ထိုလူဆိုတာကိုတော့ သူသေသေချာချာကို မှတ်မိနေပါသည်။
ဒါ့ကြောင့် သူထိုလူကိုလွန်စွာကြောက်ရွံပါသည်။
တျန်းရန်က သူ့အားသနားဖွယ်ငေးကြည့်နေသည့် လုယွမ်လီကြောင့် သနားသွားရသလို ခေါင်းလည်းရှုပ်သွားရလေသည်။
ဇာတ်ကြောင်းပြောင်းလဲရခြင်းအကျိုးက ဒီလောက်တောင်ပဲလား။
သူသိတာဆိုလို့ မူလဇာတ်ကြောင်းမှာ လုယွမ်လီဟာ အမတ်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဖြောင့်မတ်တည်ကြည်တဲ့ အမတ်ငယ်တစ်ဦးဖြစ်ခဲ့သည်။
သူဟာ လာဘ်စားသည့် အမတ်များအား ကြောက်လန်မှု့မရှိပဲ မှန်သည်ထင်ရာကိုသာ အမှန်တိုင်းလျှောက်တင်ရဲတဲ့သူဖြစ်တာကြောင့် ဇာတ်လိုက်ဟာ လုယွမ်လီအား လွန်စွာသဘောကျပြီး သွေးသောက်ညီနောင်တောင် ဖွဲ့ခဲ့သေးသည်။
BINABASA MO ANG
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Historical Fictionဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021