Part 26

11.3K 1.1K 92
                                    

<Unicode>

ဒီကနေ့ တျန်းပြည်ထောင်ရဲ့ ညီလာခံခန်းမဟာ တိတ်ဆိတ်ခြင်းများ ကြီးစိုးနေလေသည်။

ညီလာခံအမတ်တွေဟာ အတွေးကိုယ်စီနဲ့ ဆွေးနွေးနေကြပြီး တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်း ဖြေရှင်းချက်ကိုရရှိစေရန် စောင့်ဆိုင်းနေကြလေသည်။

တစ်ညလုံးမအိပ်ပဲ မျက်လုံးအောက််မှာ အညိုအမည်းကွက််ကြီးများထွက်ပေါ်သည့်အထိ ဧကရာဇ်၏ချစ်မှု့အရေးနှင့် တိုင်းရေးပြည်ရေးအကြောင်းကို ထဲထဲဝင်ဝင်စဥ်းစားနေကြသည့် ထိုအမတ်များနှင့်ကွဲပြားစွာ အမတ်ချုပ်ကြီး၏ မျက်နှာကတော့ ကြည်လင်ကာဝင်းပနေလေသည်။

အဘယ်ကြောင့်ဆိုသော်  ဒီကနေ့ဟာ သူနှင့်ဧကရာဇ်တို့ နှစ်ကာလအရှည်ကြာကြီး စီမံလာခဲ့သည့် ကိစ္စကြီးကား ပြီးမြောက်တော့မည် ဟူသောအတွေးကြောင့်နဲ့ပင်။

ဒါ့ကြောင့် စိုးရိမ်ကြောင်ကြနေသည့် အမတ်များနှင့်ကွဲပြားစွာ အမတ်ချုပ်ကြီးက ညီလာခံပြီးလျှင် သူ့အားအိမ်တံခါးဝမှာ
စောင့်မျော်နေမည့် သူ၏ ချစ်စရာမြေးလေးအကြောင်းကို ကြိုတွေးရင်း ပျော်ရွင်မှု့တို့က ထိန်းချုပ်လို့မရအောင်ပေ။

ထိုချိန် ဧကရာဇ်နန်းဆောင်ထဲမှာလည်း စိမ်းပြာရောင် ဘရိုကိတ်ဝတ်စုံလေးကို ဝတ်ဆင်ကာ စိတ်လှုပ်ရှားစွာဖြင့် နန်းဆောင်အနှံ ဟိုဟိုဒီဒီ လျှောက်လှမ်းနေသည့် တျန်းရန်တစ်ယောက်ရှိလေသည်။

စိတ်လှုပ်ရှားမှု့ကြောင့် လက်သည်းကိုက်ကာ ဟိုဘက်ဒီဘက် လျှောက်လှမ်းနေသည့် ရန်၏ ပုံရိပ်က ချူယွဲ့အား ရယ်မောစေနိုင်သည်။

ဒါ့ကြောင့် သူဟာ ဧကရာဇ်အဆောင်အယောင်တွေ ဆင်ယင်ပြီးသွားတာနဲ့ အစေခံတွေကို ထွက်သွားခိုင်းလိုက်လေသည်။

အဲပြင်စိတ်လှုပ်ရှားပြီး လက််မရှိ လက်သည်းအားတတိတိကိုက်နေသည့် ရန်၏လက််မလေးအားဆုပ်ကိုင်ကာ ပဝါတစ်ထည်ဖြင့် ရှင်းလင်းဖယ်ရှားပေးမိသည်။

ထို့နောက််မှာတော့ သူဟာ ရန်အား ညင်သာစွာထွေးပွေ့လိုက်ရင်း စနောက်လေတော့၏။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now