Part 29

11.6K 1.2K 76
                                    

<Unicode>


"အခု့လူနာအခြေအနေက တည်ငြိမ်သွားပြီမို့ လူနာရှင်က စိတ်ချထားလို့ရပါပြီ"

ဒေါက်တာထံမှ စကားကိုကြားသည်နှင့် တျန်းရွမ်လွီဟာ သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောကာ ဒေါက်တာအား ဆေးရုံအခန်းအပြင်ဘက်သို့ ပြန်လည်လိုက်ပို့လေသည်။

ထိုချိန်မှာပဲ ဆေးရုံကုတင်ပေါ်မှ ကောင်လေး၏ သေးသွယ်သောလက်ချောင်းလေးများထံမှ ဖြေးညင်းစွာလှုပ်ရှားလာလေသည်။

ထို့နောက််မှာတော့ ကြယ်အစုအဝေးလေးတွေလို တောက်ပသည့် မက််မွန်စေ့သဏ္ဌာန် မျက်ဝန်းလေးတွေ စင်ကြယ်စွာဖွင့်လှစ်လာလေသည်။

ဒေါက်တာအား လိုက်ပို့ပြီး ဆေးရုံခန်းထဲပြန်ဝင်လာသော တျန်းရွမ်လွီက တူဖြစ်သူနိုးထလာတာကို မြင်တော့ ကုတင်အနားကို လျင်မြန်စွာသွားလိုက်လေသည်။

"အားရန် နိုးလာပြီလား.."

"ဦးလေး..."

တျန်းရန်၏ ခေါ်သံကို တျန်းရွမ်လွီက ခေါင်းညိတ်ရင်း....

"တော်သေးတာပေါ့ မင်းအပူတွေအရမ်းကြီးပြီး မေ့သွားလို့ ဦးလေးတို့ မင်းကိုဆေးရုံပို့လိုက်ရတာ..."

"တောင်းပန်ပါတယ် ကျွန်တော်ကြောင့် ဦးလေးအလုပ်ရှုပ်သွားရပြီ.."

တျန်းရွမ်လွီက မလိုအပ်ကြောင်းပြောရန်ပြင်စဥ် သူ၏ ရုံးခန်းမှ ဖုန်းဆက်တာကြောင့် တျန်းရန်ကို နားနေရန်ပြောပြီး ဖုန်းပြောရန် အပြင်ကိုထွက်လာခဲ့လေသည်။

ဦးလေးက ဆေးရုံအခန်းအပြင်ကိုထွက်သွားတာနဲ့ တျန်းရန်က ဆေးရုံရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်။

အဆင်မြင့်ဆေးရုံခန်းမှာပါရှိတဲ့ bathtubထဲရေအပြည့်စိမ်ပြီး ထိုရေထဲနစ်မြုပ်တဲ့အထိငြိမ်သက်ကာ ကြားနေကျခေါင်းလောင်းသံလွင်လွင်လေးနဲ့ ရန်ဟူသော ခေါ်သံများရှိရာကို ရောက်ရှိသွားပါစေလို့ ဆုတောင်းနေမိသည်။

သို့သော် သူအချိန်မည်မျှကြာမြင့်အောင် စောင့်ဆိုင်းနေပါစေ ထိုခေါ်သံရှိရာကို မရောက်သွားခဲ့သလို ထိုလူကိုလည်း မတွေ့နိုင်တော့ပေ။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now