<Unicode>
"ဒါတွေက ဘယ်လိုဖြစ်ရတာလဲ"
အစောပိုင်းက ဖြစ်ပျက်သွားသည့် အဖြစ်အပျက်တွေကို နားမလည်နိုင်စွာ တျန်းရန်ဟာ စကားအနည်းငယ်ရေရွတ်ရင်း သူ၏မျက်နှာကိုလက်ဖဝါးဖြင့် အကြိမ်အနည်းငယ်မျှ ပွတ်သပ်လိုက််မိသည်။
တျန်းရန်ဟာ ယခု နတ်နန်းမှာ ရှချင်းလင်နှင့်အတူ ရှိနေတာဖြစ်သည်။ ညီလာခံကနေ ထွက်လာပြီး နတ်နန်းသခင်မနဲ့ ပြောစရာရှိလို့ဆိုပြီး ဇာတ်လိုက်ကိုတောင် လိုက််မလာခိုင်းပဲ ယခု သူတို့စကားပြောနေကြတာဖြစ်သည်။
"တျန်းရန်.."
"ဟောကိန်းက ဘယ်တုန်းကထုတ်လိုက်တာလဲ ပြီးတော့ ငါကဧကရီ ဇာတာအစစ်အမှန်ဆိုတာကရော ဘာလဲ"
မွန်းကြပ်မှု့တွေနဲ့အတူ တျန်းရန် သက်ပြင်းတစ်ချက်ချမိလိုက်သည်။
ယခုအခြေအနေတွေရဲ့ အဆုံးသတ်မှာဖြစ်သွားတဲ့ ရလဒ်က အလွန်ကောင်းတဲ့ရလဒ်ဆိုတာ သိပေမဲ့လည်း သူအတွေးတွေရှုပ်ထွေးနေဆဲပင်။
သူအဆိုးဆုံးအထိ တွေးထားပေမဲ့ သူတွေးထားသလို ဖြစ်မလာပဲ လွယ်ကူနေတယ်ဆိုတာ ဇာတ်လိုက်က သူရဲ့ချစ်သူဖြစ်နေလို့လား။
ဒါပေမဲ့ သူသိချင်တာတွေရှိသေးတယ်။
ဟောကိန်းကိစ္စတွေ၊ဧကရီဇာတာခွင်ကိစ္စတွေအကုန်လုံးပဲ။
တျန်းရန်၏ စိတ်ညစ်နေတဲ့ပုံကို ဘေးမှာရပ်နေတဲ့ ရှချင်းလင်က သိတာမို့ သူမဟာ အသက်ဝဝရှုလိုက်ရင်း.......
"ဟောကိန်းကိစ္စနဲ့ ဧကရီဇာတာခွင်ကိစ္စတွေအကုန်လုံးက ငါတို့လိမ်ထားခဲ့တာ"
"ဘယ်လို ပြီးတော့ ငါတို့ဆိုတာ ဘာစကားလဲ"
"ဧကရာဇ် မဟုတ်ဘူး အခု့ဖြစ်သွားတဲ့ကိစ္စတွေက ဇာတ်လိုက်နဲ့ငါ နှစ်ယောက်ပူးပေါင်းထားကြတာ"
ထိုစကားဟာ တျန်းရန်ကို အလွန်အံြသသင့်စေတာကြောင့် တျန်းရန်ဟာ ထိုင်နေရာမှဝုန်းခနဲပင် ထရပ်မိလိုက်လေသည်။
"နင်ပြောတာ ယွဲ့အာက ငါက ဝိညာဉ်ကူးပြောင်းလာသူဆိုကို သိနေတယ်လို့ ပြောချင်တာလား!!!"
YOU ARE READING
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Historical Fictionဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021