အားနာပါတယ် ရွေရည်အပိုင်းမှားတင်မိသွားလို့ ဒါကမှ အပိုင်း၃၅ပါနော်
<Unicode>
"အင်း....."
"ကလေး.."
နားထဲကြားယောင်နေတဲ့ ခေါ်သံကြောင့်လတျန်းရန်က သူ၏ခန္တာကိုယ်ကို ကွေးညွတ်လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်အိပ်ရန်ကြိုးစားတယ်။
"အ့!"
သို့သော် သူထိုသို့လှည့်အိပ်လိုက်တယ်ဆိုရင်ပဲ ကိုင်ပေါက်ခံလိုက်ရသလို နာကျင်မှု့ကြောင့် မျက်နှာလေးကရှုံ့မဲ့သွားမိတယ်။
ထိုပြင် သူ၏လည်ချောင်းဟာလည်း ညကအော်ညည်းထားမှု့တွေကြောင့် အက်ရှကာ အသံတွေကအစ ဝင်နေလေသည်။
ငိုမဲ့မဲ့လေးဖြစ်နေတဲ့ တျန်းရန်၏အခြေအနေကို ကျွင်းဟောက်က နားလည်လိုက်သည်မို့ စောင်ပုံလေးထဲနစ်ဝင်နေသည့် တျန်းရန်၏ ပါးပြင်လေးအား နှာခေါင်းနှစ်ဝင်မတက်နမ်းရှိုက်ရင်း.......
" ကိုယ်ဆေးထည့်ပေးထားတယ် ကလေးမသက်သာဘူးလား"
"ဟင့်အင်း နာနေတယ်...ပြီးတော့ အိပ်လည်းအိပ်ချင်နေသေးတယ်"
ကျွင်းဟောက်က တျန်းရန်စကားကို ခေါင်းညိတ်ရင်း.....
"ကိုယ်မနက်စာပြင်ထားတယ် ကလေးအိပ်ချင်ေနေသးရင်တောင် အရင်ဆုံးမနက်စာလေးထစားလိုက် ပြီးမှပြန်အိပ်လေ"
တျန်းရန်က အိပ်ပျော်နေရင်းနဲ့ကို သူကအဲစကားကို လက််မခံဘူး။
ဦးရီးတော်တျန်းရန်အဖြစ် ဝတ္ထုထဲမှာနေထိုင်ကတည်းက သူအိပ်နေလျှင် နိုးခံရတာကို တျန်းရန်က သဘောမကျဘူး။
ဒါ့ကြောင့် ဇာတ်လိုက်တောင် သူအိပ်နေရင် အလိုက်တသိ လာမနိုးခဲ့ဘူး။
ယခု ကျွင်းဟောက်က ချော့ပြောနေသည်ဆိုတာ သိပေမဲ့ သူကအိပ်ချင်စိတ်မပြယ်သေးပေ။
ဒါ့ကြောင့်......
"ကျွင်းးးး ကျွန်တော်အိပ်ချင်နေသေးတယ်"
ခက်အက်အက်အသံလေးနှင့် ကျွင်းဟောက်လက်ဖဝါးအားလှုပ်ရမ်းရင်း ပြောသည့် ကောင်လေးကြောင့် ကျွင်းဟောက်၏ နှလုံးသားများနူးညံ့သွားကာ သူဟာ အိပ်ယာပေါ်မှာလဲလျောင်းနေသည့် တျန်းရန်၏နံဘေးသို့ ဝင်လှဲလိုက်လေသည်။
YOU ARE READING
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Historical Fictionဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021