Part 9

15.7K 1.5K 54
                                    

<Unicode>

နွေရဲ့အနွေးဓာတ်လိုပဲ နွေးထွေးပြီး လတ်ဆတ်တဲ့ လေညင်းလေးတွေတိုက်ခတ်သွားသလို နူးညံ့တဲ့အနမ်း။

ခါးကနေမြဲမြံစွာ ထွေးပွေ့ခံထားရခြင်းနှင့်အတူ အခန်းအနှံ့ပျံလွင့်နေတဲ့ ကြာပန်းနံသင်းသင်းက ဂန္ထဝင်ဆန်စွာ သင်းပျံနေလေသည်။

နှုတ်ခမ်းအတွင်းသို့တိုးဝင်လာတဲ့ လျှာဖျားရဲ့အထိအတွေ့ကြောင့် မူးယစ်ဆေးမိနေသလို ယစ်မူးဖွယ်အနေအထားကနေ တျန်းရန်ခေါင်းထဲ တူနဲ့ထုလိုက်သလို အသိတရားဝင်သွားကာ သူ၏ခါးအားဖက်ကာ သူ၏နှုတ်ခမ်းအား အတင်းနမ်းရှိုက်နေသည့် ဇာတ်လိုက်အားတွန်းဖယ်ကာ မသိစိတ်ရဲ့အနေထားမှာ သူ့အားအတင်းနမ်းနေသည့် ဇာတ်လိုက်၏ ပါးပြင်ထံ တျန်းရန်၏ လက်ဖဝါး ကျရောက်သွားခဲ့လေသည်။

~ဖြန်း~

"ရန်ရန်...."

မသိစိတ်မှ ပြုလုပ်လိုက်သည့် အကျိုးဆက်ကြောင့် တျန်းရန်အသိစိတ်ပြန်ဝင်လာချိန်မှာ ဇာတ်လိုက်ပါးပြင်မှာထင်းနေတဲ့ လက်ဖဝါးရာကိုကြည့်ပြီး တျန်းရန်သူ၏ လည်ပင်းတွေစတင်ယားယံလာလေသည်။

အားးးးးး ငါတော့သေပြီ။

ငါဇာတ်လိုက်ကို ပါးရိုက််မိလိုက်ပြီ။ အမလေး ဇာတ်လိုက်က သူနန်းတက်တဲ့အခါ ဒီကိစ္စကို အငြိုးထားပြီး ငါ့ကိုလည်ပင်းဖြတ်တော့မှာပဲ။

"ယွဲ့အာ....ဦးရီးတော်က...."

"ရန်ရန် ဘာဖြစ်လို့လည်းဟင် တစ်ခုခုမှားနေလို့လား..."

တျန်းရန် ဇာတ်လိုက်အားတစ်ကယ်ပင် အော်ထုတ်ချင်မိသည်။

မှားနေတာပေါ့။မှားနေတာမှ မင်းဘကြီးကို အကြီးကြီးမှားနေတာ ဇာတ်လိုက်ရ။

တျန်းရန် ဇာတ်လိုက်အား တောင်းပန်ချင်ပေမဲ့ ထိုသို့မတောင်းပန်ခဲ့မှာ ပြောသင့်တာတော့ ပြောရမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်ကြီးလာလို့ ခေါင်းဖြတ်ခံရမှာခြင်းတူတူတော့ အခုကထဲက လုပ်သင့်တာမလုပ်သင့်တာ ပြောထားရမှာပဲ။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now