<Unicode>
"အားးးးး!!! ယန်ကျွင်းဟောက်!!....ယန်ကျွင်းဟောက်!!!"
"အားးး!! ကောကောရေ.....ဒီကိုလှည့်ကြည့်ပါအုံး...."
များပြားတဲ့ ပရိတ်အုပ်ကြီးကိုခြံရံကာ လေဆိပ်ရှိရာကို ရောက်ရှိလာတဲ့ လူတစ်ယောက်။
၆ပေကျော် ရှည်လျားတဲ့အရပ်နဲ့ ရှုပ်ထွေးနေတဲ့ လူအုပ်ကြီးထဲမှာ ထင်းထွက်နေတဲ့သူ။
မျက်နှာကို maskတပ်ထားကာ မျက်္မှန်တပ်ဆင်ထားပါသောလည်း ချောမောမှု့နဲ့ ထိုလူ၏နာမည်ကြီးမှု့က တားဆီးမရနိုင်ပေ။
ထိုပြင်ဖွံ့ထွားနေသည့် ရင်အုပ်ကျယ်ကြီးတွေ။ခိုင်မာသည့် လက််မောင်းကြွက်သားတွေက ကုတ်အင်္ကျီဝတ်ထားတာတောင် ထင်းထွက်နေလေသည်။
အဲနောက််မှာပဲ ထိုလူဟာ လေဆိပ်ထဲ မဝင်ခင် နောက်လှည့်ကာ သူ၏maskကိုချွတ်လိုက်လေသည်။
ထိုအခိုက်အတန်လေးမှာပင် အော်ဟစ်သံများက ပိုမိုဆူညံလာပြီး လေဆိပ်ကြီးတစ်ခု့လုံး ပေါက်ထွက််မတက်ပင် ဖြစ်နေလေသည်။
ထိုအသံတွေကြောင့် ယန်ကျွင်းဟောက် ဆိုသူ၏ မိုးမခကိုင်းသဏ္ဌာန် မျက်ခုံးများက အနည်းငယ်တွန်ကျိုးသွားပြီး ကျယ်လောင်စွာအော်ဟစ်နေသည့် အုပ်စုကြီးအား စိုက်ကြည့်လိုက်သည်။
စူးရှသည့် မျက်ဝန်းတစ်စုံ၏ စိုက်ကြည့်နေမှု့ကို ခံစားမိတာနဲ့ ပေါက်ကွဲထွက််မတက် အော်ဟစ်နေတဲ့ အသံများက တိခနဲဆိုပြီး ရပ်တန့်သွားကြလေသည်။
ထိုသို့ တိတ်ဆိတ်သွားပုံကို ယန်ကျွင်းဟောက် ဆိုသူက ပြုံးလျက်....
"လိမ်မာတယ် ပတ်ဝန်းကျင်ကို ဆူညံအောင် အနှောက်အယှက် မပေးရဘူး.."
ဟုပြောကာ သူ၏မန်နေဂျာဖြစ်သူနှင့် အတူ လေဆိပ်ထဲဝင်ေရာက်သွားလေတော့သည်။
မြင်တွေ့ဖို့ခက်ခဲတဲ့ တည်ကြည်သော လူ၏ အပြုံးတစ်ပွင့်ကြောင့် အော်ဟစ်နေသောလူအုပ်ကြီးက တိတ်ဆိတ်စွာနဲ့ပဲ ပတ်ဝန်းကျင်ကိုအနှောက်အယှက််မပေးပဲ လေဆိပ်ထဲက ထွက်ခွာလာကြသည်။
YOU ARE READING
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Historical Fictionဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021