"Hoseokie hyung.."
မပွင့်သေးတဲ့မျက်လုံးကိုပွတ်သပ်လို့ Jungkookအခန်းအပြင်ထွက်လာသည်..။ပါးစပ်ကလည်း တစ်စုံတစ်ယောက်နာမည်ကိုတသသခေါ်လို့...။
"Hoseok shi..."
အနည်းငယ်နိုးနေပြီဖြစ်သောကြောင့် မျက်လုံးတစ်ဖက်ဖွင့်ကာပတ်ဝန်းကျင်ကိုလေ့လာကြည့်သည်...။လေစိမ်းတွေတိုက်နေတာ သူ့အိမ်မှဟုတ်ရဲ့လား...။
"Jung Hoseok shi..."
တတိယအကြိမ်မြောက်ခေါ်ဆိုမှုဟာလည်း ပြန်လည်ထူးသံမဲ့နေစဲ...။Jungkookစနိုးစနောက်ဖြစ်လာပြီ..။အိမ်ကလူဘယ်ရောက်နေလဲ...။အခုသူ့အနေအထားက အိမ်ရဲ့အလယ်တည့်တည့်မှာမျက်စိတစ်ဖက်ကိုပဲဖွင့်ကာ မတ်တပ်ရပ်နေသည်...။ဖွာလန်ကြဲနေသည့်ဆံပင်တစ်ချို့နဲ့ အနည်းငယ်ပဲ့ရွဲ့နေသော အဝတ်အစားက ကပိုကယို တွန့်ကြေနေလိမ့်မည်...။ဒါတွေကို သေသပ်အောင်ပြင်ဖို့ သူမကြိုးပမ်းမိဘူး...။ဒါတွေကသူ့အလုပ်မဟုတ်ဘူးလေ...အိမ်မှာရှိတဲ့တစ်ခြားတစ်ယောက်ရဲ့အလုပ်...။Jung Hoseokဆိုတဲ့လူသားရဲ့အလုပ်...။အခု အဲ့လူသားက ဘယ်ရောက်နေလဲ...။
မသင်ကာတော့တာကြောင့် မီးဖိုခန်းကိုဝင်ကြည့်သည်..။တစ်ခါတစ်လေ အရင်နိုးနေရင် မီးဖိုခန်းထဲမှာ စားစရာတစ်ခုခုပြင်နေတတ်မှန်းသိတာကြောင့်...။မီးဖိုခန်းထဲမှာမရှိဘူး...။ယုတ်စွအဆုံးသူ ဒယ်အိုးတွေကိုလှန်ကြည့်တာတောင် Hoseok hyungကိုမတွေ့ခဲ့ဘူး!
အိမ်သာ၊ရေချိုးခန်း စတဲ့စတဲ့နေရာတွေနဲ့ ထပ်ခိုးလိုချောင်ကျကျနေရာတွေမှာပါသူလိုက်ရှာတယ်...။ဒါပေမယ့် Hoseok hyungကိုသူအခုထိမတွေ့သေးဘူး...။အရိပ်လေးတောင်မတွေ့ပါဘူးဆို!
စိတ်ပျက်စွာနဲ့ အိမ်ရှေ့ကိုပြန်ထွက်လာပြီ ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်...။တကယ်ကြီး စိတ်ပျက်သွားပြီ...။Hoseok hyungကသူ့ကိုပစ်ပြီးဘယ်သွားတာလဲ...။လမ်းခွဲမယ်တောင်မပြောပဲနဲ့ ပျောက်သွားစရာလား...။ဘဝကြီးကဘာဖြစ်နေတာလဲ...။
အိမ်ရှေ့ခန်းမှာစိတ်ပျက်စွာထိုင်နေတဲ့ Jungkookက ခြေကားယားလက်ကားယားနဲ့ ဆွေးနေတယ်...။ပီပြင်လွန်းတဲ့သရုတ်ဆောင်ချက်နဲ့ ခံစားသက်ဝင်မှုအားကောင်းခြင်းရဲ့ အကျိုးနဲ့အတူ မျက်ရည်တွေတောင်ဝဲနေခဲ့တယ်..။